နည်းနည်းလေးတော့..လွဲနေတယ်

ကျမအနေနဲ့ရေးခြင်တာတွေ၊ရေးစရာတွေ...အများကြီးပါ။အကိုအရင်းဖြစ်သူ၊ဆေးရုံတက်နေရလို့၊သွားပီးစောင့်ရှောက်ရတာတမျိုး၊ပြန်လာတော့လည်း..ဆိုင်အလုပ်၊အိမ်အလုပ်တွေကတဖုံ။ဘယ်ဟာကိုစပီးရေးရမှန်းကိုမသိတော့အောင်ဖြစ်နေလေရဲ့။
စကားချပ်အနေနဲ့...ကျမရဲ့အကိုဖြစ်သူ၊သက်သာသွားပီး..
၁၈ရက်နေ့က၊ဆေးရုံမှဆင်းခွင့်ရပါပီ။သွေးဆိပ်လည်း..
normal ဖြစ်သွားပါပီ။ဆရာဝန်မကြီးက..ဒီလိုအခြေအနေပြန်ကောင်းသွားတာဟာ..ရှားပါးဖြစ်စဉ်ဘဲတဲ့...။အင်မတန်ကိုကံကောင်းပါတယ်တဲ့။
ကျမလည်း..အိမ်ပြန်ရောက်တာနဲ့၊အရင်ဆုံးမေးတာက..."မင်းတို့..ခွေးနဲ့ကြောင်လေးတွေကို၊အစာမှန်မှန်ကျွေးကြရဲ့လား"..။ဈေးရောင်းကောင်းလား..မကောင်းဘူးလားကိုတော့..မမေးပါဘူး။စေတနာမှန်သောကံတရားကိုယုံကြည်တယ်လေ။ကိုယ်ကျိုးစားခဲ့တဲ့..ဝီရိယကိုလည်း..ယုံကြည်ပီးသား။ဒါနဲ့..ကြောင်လေးတွေလိုက်ရှာရင်း..သူတို့အိပ်နေတာကို၊သဘောကျပီး...ဓာတ်ပုံရိုက်မိတယ်။IMG_20180504_143347.jpg

အဲဒီပုံရိုက်ထားပေမဲ့..ဒါနဲ့ပတ်သက်ပီး၊ရေးမယ်ဆိုတဲ့စိတ်မရှိသေးဘူး။ဒါပေမဲ့..မနေ့ကf.b မှာတက်လာတဲ့သတင်းတခုက...စွန့်ပစ်ခံကလေးလေး..၊ဆွဲခြင်းလေးထဲထည့်ပီးစွန့်ပစ်ထားတာကို၊YGW ကတွေ့ပီး၊ကောက်ယူမွေးစားတယ်ဆိုတဲ့သတင်းကြောင့်..ရေးမိလေရောပေါ့ကွယ်။
သြော်...ဘုန်းကြီးအမူ့ရွာပတ်ဆိုတဲ့စကားပုံကနေ..လူတွေအမူ့ဘုန်းကြီးပတ်လို့ပြောင်းရတော့မယ်..ခေတ်ကိုက..။IMG_20180519_205241.jpg
ဘယ်လိုမိခင်မျိုးကမွေးပီး..စွန့်ပစ်တာပါလိမ့်...။စဉ်းစားလို့မရဘူး။လူ့ဘောင်လူ့ကျင့်ဝတ်တွေ..ချိုးဖောက်၊ဟီရိသြတ္တပကင်းမဲ့စွာနဲ့..နေခြင်သလိုနေခဲ့ပီးမှ၊မဖုံးနိုင်မဖိနိုင်ဖြစ်လာမှ၊
ကိုယ့်သိက္ခာကြီးဆိုတာကို..သတိရလာကြတယ်ပေါ့..။
မြေကြီးထဲရောက်..ရေထဲမျောသွားတဲ့..ကိုယ့်သိက္ခာကြီးကို
အဲလိုကြီးပြန်ဆယ်တော့ရော...ရတယ်ဖြစ်ရောလား...။
တာဝန်ယူမူ့..တာဝန်ခံမူ့ကင်းမဲ့တဲ့လူတွေ...။
ကျမရဲ့အိမ်ကကြောင်မကြီးလောက်တောင်..မိခင်စိတ်မရှိကြဘူး...။ပုံထဲကကြောင်မကြီးဆိုရင်..သူ့သားသမီးတွေဟာ..သူ့နီးပါးမျှကြီးထွားနေတာတောင်မှ..နို့တိုက်ဆဲ..စောင့်ရှောက်ဆဲပါ။အိမ်ကခွေးကြီးဆိုရင်..အရမ်းလိမ္မာတာ၊ကြောင်မကြီးကလေးမမွေးခင်ကဆိုရင်..ခွေးနဲ့အတူတူဆော့တာ။မွေးလည်းမွေးပီးရော...အဲဒီခွေးကိုအကပ်မခံတော့ဘူး။IMG_20180520_105016.jpg

