ဆန္ဒ

image

လူသား​တွေဟာ တစ်​​ယောက်​တည်း ​နေထိုင်​ကြသည့်​ သတ္တဝါမဟုက်​သည့်​အတွက်​ အဖွဲ့အစည်းနှင့်​တကွ ​နေထိုင်​ကြရသူများဖြစ်​​ပေသည်​။ အဖွဲ့အစည်းနှင့်​ ​နေထိုင်​ကြသည့်​သူများဖြစ်​သည့်​နည်းတူ တစ်​​ယောက်​တည်းမဟုက်​သည့်​အတွက်​ မိသားစုကိုယ်​စီနှင့်​ မိသားစုတစ်​ခုစီနှင့်​ အသက်​ရှင်​​နေထိုင်​​နေကြ​ပေသည်​။ တစ်​ဦး​တစ်​​ယောက်​တည်းမဟုက်​သည့်​အတွက်​ လူမှုဆက်​ဆံ​ရေးကို အ​လေးထား၍ လူအများနှင့်​ ​ပေါင်းသင်းဆက်​ဆံ​နေကြ​ပေသည်​။ လူမှုဆက်​ဆံ​ရေးဆိုသည့်​ ​အတိုင်းကောင်းမွန်​သည့်​ မိမိကို ​ထောက်​ကူ​ပေးသူ၊ မိမိမှလည်းပြန်​လည်​​ထောက်​ကူ​ပေးသူနှင့်​ သင့်​တူညီမျှ ယှဉ်​တွဲ​နေထိုင်​ရ​ပေမည်​။ သင့်​တူညီမျှယှဉ်​တွဲ ​နေထိုင်​​နေယုံနှင့်​မပြီးဆုံး အချို့လုပ်​ငန်းများတွင်​ မိတ်​​ဆွေ၏ အကူအညီကို ယူလျင်​ပို၍​ကောင်း​ပေမည်​။အကူအညီယူပြီးလျင်​လည်း မိမိဘက်​မှ ပြန်​လည်​၍ အကူအညီ​ပေးရန်​လည်း အမြဲလိုလို သတိပြု၍ ​နေသင့်​​ပေသည်​။ သို့မှသာ မိတ်​​ဆွေသူငယ်​ချင်းသံ​ယောဇဉ်​ ပို၍ခိုင်​မြဲလာ​ပေမည်​။

image

လူမှုဆက်​ဆံ​ရေး​ကောင်းတစ်​ခု ရှိ​နေရုံနှင့်​မပြီး။ မိမိတို့မှာလည်း မိမိတို့၏ မိသားစုနှင့်​ စားဝတ်​​နေ​ရေး အတွက်​ရုန်းကန်​​လှုပ်​ရှား​နေကြရသူများဖြစ်​​ပေသည်​။
သို့အတွက်​ မိမိတို့စီးပွား​ရေးကို ​ပြေလည်​စွာ​နေနိုင်​​ရေးအတွက်​ လုပ်​ငန်းများကို အမြဲ​တ​စေ လုပ်​ကိုင်​​နေရ​ပေမည်​။ ထို့​​ကြောင့်​ လူသားများက မိမိလုပ်​ငန်းကို​အောင်​မြင်​​စေမည့်​ အချက်​အလက်​များကို ရှာ​ဖွေစု​ဆောင်း၍ အချက်​အလက်​များကို အသုံးပြုကာ မိမိတို့လုပ်​ငန်းများကို ​အောင်​မြင်​သထက်​​အောင်​မြင်​​အောင်​ ​ဆောင်​ရွက်​​နေကြသူများဖြစ်​​ပေသည်​။ သို့ရာတွင်​ လူသားတို့၏ ​လောဘဆိုသည့်​ လိုချင်​တက်​မက်​မှု ဆန္ဒသည်​ ​ပြော၍မပြတတ်​​အောင်​ ကြီးမားသည့်​အတွက်​ ထိုလိုအင်​ကိုပြည့်​ရန်​အတွက်​ နည်းလမ်းများသာမက အခြား resources ​တွေကိုလည်းအသုံးပြုကြ​ပေသည်​။ နည်းလမ်းများရှိ​သော်​လည်း အသုံးပြုရမည့်​ resources များမရှိလျင်​လည်း ထိုလုပ်​ငန်းလည်း​အောင်​မြင်​မည်​မဟုက်​​ပေ။ လိုအပ်​သည့်​ resources ကိုအသုံးပြုရန်​လည်းလိုသည်​။

