မဂ်လာပါ HIVE-MYANMAR အဖွဲ့သားတို့ရေ
ဒီနေ့ နေ့လည် ၁၂ နာရီ ကျနော် တို့အသင်း ကွာတာ ဖိုင်နယ် ကန်ပါတယ်။ ပွဲအပြီး မှာတော့ ၄ဂိုး ဂိုမရှိ နဲ့ ကျနော် တို့ အသင်း ရှုံးသွားပါတယ်။ ကျနော် တို့အသင်းလည်း မညံ ပါဘူး။ ကစားပုံ ကောင်းပါတယ်။ သူတို့ပိုကောင်းသွား ပြီး နိုင်သွားသာပါ။ ကျနော်တို့ လည်း MIU (ပြီးခဲတဲ့ လက လား Facebook မှာ ဒိုင်တွေနဲ့ဘပြသာနာတက်တဲ့ နာမည် ကြီးသွားတဲ့ လက်ရွေး စင် ကစားသမား ၄ယောက် လောက်ပါပါတယ်) ကစား တွေနဲ့ ကန်ရလို့ ကိုယ့်အသင်း အတွက် ဂုဏ်ယူပါတယ်။
ဘောကန်ပြီး အိမ်ရောက်တော့ တချက်နားပါတယ်။ နေ့လည်စာ စားဖို့ မီးဖိုချောင်ထဲက ကော်ဖီထုပ် နည်းနည်း ယူပါတယ်။ ကြာဇံ လက်ကျန် ကို ပြုတ်ပါတယ်။ မနက်က ပိုတဲ့ ကြက်ပြုတ် (သရေမပါ)ပြုတ်ထား သာကို ပြန်နွေးပါတယ်။ မှိုလည်းစားချင် သာဆိုတော့ မှိုခြံထဲ က နှစ်ပွင့်လောက် ခူးပြီး ခုနက ကြက်ပြုတ်နဲ့ ရော ပြုတ်ပါတယ်။ အရသာလေးရှိအောင် ငရုတ်သီး ထောင်းလေးနဲ့ တွဲစား လိုက်ပါတယ်။