အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ဒီနေ့တော့ကြီးကြီးကျယ်ကျယ်ဖြစ်တဲ့ ဘဝအကြောင်းရေးလိုက်ချင်ပါသေးတယ်... ဘဝဆိုတာကြီးအကြောင်း မကြာခဏလည်းရေးတင်ဖြစ်ခဲ့ပါတယ်... ကျယ်ပြောလှတဲ့လူ့ဘဝ နက်နဲဆန်းကြယ်လှတဲ့လူ့ဘဝ တရွေ့ရွေ့ဖြတ်ကျော်လာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာလာခဲ့ကြပါပြီ... ကျယ်ပြောတဲ့လူ့ဘဝကို အသိဉာဏ်ရှိတဲ့လူသားက နည်းမျိုးစုံနဲ့ ဖြတ်သန်းနေကြပါတယ်...
လူဆိုတာ သတ္တဝါတွေထဲမှာ အသိဉာဏ်အဆင့်အတန်းအမြင့်ဆုံးဆိုတော့ အဲဒီဘဝဆိုတာကြီးကို မလေ့လာ မစုံစမ်း မသုံးသပ် မစူးစမ်းပဲနေလိမ့်မလဲဗျာ... စူးစမ်းတယ်... စုံစမ်းတယ်... လေ့လာတယ်... သုံးသပ်တယ်... လူ့သမိုင်းတစ်လျှောက်လုံးမှာ အဖြေရှာခဲ့ကြတာကလည်း နှစ်ပေါင်းမနည်းမနောပါပဲ... အဲ-ထွက်လာတဲ့ ဘဝရဲ့အဖြေကလည်း ကွဲကွဲပြားပြား မတူညီမှုတွေနဲ့ပဲပေါ့...
လူသားတိုင်းက ဘဝဆိုတာကြီးကို ဖြတ်သန်းနေကြရတာဆိုတော့ ကျွန်တော်တို့နဲ့လည်း ဆိုင်နေတယ်... ကျွန်တော်တို့လည်းပဲ ဘဝဆိုတာကြီးကို စဉ်းစားတွေးခေါ်သင့်တယ်လို့ယူဆမိတယ်... ဘာလုပ်ပြီး ဘဝကို ဖြတ်သန်းကြမလဲ? သေသွားပြီးရင်ဘဝဆိုတာကြီးကရော ပြီးသွားပြီလား? ဒါမှမဟုတ် သေပြီးတဲ့နောက်မှာဘဝထပ်ရှိသေးသလား? ခေါင်းတော့အတော်ခြောက်စရာဖြစ်ပေမယ့်လည်း မစဉ်းမစားနေရငတော့ ဘာမှသိလာမှာမဟုတ်ဘူး...
သိသူများ အလင်းပြကြပါလေ... ဘဝနဲ့ပတ်သက်လို့ ဘယ်လိုအယူအဆတွေရှိသလဲဆိုတာလေးကိုရော ရေးပေးနိုင်ရင် ရေးပေးကြပါအုံး... ခေါင်းခြောက်အောင်လုပ်ခြင်းမဟုတ်ပါဘူး 😁 လူသားတိုင်း အမှန်တကယ်လျှောက်လှမ်းကြရမှာဖြစ်တဲ့အတွက် ဘယ်နေရာမှာတော့ လုယက်တဲ့လူရှိတယ် ဘယ်နေရာမှာတော့ ဓားပြတွေရှိတယ်ဆိုတာ သိထားရင် သတိထားပြီး သွားလာနိုင်မှာဖြစ်ပါတယ်... ဒါ့ကြောင့် သိသူတွေ အလင်းပြခဲ့ကြအုံးနော်...
အားလုံးကို လေးစားလျှက်-