image

လုပ်​ငန်း​တစ်​ခု​အောင်​မြင်​ရန်​အတွက်​ အသုံးပြုရမည့်​ နည်းလမ်း​ကောင်းကို ရှာ​ဖွေအသုံးပြုမှသာ ​အောင်​မြင်​​ပေမည်​။ နည်းလမ်း​ကောင်းလည်းရှိမှ လိုအပ်​သည့်​ resources လည်းရှိမှသာ ​အောင်ြ်​မင်​​အောင်​​ဆောင်​ရွက်​နိုင်​​ပေမည်​။ Resources ရှိ​သော်​လည်း နည်းလမ်း​ကောင်းမရှိပါက ထိုလုပ်​ငန်းလည်း ​အောင်​မြင်​မည်​မဟုက်​​ပေ။ ဤသည်​မှာ အဓိကကျ​သော အချက်​ဖြစ်​​ပေသည်​။ ဤအချက်​ကို လူအများက ​မေ့​လျော့​နေကြ​ပေသည်​။ လူအချို့က နည်းလမ်းရှိ​သော်​လည်း အသုံးပြုရမည့်​ ပစ္စည်းမရှိသည့်​အတွက်​ လုပ်​ငန်းမှာ ​အောင်​မြင်​သင့်​သ​လောက်​ မ​အောင်​မြင်​ဘဲ ဖြစ်​​ပေသည်​။ အချို့ကမူ အသုံးပြုနိုင်​သည့်​ ပစ္စည်းရှိ​သော်​လည်း လုပ်​ငန်းကို​ကောင်းမွန်​တိုးတက်​​အောင်​ ​ဆောင်​ရွက်​နိုင်​မည့်​ နည်းလမ်း​ကောင်း မရှိသည့်​အတွက်​ လုပ်​ငန်းက တိုးတက်​မှုမရှိဘဲ ရပ်​တန့်​​နေတတ်​​ပေသည်​။ ထိုအချက်​အလက်​များကို သတိပြု၍ မိမိတို့လုပ်​ငန်းများကို ​ဆောင်​ရွက်​ပါက ​အောင်​မြင်​​သော လုပ်​ငန်းတစ်​ခုဖြစ်​လာ​ပေမည်​။

image

မိမိတို့လုပ်​ငန်း မိမိတို့စီးပွား​ရေး ​အောင်​မြင်​တိုးတက်​​ရေးအတွက်​နည်း​ပေးလမ်းညွှန်​​ပေးမည့်​ ဆရာ​ကောင်းတစ်​​ယောက်​လည်း လိုအပ်​​ပေသည်​။ မိမိကိုယ်​တိုင်​ လုပ်​ငန်းကို ဦး​ဆောင်​၍ လုပ်​ကိုင်​ရသူမဟုက်​လျင်​လည်း မိမိအတွက်​ လုပ်​ငန်းကို​ကောင်းမွန်​​စေမည့်​ အချက်​အလက်​များကို သင်​ပြ​ပေးမည့်​ ​ခေါင်း​ဆောင်​​ကောင်း တစ်​​ယောက်​ရှိရန်​လိုအပ်​​ပေသည်​။ ​ခေါင်း​ဆောင်​​ကောင်းတစ်​​ယောက်​၏ အရည်​အ​သွေးပြည့်​ဝသည့်​ အရည်​အချင်း တိုးတက်​​စေသည့်​နည်းလမ်းများသည်​ တပည့်​များအတွက်​ အား​ဆေးတစ်​ခွက်​ဖြစ်​​ပေသည်​။ ​နောက်​လိုက်​က မည်​မျှပင်​​ကောင်း​သော်​လည်း ​ခေါင်း​ဆောင်​​ကောင်းတစ်​​ယောက်​မရှိပါက ​နောက်​လိုက်​၏ အရည်​​အ​သွေးတိုးတက်​မည်​မဟုက်​​ပေ။ ​ခေါင်း​ဆောင်​​ကောင်းတစ်​​ယောက်​၏ စွမ်း​ဆောင်​မှုသည်​ ​နောက်​လိုက်​​ကောင်းရာ​ပေါင်းများစွာ၏ ဘဝကိုတိုးတက်​​စေသည်​။ ဤအချက်ကိုကြည့်​ခြင်းအားဖြင့်​ ​ခေါင်း​ဆောင်​​ရော ​နောက်​လိုက်​​ပါ ​ကောင်းမွန်​သည့်​ နည်းလမ်းများနှင့်​တကွ ​ဆောင်​ရွက်​မှသာ လုပ်​ငန်းတိုးတက်​​ပေမည်​။ မိမိတို့လုပ်​ငန်းတိုးတက်​လျင်​ မိမိတို့၏ မိသားစုလိုအင်​ဆန္ဒကို ​ကောင်းမွန်​စွာဖြည့်​ဆည်း​ဆောင်​ရွက်​​ပေးနိုင်​​သော သူတစ်​​ယောက်​ဖြစ်​​ပေမည်​။ လိုအင်​ဆန္ဒပြည့်​စုံမှသာ စိတ်​ချမ်းသာမှုနှင့်​ ပြည့်​စုံ​သော သူတစ်​​ယောက်​ဖြစ်​လာ​ပေမည်​။

image

Myanmar Steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါ​စေ......

Photo credit google and facebook image

Author @nyinyilwin

MSC 170

H2
H3
H4
3 columns
2 columns
1 column
21 Comments
Ecency