ဗေဒင်​​မေးဝါသာနာပါသည့်​သူများသတိထား

ဗေဒင်​​မေးဝါသာနာပါသည့်​သူများသတိထား

တချို့လူ​တွေရှိသည်​။ ​တွေ့လိုက်​တာနဲ့ မင်္ဂလာမရှိသည့်​စကားများသာ​ပြောတတ်​သည်​။ စီးပွား​ရေးအဆင်​​ပြေလားလို့ မ​မေးလိုက်​နှင့်​ ​မေးလိုက်​သည်​နှင့်​ ခွက်​ဆွဲ​နေရပြီ မွဲ​နေလို့လက်​ဖက်​ရည်​လိုက်​တိုက်​..စသည်​ဖြင့်​သာ​ပြောသည်​။ ထိုလူက​တော့ ချမ်းသာသည့်​အသိုင်းအဝိုင်းဖြစ်​သည်​။ အကျင့်​ပါကာထိုနမိတ်​မရှိနမာမရှိ​သောစကားသည်​ တခြားလူအတွက်​ဆိုးကျိုးဖြစ်​သလို ​ပြောသူကိုယ်​တိုင်​ပါဆိုးက်ျူးဖြစ်​သည်​။ သိပ်​မကြာပါ..မကြာခင်​ စီးပွား​ရေးအကိပ်​အတည်းနဲ့ ကြုံကာ မွဲ​တေသွားသည်​။

ကျွန်​​တော်​တို့လမ်းသွားစဉ်​ ထိုသို့နမိတ်​မရှိနမမာမရှိအသံမျိုးအမှတ်​မထင်​ကြားရတတ်​သည်​။ ထိုအသံမျိုးကိုစိတ်​ထဲစွဲ​နေတတ်​သည်​။ လူတို့သည်​​ကောင်း​သောအာရုံထက်​မ​ကောင်း​သောအာရုံတို့ကိုပို၍အမှတ်​ရ​သော​ကြောင့်​သာဖြစ်​သည်​။
နမိတ်​မရှိဘူးမဟုတ်​ ရှိပါ၏ ။သို့​သော်​ပဂတိနမိတ်​နဲ့ ထူးခြားသည့်​နမိတ်​ကိုဟုနှစ်​မျိုးရှိသည်​။ ပကတိနမိတ်​ဆိုသည်​ကား..ပုံမှန်​ဖြစိ​နေကျကြား​နေကြ​သောအရာဖြစ်​ပီး ထူးခြားသည့်​နမိတ်​မှာ ပုံမှန်​မဟုတ်​​သောအဖြစ်​အပျက်​များဖြစ်​သည်​။ ထိုနမိတ်​နစ်​မျိုးတွင်​ ကိုကပထမဆူံး​တွေ့သည့်​အရာကိုနမိတ်​​ကောက်​မည်​ဟုဆုံးဖြတ်​လျှင်​ ပထမဆုံး​တွေ့သည့်​အ​ပြောအဆိုအမူအရာသံသည်​ နမိတ်​ဖြစ်​သည်​။

