Introduce Myself

လူရယ်လို့ဖြစ်လာရင် မွေးကတည်းကဘာမှတတ်ကျွမ်းတာမရှိပါဘူး။ ဒီလိုပါဘဲ့..စာရေးတာတို့ ရေကူးတာတို့ အင်ဂျင်နီယာတို့တွေဟာ သင်ပေးတဲ့သူရှိရင်တတ်ကြတာပါဘဲ့။ ကျွန်မတို့အခုလုပ်နေကြတဲ့ steemitဟာလည်းဘဲ ဘယ်သူမှစစချင်းမတတ်ကြပါဘူး။ အစပထမလုပ်တဲ့သူတွေဟာ စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းခဲ့ရတာတော့အမှန်ဖြစ်မယ်လို့ယုံကြည်မိပါတယ်။ အရှေ့ကလူတွေက ပညာမလျှိကြလို့သာ နောက်လူတွေဖြစ်တဲ့ကျွန်မတို့ဟာ အဆင်သင့်အဆင်ပြေပြေနဲ့လွယ်လွယ်ရရှိခဲ့ကြတာဘဲ့မလား။ ဒီလိုအဆင်ပြေပြေ ရရှိမှုကြောင့် အလကားရတာဘဲ့ကွာ အရေးမကြီးပါဘူးဆိုပြီး ပေါ့ပေါ့တန်တန်နေမိတတ်ကြလို့ ရှေ့ကဥိးဆောင်လုပ်ခဲ့တဲ့သူတွေရဲ့မေတ္တာတွေ စေတနာတွေကို စော်ကားသလိုဖြစ်တတ်ကြတာ ကျွန်မတို့တွေ သတိပြုစရာပါဘဲ။ တခါတလေဖြစ်တတ်တာကို ခွင့်လွှတ်တန်သည်ကိုခွင့်လွှတ်နားလည်ပေးတာကိုနားလည်ပေးရင်းစည်းစည်းလုံးလုံးညီညီညွတ်ညွတ် ရှေ့ဆက်သွားရမာက အမှန်ပါ။ကျွန်မနာမည်က၇ွန့်လဲ့ဝင်းရွှေပါ.. ။ကျွန်မချစ်သူရဲ့မိတ်ဆက်ပေးမူကြောင့် steemitကိုစတင်ပြီးသိရှိခဲ့တာဖြစ်ပါတယ်။ သူ့နာမည်ကစောမြတ်ထွန်းပါ။
ကျွန်မတို့တွေဟာ တယောက်နဲ့တယောက်ကူညီဖေးမကြရင် နောက်အချိန်မှာ အဆင်ပြေပြေသာသာယာယာဖြစ်မှာအမှန်ပါ။ ကျွန်မတို့တတွေသာစည်းစည်းလုံးလုံးညီညွတ်ညွတ်လုပ်ကြရင် တိုးတတ်အောင်မြင်တဲ့အဖွဲ့အစည်းတခုဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့တွေဟာ တယောက်စလုပ်ရင်နောက်လူတွေက၀ိုင်းလုပ်ကြတာ မြန်မာလူမျိုးတွေရဲ့ထုံးစံလိုဖြစ်ပါတယ်။ မှတ်မိကြဦးမှာပါ။အရင်ကဖုန်းတွေပေါများလာတော့ဖုန်းပြင်ဆိုင်လေးဖွင့်မယ်ပေါ့ အရင်းအနှီးနဲနဲနဲ့စတင်တဲ့သူတွေ အစပိုင်းမှာအဆင်ပြေပေမယ့်နောက်ပိုင်းမှာ မရပ်တည်နိုင်ကြတော့ပါဘူး.။ ဘာကြောင့်ပါသလဲ။ အဖြေရှာကျိတော့ ရင်းနှီးမြှုပ်နှံမှုများတဲ့လူတွေက ဖုန်းလောကကို လက်ဝါးကြီးအုပ်ချယ်လှယ်ပီးအပြန်အလှန်ကူညီပေးခြင်းမရှိဘဲ့တယောက်ထဲမောင်းပိုင်စီးချင်ကြလို့ပါဘဲ့။ မရှိမဲ့စုမဲ့ပစ္စည်းလေးနဲ့လုပ်စားရတဲ့လူတွေကသူတို့ဆီမှာဝန်ထမ်းဖြစ်ကုန်ကြတာဘဲ့။ သို့သော် လူအများစုအဆင်ပြေလားဆိုတော့မပြေကြပါဘူး။ ဒါဟာလက်တွဲပြီးမလုပ်ဘဲ့တယောက်နဲ့တယောက်အပြုတ်နှံကြလို့ပါဘဲ့။ ကျွန်မတို့တွေဟာဒါကိုသင်ခန်းစာယူ၇ပါ့မယ်။အကြောင်းတစ်စုံတ၇ာမရှိဘဲ့ အလံထောင်တာတို့မလုပ်ဘဲ့အနည်းဆုံး vote အချင်းချင်းလုပ်သင့်ပါတယ်။ ဖြစ်နိုင်ရင်မန့်ကြတာပိုကောင်းပါတယ်။ ကျွန်မယုံကြည်မိတာတော့ Myanmar Steemit အဖွဲ့သားတိုင်းစည်းလုံးညီညွတ်ကြတယ်လို့ယုံကြည်မိပါတယ်။

