Smile 😊😊😊😊

Words
112
Reading
1 min
Listen
Play
9y

ပြုံးပြလိုက်ပါ
သူတို့မရှိခဲ့တဲ့ အချိန်ကို ပြန်သတိရလိုက်ပါ
မကျေလည်တာတွေကို လျစ်လှူရှုလိုက်ပါ
သူတို့ကို တွေ့လို့တုန်လှုပ်သွားဟန်မပြပါနဲ့
မင်းက အခုပိုကြံ့ခိုင်နေပါပြီ
ဒီလောက်နဲ့ မင်းမတုန်လှုပ်တော့ဘူး
ဒီလောက်နဲ့မင်းမတုန်လှုပ်သင့်ဘူး
သူတို့ကို ထိုင်ခုံပေးလိုက်ပါလား
သူတို့ကို ကော်ဖီဖျော်တိုက်လိုက်ပါလား
သူတို့အကြိုက်ကို မင်းမှတ်မိနေတယ်လို့ သတိမထားမိပါစေနဲ့
နို့မပါပဲ သကြားလေးတစ်ဇွန်းထည့်လိုက်ပါ
ကော်ဖီမွှေနေတဲ့အချိန်မှာ မင်း ဒီလိုလုပ်ဖူးတဲ့ အကြိမ်အရေအတွက်ကို မရေပါနဲ့
သူတို့အတွက် လုပ်ပေးခဲ့တာတွေကို မရေတွက်ပါနဲ့
သူတို့အတွက် ဒီအချိန်ကပျော့ညံ့ရမဲ့ အချိန်မဟုတ်ပါဘူး
သူတို့ မင်းကိုစကားပြောဖို့ ကြိုးစားလိမ့်မယ်
နားထောင်လိုက်ပါ
စိတ်ထဲမှာတန်းစီနေတဲ့ မေးခွန်းတွေကို မမေးပါနဲ့ဦး
မင်းက အခုကြံ့ခိုင်နေပြီ မဟုတ်လား
သူတို့ပြုံးရင် တခြားတစ်ခုကို ကြည့်နေလိုက်ပါ
မျက်နှာကျက် ကြမ်းပြင်ကို ကြည့်နေလိုက်ပါ
အရင်က မရှိခဲ့တဲ့ သူတို့မျက်နှာပေါ်က အရေးအကြောင်းတွေကို ကြည့်လိုက်ပါ
သူတို့ထွက်သွားတုန်းက မင်းက အတိတ်ကို တွေးတောပြီး
အကြိမ်ပေါင်းများစွာ မခံမရပ်နိုင်ဖြစ်ခဲ့တာကို
သူတို့ကို မပြောပါနဲ့
သူတို့ကို ပြန်ဆွဲဖို့ကြိုးစားရင်း မင်းလက်တွေ အနာတရဖြစ်နေသေးတာကို မပြောပါနဲ့
သူတို့ရဲ့အနမ်းတွေက မင်းအိမ်မက်ထဲ ဝင်လာတုန်းပဲလို့ မပြောပါနဲ့
မင်းအဆင်ပြေလားလို့မေးကြလိမ့်မယ်
ပြေပါတယ်လို့ဖြေလိုက်ပါ
ငါ ဒီမှာမင်းပြန်လာလို့ အပိုင်းပိုင်းအစစ ပြန်ပြီးကွဲကြေသွားပြီလို့ မပြောပါနဲ့
မင်းဘေးမှာရှိနေရင် ကိုယ့်ကိုယ်ကို ပိုသိတယ်လို့ မပြောပါနဲ့
ငါက မင်းပဲသိတဲ့ လျို့ဝှက်ချက်တစ်ခုပါ
မေ့သွားတဲ့လျို့ဝှက်ချက်တစ်ခုက ဘာအသုံးဝင်မှာလဲ
သူတို့ရှေ့မှာ ကြေကွဲမပြပါနဲ့
ပြုံးပြုံးလေးပဲနေလိုက်ပါ သူတို့ကို ပြုံးပြလိုက်ပါ
ဆုပ်ကိုင်ထားစရာရှိနေသမျှ ပစ္စုန်ပ္ပန်ကို ဆုပ်ကိုင်ထားပါ
သူတို့ကို ပြုံးပြလိုက်ပါ
သူတို့နှုတ်ဆက်တဲ့အချိန်ကျရင်
တံခါးကို ဆောင့်မပိတ်ပါနဲ့ ညင်ညင်သာသာပိတ်ပါ
နေရာလွတ်ရှာတွေ့ဖို့ဆုတောင်းပါ
ကိုယ့်မှာ ကွဲကြေသွားတဲ့အစိတ်အပိုင်းတွေရှိလား
အဲ့ဒီအပိုင်းတွေကို သူတို့ယူသွားပါစေလို့ဆုတောင်းပါ
ဒီတစ်ခါတော့ ဝန်ထုပ်ဝန်ပိုးတွေကို သူတို့သယ်ပါ​စေ....

Myanmar_burma_flag_waving_animation.gif

ahtaroo@ahtaroo
MSC- 004

Smile 😊😊😊😊 | Ecency