ရန်​ကုန်​news

acid231(40)
Published in
#steem
Words
123
Reading
1 min
Listen
Play
8y

မြန်မာ့အာမခံ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး နိုင်ငံခြား ကုမ္ပဏီများ ဖွင့်လှစ်ခွင့်ပြုနိုင်ရန် စီစဉ်
image
Credit:photo
ရန်ကုန် ဧပြီ ၉

မြန်မာ့အာမခံ လုပ်ငန်းများ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်တွင်း ကုမ္ပဏီများအပြင် နိုင်ငံခြားကုမ္ပဏီများကိုပါ ဖွင့်လှစ်ခွင့်ပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ အာမခံအသင်း အတွင်းရေးမှူး ဦးသောင်းဟန်ထံမှ သိရသည်။

မြန်မာ့အာမခံလုပ်ငန်းများသည် တခြားသော လုပ်ငန်းများနှင့် ကွဲပြားခြင်းမှာ ကျွမ်းကျင်ပညာရှင်ရှားပါးသည့် အဓိက ပြဿနာတစ်ရပ်အဖြစ် ရှိနေကြောင်း၊ ယင်းအတွက် နိုင်ငံခြားကုမ္ပဏီများ ဖွင့်လှစ် ခွင့်ပေးနိုင်ပါက နည်းပညာများ ရရှိမည်ဖြစ်သည့်အတွက် ပြည်တွင်းမြန်မာ့ အာမခံလုပ်ငန်းများ တိုးတက်မှု လျင်မြန်လာစေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း၌ အာမခံလုပ်ငန်းများ အသုံးပြုမှု တွင်ကျယ်လာစေရန် ပြည်သူများအား အာမခံလုပ်ငန်းများကို ချပြရှင်းလင်းပေးမှသာ သိရှိနားလည်လာမည် ဖြစ်ကြောင်း၊ နိုင်ငံခြားကုမ္ပဏီများ ဖွင့်လှစ်ခွင့်ပြုပြီး နောက်ပိုင်းတွင် ပြည်တွင်းအာမခံ ကုမ္ပဏီများ အနေဖြင့် ယှဉ်ပြိုင်မှုအတွက် ကြိုးစားရန် လိုအပ်ကြောင်း သိရသည်။

ပြည်တွင်း၌ အာမခံလုပ်ငန်းနှင့် ပတ်သက်၍ လိုင်စင်ထုတ်ပေးထားသည့် အေဂျင်စီ ပေါင်း ၁၂ဝဝ ခန့်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးကြောင်း၊ မြန်မာ့အာမခံ လုပ်ငန်းကို မဏ္ဍိုင်လေးခုဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယမဏ္ဍိုင်တွင် အာမခံလုပ်ငန်းနှင့် ပတ်သက်သည့် ပညာရပ်ကို သေချာစွာ သင်ယူခြင်း မပြုသည့်အတွက် မလိုလားအပ်သည့်ပြဿနာများ ဖြစ်နေခြင်းကို Human Capital ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ဈေးကွက်အလိုက် ဆောင်ရွက်မည့် အပိုင်းများကို စနစ်တကျ ဖော်ဆောင် မည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအာမခံ လုပ်ငန်းများ၌ အများပြည်သူ အာမခံထားရှိမှု အနေဖြင့် မော်တော်ယာဉ်အာမခံ၊ မီးအာမခံ၊ အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် မတော်တဆ ထိခိုက်မှုအာမခံ (ခရီးသွားအာမခံ) ထားရှိမှုမှာ အများဆုံးအဖြစ် ရပ်တည်နေကြောင်း၊ မြန်မာ့အာမခံနှင့် ပတ်သက်၍ ပြည်သူများကြား တွင်ကျယ်လာစေရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရန်​ကုန်​news | Ecency