Hobbit Film

akmakm(50)
Published in
#myanmar
Words
131
Reading
1 min
Listen
Play
8y

LOTR(Lord of the Ring) movie fan တွေအတွက် ဟော့ဘစ် (Hobbit) ဆိုတာ ရင်းနှီးပြီးသား လူမျိုးတွေဖြစ်ပါလိမ့်မယ်။ ရှိုင်းယား ရဲ့စိမ်းလန်းတဲ့ ဒေသမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တဲ့ လူမျိုးတွေ၊ မွေးရပ်မြေ နဲ့ အိမ်ကို အရမ်းချစ်တဲ့သူတွေ ဆေးတံကြီးကို ဟန်ပါပါခဲရင်း ဘီယာအလွန်ကြိုက်တဲ့ ဟော့ဘစ်တွေ၊ ရိုးသားပြီး ခင်ဖို့ကောင်းတဲ့ ဟော့ဘစ်တွေ။ သူငယ်ချင်းအတွက် အားလုံးကိုရင်ဆိုင်ပြီး အတူရှိနေပေးမယ့် မယ်ရီ၊ပစ်ပင်၊ဆမ် နဲ့ ဖရိုဒို ဆိုတဲ့ ဟော့ဘစ် လေးယောက်ကို မြင်ယောင်စေမယ် ထင်ပါတယ်။
ဟော့ဘစ် တွေ ဆိုတာ အရပ်လေးပေ ပတ်ချာလည်ပဲ ရှိတဲ့ လူပုလေးတွေ ပါပဲ။ ဒါပေမယ့် သူတို့က လူပု(Dwarf) တွေမဟုတ်ပါဘူး။ လူပုတွေနဲ့ ဘယ်လိုခွဲလို့ရလဲဆို သူတို့မှာ dwarf တွေလို မုတ်ဆိတ် အရှည်ကြီးတွေ မရှိဘူး ၊ ထူးခြားချက်ကတော့ ခြေဖ၀ါးကြီးကြီးတွေ ပဲ။ ဒီလိုခြေဖ၀ါးကြီးကြီး တွေကြောင့်ပဲ မိုင်ထောင်ချီတဲ့ ခရီးတွေကို မြင်းမပါပဲ လျှောက်နိုင်ကြတယ်။ LOTR fan တွေအတွက် ဘယ်သူက dwarf ပါ ဘယ်သူက ဟော့ဘစ် ပါလို့ ခွဲပြစရာလိုမယ် မထင်ပါဘူး။ ဒီလို ဟော့ဘစ်တွေဟာ အလယ်ပိုင်းခေတ် မှာ တကယ်ပဲ မွေးဖွားခဲ့သလား။
၂၀၀၃ ခုနှစ်က အင်ဒိုနီးရှားမှာ တွေ့ခဲ့တဲ့ အရိုးတွေကတော့ ဟော့ဘစ်တွေနဲ့ တူလွန်းတယ်လို့ ပြောနေကြပါတယ်။ အဲ့မှာ ရှာတွေ့တဲ့ အရိုးတွေကိုတောင် ဟော့ဘစ် လို့ နစ်နိမ်းပေးထားတယ် ဆိုပဲ။
သူတို့သာ ယနေ့ခေတ်ထိ ရှိနေမယ်ဆိုရင် တစ်ချိန်က နတ်တွေ ရယ် လူတွေရယ် အတူတကွ နေထိုင်ခဲ့ကြတဲ့ ခေတ်ကို ပြန်ပြောနေမလား။ နတ်တွေနေတဲ့ ဆီကို ပါသွားတဲ့ ဘီလ်ဘိုဘက်ဂင်နဲ့ ဖရိုဒို ဘက်ဂင် တို့ အကြောင်းတွေကို ပြန်ပြောနေကြမလား။ ဘယ်လိုအကြောင်းတွေပဲ ရှိရှိ Hobbit တွေဟာ Middle Earth ရဲ့ ခမ်းနားတဲ့ လူမျိုးတွေအဖြစ် ရှင်သန်ခဲ့ကြပြီးပြီပဲ။
image

Hobbit Film | Ecency