leotostoy

Words
75
Reading
1 min
9y
Listen to this post
~1 min

image
ရုရှားစာရေးဆရာကြီး တော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထု ကြီးကို ကမ္ဘာပေါ်တွင် အကောင်းဆုံး ဝတ္ထု ကြီးဟု ကမ္ဘာ့စာပေပညာရှင်အများ သဘောတူညီထားကြသည်။ တော်စတွို င်းသည် သည်ဝတ္ထု ကို အလိုအလျောက်ဥာဏ်ရွှဈာန်ဝင်သည့် အခိုက်အတန့်မျိုး၌ သက်သာလွယ်ကူစွာ ရေးထုတ်လိုက်နိုင်ခြင်းမဟုတ်။သည်စာအုပ်တွင် ဖော်ပြမည့်သမိုင်းအဖြစ်ပျက်များ သမိုင်းဝင်ပုဂ္ဂို လ်များနှင့် ပတ်သက်သည့်အချက်အလက်များ လွဲချော်မှုမရှိရန်လည်းကောင်း စာအုပ်စာတမ်း ကျမ်းပေါင်းများစွာကိုမွှေနှောက်ဖတ် ရှု ခဲ့ရ၏။အခြားအလုပ်များကို ဘေးဖယ်ကာ သည်ဝတ္ထု ကြီးရေးသားခြင်း အလုပ်သက်သက်၌မြှု ပ်နှံလုပ်ကိုင်လျက်နှင့် ဝတ္ထု ပြီးဆုံးသည်အထိ စုစုပေါင်းငါးနှစ်တိတိ အချိန်ယူခဲ့ရ၏။မြန်မာဘာသာပြန်ဖြင့် သာမန်လုံးချင်းဝတ္ထု အရွယ် စာအုပ်၁၂အုပ်တွဲမျှထုတ်ဝေခဲ့ရသည့် ၎င်းဝတ္ထု ကြီးတလျောက် အနည်းဆုံးတစ်ကြိမ်နှစ်ကြိမ်ထပ်မံဖတှ်ုပြင်ဆင်ခြင်းမြုပဲ လွှတ်လိုက်သည့်စာကောင်း စာပိုဒ်ဟူ၍မရှိသလောက်ဖြစ်ပြီး စာအုပ်၏ တချို့်သော အခန်းများ အစိတ်အပိုင်းများ ဆိုလျှင်မူ ခုနှစ်ကြိမ်အထိပင် အသစ်ပြင်ဆင်ရေးသားခဲ့သည်ဟုဆို၏။
အကြိမ်ကြိမ် အထပ်ထပ် ဖြည့်စွက်ပြင်ဆင် ဖြတ်တောက်ထားသည့် တော်စတွို င်း၏ လက်ရေးနာမူနာများကို ကြည့်ပါက စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထု ကြီးကျယ်ခမ်းနားရခြင်းသည် တော်စတွို င်း၏မွေးရာပါ ပါရမီသက်သက်ကြောင့်မဟုတ် အကောင်းဆုံးထက် ပိုကောင်းအောင် အားထုတ်ချင်တတ်သည့် အနုပညာသမားကောင်း၏ ဇွဲနပဲကြောင့်သာဖြစ်ကြောင်း သဘောပေါက်ကြမည်မှာသေချာသည်။
Author sengemily@sengemily
HFS-B6

leotostoy | Ecency