Mon Traditional fish soup

မွန်လူမျိုးတွေးအရမ်းကြိုက်တဲ့ဟင်း

ငါးနှပ်မွန်ပြုတ်ချဉ်စပ်အရေသောက်ဟင်း

လတ်ဆတ်တဲ့ငါးနှပ်ကို ဒီလိုသေခြာပြင်ဆင်ချက်ပြုတ်ပြီးသကာလ မိုးအေးအေးမှာ စားပါတော့မယ် ...

ချက်ပြုတ်ပုံ
မွန်ဆန်ဆန်ချက်တာက -

ငါးနှပ် ၅၀ သားလောက်ကို ရေစင်အောင်ဆေးပါ။ ခေါင်းနဲ့အမြီးကိုလှီးထုတ်၊ ဆူးတောင်တွေ ဆွဲဖြုတ်ပါ။ ပြီးရင် အနေတော်တုံးပြီး ချက်မယ့်အိုးထဲထည့်ပါ။

ကြက်သွန်နီ ၃ လုံးကိုအခွံနွှာပြီးပါးပါးလှီး၊ မိုးမျှော်ငရုတ်သီးကို အစပ်ကြိုက်သလောက် ရိုးတံဖြုတ်ပြီး ကြေညက်အောင် ရောထောင်းပါ။

မရမ်းပြား အချဉ်လိုသလောက်ထည့်ပါ။ (မရမ်းပြားအနုအရင့်၊ အိုးသိပ်ပုံနဲ့ အိုးသိပ်စဉ်ဆားပါတဲ့ပမာဏ စသည်အပေါ်မူတည်ပြီး အချဉ်အရသာကွာပါတယ်)

မြိတ်ငါးပိကောင်းကောင်းကို ကွမ်းသီးလုံးလောက်ထည့်ပါ။

ဆားအနေတော်ထည့်ပါ။ ငံပြာရည်ကောင်းကောင်းသန့်သန့် ဟင်းဇွန်းတစ်ဇွန်းထည့်ပါ။

စပါးလင် သုံးချောင်းလောက် ထုထောင်ခြေပြီးထည့်ပါ။

ဆီ သုံးလေးစက် ထည့်ချင်ထည့်ပါ။

ရေ နည်းနည်းလေးသာထည့်ပါ။

အချိုမှုန့်၊ အသားမှုန့် စသည်ဖြင့် ဘာမှမထည့်ပါ။

ဆူအောင်တည်ပါ။ လေးငါးမိနစ်လောက်ဆူရင် ရှမ်းနံနံထည့်အိုးချပြီး စားလို့ရပါပြီး။

ငါးနှပ်လတ်ဆတ်ရင် မချက်ခင်ကတည်းကရော ချက်ပြီးရင်ရော တုန်အိနေပါတယ်။ ချက်လိုက်လို့အတုံးပျက် ကြေသွားရင် ငါးမလတ်လို့ပါ။ ငါးနှပ်ကို အကြာကြီးဆူအောင်ချက်ထားဖို့လဲ မလိုပါဘူး။

ငံပြာရည်ကောင်း၊ ငါးပိကောင်းနဲ့ချက်လို့ အချိုမှုန့် အသားမှုန့် မလို ဟင်းက ချို၊ ချဉ်၊ စပ် အရသာကတော့ ဆွေမျိုးမေ့ ....


အောက်ကနည်းက ဗမာနဲနဲဆန်တဲ့ချက်နည်း

စပါးလင်၊ ကြက်သွန်၊ မရမ်းပြား၊ ငြုပ်သီးခြောက်အကင်ညက်အောင်ထောင်းပါ
ပြီးလျှင် ဆီသတ်ပါ..
ဆီသတ်စဉ် ငါးပိလေးပါထည့်ပေးပါ...
ဆီအနံမွှေးလာပြီဆိုရင် ငါးနှပ်ကိုထည့်လိုက်ပြီး တစ်ခါ နှစ်ခါမွှေလိုက်ပါ..
ပြီးရင် ရေသင့်တော်ယုံထည့်ပါ..
ဟင်းချိုမှုန့်၊ ဆား ထည့်ပြီးမြည်းစမ်းကြည့်ပါ..
အရသာokပြီဆိုလျှင် ဆူပွက်လာသည်ကိုစောင့်ပါ..
ထိုအခါ အသင့်စားသုံးနိုင်ပါပြီ...😃😃

Credit Minn Latt image image image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center