ကျွန်မတို့တွေဟာ အဖွဲ့အစည်းတခုသို့မဟုတ်လူ့အဖွဲ့အစည်းတခုထဲဝင်၇င် ထိုအဖွဲ့အစည်းရဲ့ချမှတ်ထားတဲ့စည်းကမ်းစည်းမျဉ်းတွေကိုလိုက်နာ၇မှာကမိမိတို့ရဲ့တာဝန်ပါဘဲ့
ဘာကြောင့်စည်းမျဉ်းတွေစည်းမ်းတွေချမှတ်ထားရသလဲဆိုတာက အကြောင်းရှိခဲ့ကြလို့ပါဘဲ့ ။ ဒီအကြောင်းတွေကို ကျွန်မတို့ သိချင်မှသိမယ် ဘာဘဲ့ဖြစ်ဖြစ်လိုက်နာတာကောင်းပါတယ်။ဘာလို့လဲဆိုတော့အချိန်တန်သိလာမို့ပါ။ ဥပမာcopyကူး၇င်လက်မခံပါဘူးပြောရက်နဲ့ကူးမယ် cheetahမိသွားရင် နောက်ဘယ်လိုဆက်လုပ်မှာလဲ..ဒါတွေကရှိသေးတယ်။
ကျွန်မနေတာကတော့ ယုဇနဥယျာဉ်မြို့တော်မှာပါ.။အလုပ်ကတော့ ကြေးမုံသတင်းစာတိုက်မှာအလုပ်လုပ်ပါတယ်။ ကျွန်မအသက်က ၂၁နှစ်ပြည့်ခါနီးပါပြီ။ ကျွန်မတမျိုးပါဘဲ့..တခြားမိန်းကလေးတွေလို တိရစ္ဆာန်မချစ်တတ်ပါဘူး။ မှတ်မိပါသေးတယ် ငယ်ငယ်က ခွေးလေးကို ကိုင်မိတော့ ခွေးကိုက်ခံရကတည်းက ခွေးရောကြောင်ရောမချစ်တော့ပါဘူး။ ငယ်သေးတယ်ဆိုတော့ လန့်ပီးမချစ်တတ်တော့တာဖြစ်နိုင်ပါတယ်.။ ဒါမှမဟုတ်အစွဲအလမ်း ကြီးလို့နေမှာပါ။ ကျွန်မကျောင်းမှာတော့မြန်မာစာအဝေးသင်ကိုယူထားတာပါ။steemitအဖွဲ့သားအားလုံးကျန်းမာချမ်းသာကြပါစေ လို့ ဆုတောင်းပေးရင်းနိဂုံးချုပ်ပါတယ်။
image

Authur Shoon Lai Win Shwe
@shoonlay
MSC 220
Photo me
FromMyanmar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center