အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ဒီကနေ့တော့ Splinterlands ဂိမ်းကစားရင်း တောင်ကြည့် မြောက်ကြည့် တောင်လှန် မြောက်လှန် လုပ်ရင်းနဲ့ အမှတ်မထင် တွေ့လိုက်ရတဲ့အရာက အခြားသူတွေအတွက်တော့ မသိဘူး... ကျွန်တော့်အတွက်တော့ အဆင်ပြေသွားစေနိုင်တဲ့အရာလေးတစ်ခုကို တွေ့လိုက်ရတဲ့အတွက် ကျွန်တော်ကဲ့သို့ မသိသေးသူများလည်း အသုံးချနိုင်ဖို့အတွက် ရေးသားမျှဝေလိုက်ခြင်းသာဖြစ်ပါတယ်... သိထားပြီးသူဆရာသမားအားလုံး ရေးထားတဲ့စာများအားလုံး မဖတ်ပဲကျော်ခွသွားကြပါကုန်... သို့ပေသော်လည်း Vote လေးတွေတော့ ကျော်ခွမသွားကြပဲ တစ်ချက်စီလောက် နှမြောတွန့်တိုခြင်းမရှိပဲနဲ့ အားရပါးရ 100% ဖြင့် Vote လေးတော့ပေးသွားကြပါကုန်လော့ 😂
ရေးသားလိုတဲ့အကြောင်းလေးကတော့ ကျွန်တော်ကဲ့သို့ Splinterlands Gameကစားရင်းနဲ့ ရရှိထားကြတဲ့ DEC ဒါမှမဟုတ် SPS တွေကို အသုံးချပြီးတော့ RC ပြဿနာ"Not Enough Resource Credits"ကို အထိုက်အလျောက်ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးကို ပြောလိုတာပါ...(ကျွန်တော်က အဲ့ပြဿနာတက်တက်နေလို့ပါ 😁) RC ပြဿနာ မတက်ပေမယ့်လည်း DECဒါမှမဟုတ်SPS ကိုအသုံးချပြီးတော့ Power Up နိုင်ကြပါတယ်... မသိသေးရင်တော့ အောက်မှာ ဆက်ဖတ်ပါ... သိပြီးသူများ ထပ်ပြောပါမယ်... Vote ပြီးတော့ကျော်ခွ သွားကြပါ...
ပထမဆုံးအနေနဲ့ကတော့ မိမိရဲ့ Splinterlands Wallet ထဲမှာရရှိထားတဲ့ DEC/SPS Token လေးတွေကို Hive Engine Wallet ထဲကို ရောက်အောင်ပို့ရပါမယ်... အဲဒီလို ပို့ဖို့ နည်းလမ်းနှစ်ခုနဲ့ပို့နိုင်ပါတယ်(ကျွန်တော်သိတာကနှစ်မျိုးပဲမို့လို့ပါ)... Hive Engine Walletကို တိုက်ရိုက်ပို့တာနဲ့ Splinterlands Wallet ကနေ Bee Swap နဲ့ချိတ်ဆက်ပြီး Hive Engine Walletကိုပို့တာပါ... Bee Swapကနေပို့တာက ပိုရှင်းမယ်ထင်ပါတယ်... လုပ်ရတဲ့အဆင့်လည်း နည်းပါတယ်... ဒီတော့ Bee Swapကနေလှမ်းပို့တာကို အောက်ကပုံကို ကြည့်ရင် သဘောပေါက်ပါလိမ့်မယ်...
နောက်ထပ်အဆင့်တွေကတော့ ပြောစရာလိုမယ်မထင်တော့ဘူး... ကိုယ့်ရဲ့ Hive Engine Wallet ထဲကို ရောက်လာတဲ့ DEC လေးတွေကို Swap.Hive ပြောင်းပြီး WITHDRAW လုပ် ကိုယ့် Hive Wallet ထဲရောက်၊ Power Up လိုက်ရုံပေါ့လေ...
နောက်တစ်ခုက Bee Swapကနေ ပြောင်းယူတဲ့နည်းပါ... ဟောဒီလင့် https://beeswap.dcity.io/wallet?splinterlands ကိုနှိပ်ဝင်လိုက်ရင် Bee Swap ထဲကိုရောက်သွားလိမ့်မယ်... Login ဝင်ဖို့အတွက် hive user name Private Active key Password နဲ့ Login ဝင်လိုက်ရုံပါပဲ... Keychain ဒါမှမဟုတ် Bee Secure နဲ့ဖြစ်ဖြစ် အဆင်ပြေရာနဲ့ Login ဝင်နိုင်ပါတယ်... ကျွန်တော်ကတော့ Bee Secure နဲ့ပဲ ဝင်လိုက်ပါတယ်...
ကျန်တာတွေကတော့ ဆက်မရေးတော့ပါဘူး... စာကလည်းအတော်ရှည်သွားတော့ Data ဖိုးကလည်းအတော်ကုန်သွားပါပြီ... အားလုံးပဲ အဆင်ပြေကြပါစေ...
အားလုံးကို လေးစားလျှက် -