"ပိုခံရ ခက်​တတ်​တယ်​”

Words
59
Reading
1 min
Listen
Play
9y

image
Credit:photo

ဝေး​နေလို့ မနီးစပ်​တာထက်
နီးလျက်​နဲ့ ​ဝေးကွာ​နေတာက
ပိုခံရ ခက်​တတ်​တယ်

အပြုံးဖြင့်​ ​ကျောခိုင်းရတာထက်
အမုန်းဖြင့်​ လမ်းခွဲရတာက
တသက်​တာ ပိုခံရ ခက်​တတ်​တယ်

ပေးလိုက်​တိုင်း ရမသွားတာထက်
ပေးဆပ်​​နေတာကို တန်းဖိုးထား အသိအမှတ်​မပြုတာက
ပိုခံရ ခက်​တတ်​တယ်

မချစ်​နိုင်​​တော့လို့ လက်​တွဲဖြုတ်​လိုက်​တာထက်
ချစ်​​နေလျက်​နဲ့ မဖြစ်​နိုင်​​တော့လို့
ရင်​နာနာနဲ့ လမ်းခွဲလိုက်​ရတာက
ပိုခံရ ခက်​တတ်​တယ်

မှား​နေလို့ အပြစ်​​ပြောခံရတာထက်
မှန်​​နေရဲ့သားနဲ့ သူ့အမှားက
ကိုယ့်​အမှားဖြစ်​သွား​စေတာက
ပိုခံရ ခက်​တတ်​တယ်

လောကကြီးမှာ
တစ်​ချို့​သော အရာ​တွေက ​ဖြေဆည်​ဖို့ခက်​ခဲ​အောင်
ခံ​နေရတတ်​သလို ကိုယ့်​အားနည်းချက်​​ကြောင့်​မဟုတ်​ဘဲ အခြားသူတစ်​ချို့​ကြောင့်
သိသိကြီးနဲ့ ခံရခက်​ခက်​နဲ့ ခံ​နေရတာ​တွေ ရှိ​နေတတ်​တယ်

ဒါ​ပေမယ့်​လည်း
ခံရခက်​တဲ့ ​ဆေးခါးကြီးတစ်​ချို့​ကြောင့်​ပဲ
ရင့်​ကျက်​လာကြပြီး ခက်​ခဲ​နေတဲ့အရာ​တွေကို
လွယ်​ကူစွာ ​ဖြေရှင်းလာနိုင်​တာလည်း အမှန်​တရားပါပဲ

လေးစားစွာဖြင့်​ 😊😊😊
ဇင်းနစ်​ မ​ကွေး

"ပိုခံရ ခက်​တတ်​တယ်​” | Ecency