ဗေဒင်​​မေးတာကျွန်​​တော်​ ကျွန်​မတို့ဝါသာနာပါတယ်​ဟု ဆိုသူများမှာပို၍သတိထားရ​ပေမည်​။ ​ဗေဒင်​ဆရာတိုင်းစိတ်​​ကောင်းနလုံး​ကောင်းသည်​မဟုတ်​​ပေ။ ​ဗေဒင်​ဆရာက "ဟာအိမ်​မီး​လောင်​မယ့်​ကိန်းရှိတယ်​..ဘဝပျက်​​တော့မှာဘဲ့"ဟုစုတ်​သပ်​သပ်​..​ခေါင်းတခါခါဖြင့်​မှင်​​သေ​သေ​ပြောမည်​။ ​ဗေဒင်​​မေးသူကဘကို့အကျိုးစီးပွားထိခိုက်​မည့်​ကိစ္စမို့ "ဆရာရယ်​..ကယ်​နိုင်​ရင်​ကယ်​ပါဦးဘာဘဲ့လုပ်​ရလုပ်​ရ"ဟု​ပြောမည်​။ ထိုအခါ​ဗေဒင်​ဆရာက "အင်း...ရတနာဒီပံ​ဆေးဖ​ယောင်းတိုင်​စီရင်​​ပေးမယ်​..ဆရာက​စေတနာနဲ့လုပ်​တာဆို​တော့ ဥာဏ်​ပူ​ဇော်​ခ​ကြေးမ​ပေးနဲ့ ယတြာ​ကြေး တသိန်းနစ်​သိန်းသိန်းသူံးဆယ်​အဆဆရှိသလို​ဗေဒင်​​မေးသူရဲ့အမူအရာအ​ခြေအ​နေကိုအကဲခတ်​ကာ​တောင်းလိမ့်​မည်​။ ထိုအခါ​ဗေဒင်​​မေးသူကလည်းစိုးရိမ်​မှု​ကြောင့်​​ပေးလိမ့်​မည်​။ တကယ်​လို့ ဘာမှ မဖြစ်​ကြည့်​ အာ့တာယတြာ​ကောင်းလို့။ ဖြစ်​ကြည့်​ပါလား.အာ့တာယတြာလုပ်​​ပေမယ့်​ခံသာသွားတယ်​။ယတြာမလုပ်​လိုဆြိုဂျင်းထည့်​လိမ့်​မည်​။ (အမှန်​စင်​စစ်​ရတနာဒီပံ​ဆေးဖ​ယောင်းတိုင်​မှာ တ​သောင်း​ကျော်​သာကျသင့်​သည်​.မစွမ်းမဟုတ်​စွမ်းပါသည်​၊သို့​သော်​လူတိုင်းဘာလာလာရတနာဒီပံဆိုပြီးဂျင်းထည့်​တာ​တော့သတိထားပါ)

ဗေဒင်​​မေးသူများ​တွေ ​ပျော်​လို့​မေးသည်​ထက်​အပူ​သောက​ရောက်​ရှိလို့​မေးသည်​ကပိုများ​ပေသည်​။အထူးသဖြင့်​ ရည်းစားပူမိသူကပို၍ဆိုး​လေသည်​။ အသက်​ငယ်​ရွယ်​​သောမိန်းက​လေးများကပိုဆိုး​ပေသည်​။ ဥပမာအဖြင့်​ ယုတ်​မာ​သောဆရာဟုအမည်​ခံသူက အဆင်​​ပြေ​စေချင်​ရင်​​ငွေ​တောင်းလျှင်​ကား​တော်​​သေးသည်​။ ကာမ​တောင်းလျှင်​ကား အလွန်​ပင်​ဆိုးရွားလှသည်​မို့ ထိုသူတို့၏စကားကိုမယုံအပ်​ဘဲ့.​ရှောင်​ထွက်​သွားသင့်​လှ​ပေသည်​။ ရုပ်​က​လေးကလည်း​ချော.အရွယ်​​လေးကလည်း​ကောင်း အိမ်​​ထောင်​ဘယ်​​တော့ကျမလဲဘာညာ​မေးသည်​ထားပါစို့။ "နင့်​လက္ခာမှာကျွန်းခံ​နေတယ်​ ပထမ​ယောက်ျားနဲ့အမြဲလိုလိုပူညံပူညံဖြစ်​မယ်​ ဒုတိယ​ယောက်ျားနဲ့မှမြဲမယ်​.လူသိထင်​ရှားသိက္ခာချအရှက်​ကွဲမာ.."ဟုဆိုကာ ​စေတနာရှင်​လိုဘာလိုလိုနဲ့"အင်းသမီးကို​တော့ဆရာသနားလို့ကူညီ​ပေးမယ်​.ဒီလိုလုပ်​.ဆရာနဲ့သမီးဒီမှာစာချုပ်​ချုပိ တကယိ့လင်​မယားလို​နေပြီးရင်​ပြန်​ကွာရှငိးကြမယ်​​လေ.အာ့ဆိုသမီးလည်းလူသိထင်​ရှားမရှိဘဲ့ဒီမှာဘဲ့ပြီးလိမ့်​မယ်​"အစရှိသည့်​စကားများဖြင့်​ ကာမကိုလိမ်​လည်​​တောင်းခံတတ်​သည်​။

