လွှတ်​ချလိုက်

acid231(40)
Published in
#esteem
Words
113
Reading
1 min
Listen
Play
8y

ကိုယ်လွှတ်ချ လိုက်တဲ့အရာတွေဟာ အဓိပ္ပါယ် ရှိသော
လွှတ်ချခြင်းတွေပဲ ဖြစ်သင့်တယ်။
image
Credit:photo
ကိုယ့်စိတ်ဆန္ဒ
ကိုယ့်နှလုံးအိမ်
ကိုယ့် မျှော်လင့်ချက်တွေကို
ထိခိုက်စေမှန်းသိခဲ့ရင်လွှတ်ချ လိုက်တာဟာ
အသင့်တော်ဆုံးပဲ

ဆုံးဖြတ်ချက်ဆိုတဲ့သဘောတရားမှာ
မှားတယ်ဆိုတာတော့မရှိပါဘူး
နောက်ဆုံး မှားသွားရင်တောင်မှာ
သင်ခန်းစာ ယူလို့ရတာပေါ့ ။

ကိုယ်နာကျင်မှန်းသိလျက်ဆက်ပြီး
ကိုင်ထားဆွဲထားတာကမှ တကယ့်ကိုရူးရာကျပြီး
မစွန့်လွှတ် နိုင်တဲ့
စိတ်ဓာတ်တွေက ကိုယ့်ကို
အဖန်တလဲလဲ သတ်နေအုန်းမှာပဲ

ကြာတော့ တစ်ဖက်လူကကိုယ့်အားနဲချက်ကိုမြင်ပြီး
ကိုယ့်ကို ခဏခဏသတ်လို့
ရကောင်းရသွားနိုင်တယ်။

မျှော်လင့်ချက်ဆိုတာမျိုးက
ဖြစ်နိုင်ခြေ ရှိတဲ့ အရာတွေကို
မျှော်လင့်တာပဲကောင်းတာ
မဖြစ်နိုင်တဲ့အရာတွေထဲမှာ ကျင်လည်နေသမျှ
အချိန်ကုန် စိတ်ထိခိုက်ပြီး ဝမ်းနည်းနေရတတ်တယ်
ဒါကို သိလျက်နဲ့ ဆက်မိုက်နေမယ်ဆိုရင်တော့
လူဖြစ်ရှုံးတာပေါ့ ။

လူတွေ ဆိုတာမျိုးက
ကိုယ့်လက်ထဲမှာ
ဓားတစ်ချောင်းရှိတယ်
သူ့လက်ထဲမှာလည်းဓားတစ်ချောင်းရှိမယ်
နှစ်ယောက်ထဲကတစ်ယောက်ပဲ
အသက်ရှင်ခွင့်ရှိမယ်ဆိုရင်
ကိုယ့်ဖက်က ပဲဦးအောင် ထိုးကြမှာပဲ…

အတူတူပဲ … ရည်းစားကော
သူငယ်ချင်းကော
နောက်ဆုံးမောင်နှမ တွေကောပဲ
လူတိုင်း အတ္တ ဆန်ဆန် ရုန်းကန်နေချိန်မှာ
ကိုယ်လည်း ရှိသင့် သလောက် အတ္တ လေးတွေ
ရှိနေရမယ် ။

ယုတ်မာ ခိုင်းတာမဟုတ်ပေမဲ့
စည်းင်ေဆိုတာ လူတိုင်းလည်း
က်နာတာမဟုတ်ဘူး
ကိုယ့်လက်ထဲမှာ ပစ္စည်းတစ်ခုရှိရင်
တခြား လက်ထဲက ပစ္စည်းတွေကိုလည်း
မျက်စောင်းထိုးတတ်ကြတာပဲ။

လျင်သူ စားစတမ်းပဲ…
အချစ်ပဲဖြစ်ဖြစ်
လူမှုရေးပဲဖြစ်ဖြစ်
စီးပွားရေးပဲဖြစ်ဖြစ်
လူတွေမှာ မှန်ကန်သော စိတ်ရင်းနဲ့မရှိနေဘူး
အခွင့် အရေးရရင် အမိအရဖမ်းဆုပ်ကြတာချည်းပဲ

ဒါလေးတွေတော့သိထားသင့်သလို
ကိုယ့်ကိုထိခိုက်စေမယ်
ပူလောင်စေမယ်ဆိုရင်
လွှတ်ချ သင့်ရင်လွှတ်ချနိုင်ရမယ် ။

စွန့်လွှတ်နိုင်တဲ့ သတ္တိ ရှိမှသာ
သစ်လွင်ပြီးအကောင်းဆုံးသော အရာတွေကို
ရှာဖွေ နိုင်လိမ့်မယ်။

    LuAh
လွှတ်​ချလိုက်​ | Ecency