ခွေးကသူတို့အနားကဖြတ်တာနဲ့ရန်စောင်နေတော့တာလေ...။
ဘုရားရှင်ဟောကြားချက်တွေထဲမှာ..ဘုရားဖြစ်တော်မူပီး..ဥာဏ်တော်နဲ့လောကကြီးကိုကြည့်တော်မူတဲ့အခါမှာ..
မိခင်ကသားသမီးအပေါ်ထားတဲ့မေတ္တာတရားထုထည်ကြီးမားမူ့လောက်..ဘယ်အရာမှမမီဘူးဆိုဘဲ။နောက်တခုက
မေတ္တာသုတ်မှာ...
မာတာ ယထာ နိယံပုတ္တ
မာယုသာ ဧကပုတ္တ မနုရက္ခ
ဧဝမ္ပိ သဗ္ဗဘူတေသု
မာနသံ ဘာဝယေ. အပရိမာဏံ။ဆိုတာ...တဦးတည်းသောသားကိုမွေးထားသောမိခင်က...သူ့၏သားကိုချစ်သော
မေတ္တာစိတ်ဖြင့်..အခြားသူများအားချစ်ကြလော့..။ဆိုသော
ဆုံးမစကားဖြစ်ပါတယ်။
မေတ္တာတရားသည်သာ..အရာခပ်သိမ်းကိုအောင်နိုင်၏..ဆိုသော..ဘုရားရှင်၏ဟောကြားဆုံးမစကားကို၊မလိုက်နာ..မကျင့်ဆောင်၊မျက်ကွယ်ပြုနေကြလေတော့...လောကကြီးအေးချမ်းဖို့ဆိုတာ..ဝေးနေပီပေါ့နော်။
ဒါတွေ..ဒီလိုဖြစ်နေတာဟာ...ခေတ်ကြောင့်လား..စနစ်ကြောင့်လား...လူနေမူ့ပုံစံကြောင့်လား...။
ကျမရဲ့အမြင်ကတော့..ခေတ်တွေ..စနစ်တွေ..ဘယ်လိုဘဲပြောင်းပါစေ...ကိုယ်ပိုင်တဲ့..ကိုယ်နဲ့အသက်ဆိုင်ဆုံးဖြစ်တဲ့..လူ့သီလ..လူ့ကျင့်ဝတ်ကို၊အသက်နဲ့ထပ်တူထပ်မျှတန်ဖိုးထားပီး..ထိန်းသိမ်းရင်..စောင့်ရှောက်ရင်၊လိုက်နာကျင့်သုံးရင်..လောကကြီးအေးချမ်းမယ်လို့..သေခြာပေါက်ယုံကြည်လက်ခံတယ်။
အခု..လက်ရှိနိုင်ငံရေးအခြေအနေကိုကြည့်လိုက်ရင်...
ဘာဖြစ်ပြန်ပီတဲ....လက်ညှိုးထိုးဝေဖန်..လေကန်နေကြတာများတယ်..အဲဒီလက်ညှိုးလေးတွေကို..သူများဖက်ထိုးပီး..ဝေဖန်နေသူတွေကို...ကျမက..မေးခြင်တာ..တိုက်တွန်းခြင်တာက..ကိုယ်ထိုးထားတဲ့လက်ညှိုးကို..ကိုယ့်ဖက်ပြန်
လှည့်ထိုးပီး...ကိုယ့်ကိုကိုယ်ရော...ဝေဖန်ဖူးကြပါသလား...။
အခုမြင်နေရတာတွေက...လူတွေကတိရိဆ္ဆန်စိတ်ပေါက်၊
တိရိဆ္ဆန်တွေက..လူစိတ်မွေး...အဲလိုဖြစ်ကုန်ကြပီ။ရှက်ကြဖို့လိုပီ။ကိုယ်ယုံကြည်ကိုးကွယ်သော..မြတ်စွာဘုရားရှင်ကို
အားနာဖို့ကောင်းတယ်နော်...။သတ္တဝါအားလုံးအတွက်..သူပါရမီဖြည့်ကျင့်ခဲ့တာဟာ..လေးအသင်္ချေနဲ့ကမ္ဘာတသိန်းတောင်မှနော်။ကိုယ့်ကြောင့်...သူတပါးပျက်ရယ်ပြုစရာဖြစ်ကုန်ပီ။
ဒီတော့...မိတ်ဆွေတို့ကို..လက်တို့ပီး..ပြောလိုက်ဦးမယ်။
မိတ်ဆွေတို့ကလည်း...ကိုယ့်မိတ်ဆွေတွေကို..လက်တို့ပီး
ပြန်ပြောလိုက်ကြဦးနော်....
နည်းနည်းးလေးတော့..လွဲနေတယ်..လို့။

ရီရီဆွေ
အလုံ.မုံရွာ
MSC No 256

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center