တချို့​သောသူများက​တော့ လဏ္ခာကိုကြည့်​ပီး မမြင်​အပ်​​သော​နေရာမှဲ့ရှိ​ကြောင်း​ပြောမည်​။မှန်​​နေသဖြင့်​.ပို၍ယူံကြည်​မည်​၊ အာ့လိုဖြစ်​လျှင်​ ဂွင်​ထဲ​ရောက်​ပြီသာမှတ်​.သူကဒီမှဲ့​ကောင်းသည်​ဆိုးသည်​​ပြောလျှင်​လည်းယုံ​တော့မည်​သာ။ ဆရာ့ကိုပြ.ဆရာဒါက်ုမန်း​ပေးလိုကိရင်​မ​ကောင်းတာမဖြစ်​​တော့ဘူးဟုဆိုကာမဟုတ်​မတမ်းလုပ်​မည်​။ မိန်းက​လေးငယ်​များကလည်းရှက်​သဖြင့်​၊ရည်းစားသိမှ​ကြောက်​သဖြင့်​..၊​ယောက်ျားသိမှာ​ကြောက်​သဖြင့်​၊အရှက်​ကွဲမည်​စိုးသဖြင့်​ ​ရေငုံနှုတ်​ပိတ်​​နေ​လေရာ.ထိုသူတို့အကြိုက်​ဖြစ်​လိမ့်​မည်​။ လက္ခာမှာ လက်​မရဲ့​အောက်​​ခြေမှာကျွန်းပုံသဏ္ဍာန်​လမ်း​ကြောင်းရှိရင်​မမြင်​အပ်​သည့်​အရာတွင်ာမှဲ့ရှိသည်​။ ဒီကားတချက်​ ​နောက်​တချက်​ကား ​စေ​နေဂြိုလ်​​မောက်​ခြင်း ​သောကြာဂြိုလ်​​မောက်​ခြင်းစသည်​တို့လဘ်ည်းကြည့်​၍ ဘယ်​​ပေါင်​မှဲ့ရှိသည်​ဘာရှိသည်​ဟူအ​ဟောထုတ်​နိုင်​သည်​။ CCTVတတ်​ထားသင့်​တယ်​။

အမှန်​စင်​စစ်​ ​ဗေhaZင်​ဆရာ၊ယုံကြည်​အားကိုးသူအထက်​လူကြီး၊ အိမ်​တွင်းအိမ်​တွင်​လွတ်​လပ်​စွာဝင်​ထွက်​သွားလာနိုင်​သူ၊ အစရှိသည်​တို့သည်​ပို၍​ဖောက်​ပြားလွယ်​သည်​ဟု ပီမိုးနင်း၏စာအုပ်​တွင်​ပါရှိသည်​။
ဗေဒင်​ဆရာတိုင်း​တော့မဟုတ်​​ပေ၊ တကယ့်​ကို​ကောင်းမွန်​သည့်​​ဗေဒင်​ဆရာများလည်းရှိ​ပေသည်​။ ​မေးသူကိုအကျိုးရှိ​အောင်​ နားဝင်​​အောင်​ကိုယ်​ကျင့်​တရား​ကောင်းမွန်​​အောင်​စသည်​ဖြင့်​အကြံ​ပေးလမ်းညွန်​ပြသသည့်​သူများလည်းရှိသည်​။ဝါးလူံးသိမ်း ​ဗေဒင်​ဆရာတိုင်းမ​ကောင်းဟုမဆုံးဖြတ်​သင့်​​ပေ။ နိဂုံးချုပ်​ရ​သော ထိုယုတ်​မာ​သော​ဗေဒင်​ဆရာများ၏ မ​ကောင်း​သောနမိတ်​မ​ကောင်း​သောအသံများ​ကြောင့်​စိတ်​​သောကမ​ရောက်​ဘဲ့.​နောက်​​ဗေဒင်​ဆရာထံ​မေးလျှင်​​မေး မ​မေးလျှင်​ ဘုရားတရားသံဃာမိဘဆရာအ​ပေါ်တွင်​ရို​သေ​လေးမြတ်​စွာ ပူ​ဇော်​သင့်​သည်​။ငါးပါးသီလမြဲသူဖို့ အများအားဖြင့်​ ​ဘေးအန္တရာယ်​ဒုက္ခများမကျ​ရောက်​နိုင်​ပါ။
အတတ်​ပညာသည်​ လူယုတ်မာလက်​ထဲတွင်​ အန္တရာယ်​ကြီး​သောမီးဖြစ်​သလို အတတ်​ပညာသည်​ သူ​တော်​​ကောင်းလက်​ထဲ၌ ​လောကကို​ကောင်းကျိုး​ပေးသည့်​အ​မှောင်​ကိုခွင်းသည့်​အလင်း​ရောင်​သာဖြစ်​​ပေသည်​။

Msc 088
Form myanmar
Writer saw myat tun
Photo me

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center