အကောင်း နဲ့ အဆိုး (@aggamun)

Words
184
Reading
1 min
Listen
Play
7y

if7xwyjmq0.jpg
source

အောက်ပါ ဘာသာပြန်ချက်သည် coindesk website တွင် Wolfie Zhao ရေးသော " Bitpoint Exchange Hacked for $32 Million in Cryptocurrency " အမည်ရှိ ဆောင်းပါးကို ကျွန်တော်၏ ထော့နင်းထော့နင်း အင်္ဂလိပ်စာဖြင့် ကျိုးတို့ကျဲတဲ ဘာသာပြန် ထားပါသည်။

ဂျပန်နိုင်ငံက bitpoint အမည်ရှိ လိုင်စင်ရ crypto exchange တစ်ခုတွင် ကာလ တန်ဖိုးအားဖြင့် $ 32 million တန်ဖိုးရှိ crypto များ ဖောက်ထွင်းခံ ခဲ့ရပါတယ်။ မှတ်တမ်းများ အရ ကြာသပတေးနေ့မှာ ပုံမှန် မဟုတ်တဲ့ ငွေထုတ်ယူမှု ကို သတိထားမိ ပြီးနောက် သောကြာနေ့ မနက် အစောပိုင်းတွင် bitpoint exchange တွင် crypto များရဲ့ ငွေသွင်းငွေထုတ် အရောင်းအဝယ် အားလုံး ရပ်ဆိုင်းထားခဲ့တာ တွေ့ရပါတယ်။

ခုချိန်ထိတော့ ဘယ် crypto တွေ ပါသွားသလဲ ရှင်းလင်းမှု မရှိသေးပါဘူး။ exchange က ခွင့်ပြုထားတာကလည်း သိပ်မရှိပါဘူး။ BTC, LTC, XRP, BCH, ETH တို့လောက်သာ အရောင်း အဝယ် ပြုလုပ်တာ တွေ့ရပါတယ်။ ပင်မ ကုမ္ပဏီ ဖြစ်တဲ့ Remixpiont Inc. က ကြေငြာချက်မှာတော $ 23 million ခိုးယူ ခံရတယ် လို့ဆိုပါတယ်။

ဒီသတင်းက ဂျပန် exchange တစ်ခုရဲ့ နောက်ဆုံး ပေါက်ကြားမှု ဖြစ်ပါတယ်။ ၂၀၁၈ စက်တင်ဘာ တုန်းကလည်း Japanese Financial Services Agency အောက်က Zaif ဆိုတဲ့ exchange လည်း အခုလို ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက $ 60 million တန်ဖိုးကျော် လောက် ပါသွားဖူးပါတယ်။ ယခုနှစ် အစောပိုင်း ကလည်း coincheck exchange က $ 520 million ခိုးယူ ခံရတဲ့ သတင်းလည်း မှတ်မိဦးမယ် ထင်ပါတယ်။

အဲတုန်းကလည်း btc တွေ ထိုးတက်နေရင်း ဈေးကျသွား ပါသေးတယ်။ ဒီလို သတင်းတွေက ကျွန်တော် အတွက် မကောင်းတာလည်း ရှိပါတယ်။ ကောင်းတာလည်း ရှိပါတယ်။ မကောင်းတာက မိမိ ကိုင်ထားတဲ့ coin တွေ ဈေးထိုးကျကုန် မှာ ဖြစ်ပါတယ်။ ကောင်းတဲ့ ဟာကတော့ လုံခြုံရေးပိုင်းပဲ ဖြစ်ပါတယ်။ ပိုပို ပြီး လုံခြုံမှု ရှိအောင် လုပ်ဆောင်ကြတော့ မယ် မဟုတ်ပါလား။

Translated by aggamun@aggamun

Source link :: https://www.coindesk.com/japanese-exchange-bitpoint-hacked-by-32-million-worth-in-cryptocurrencies

အကောင်း နဲ့ အဆိုး (@aggamun) | Ecency