မင်းသိပါစေ

Words
28
Reading
1 min
Listen
Play
8y

မသေချာခြင်းတွေ များလွန်းတဲ့
ဒီလူ့လောကကြီးထဲမှာ
သေချာတာတစ်ခုကတော့
ငါ.....
နေ တတ်လာခဲ့ပြီ
အရင်ကလောက် တမ်းတမနေတော့ဘဲ
အရင်ကလောက် မနာကျင်တော့ဘဲ
အရင်ကလောက် ဆုပ်ကိုင်မထားတော့ဘဲ
အရင်ကလောက် မမျှော်လင့်တော့ဘဲ

ရေလိုက်လွဲတာလည်း မဟုတ်ခဲ့သလို
ဆုတောင်းမှားခဲ့တာလို့လည်း မယူဆခဲ့ဘူး
အရှိတိုင်းလေးပဲ သက်ဝင်ခံစားမိခဲ့တာ။
မြတ်နိုးခြင်းမှာ
လိမ်ညာခြင်းတွေ မပါခဲ့ဘူး
မုသားစကားတွေ မဆိုခဲ့ဘူး
ဒါတွေကို
မင်းသိပါစေလေ။

မင်းသိပါစေ | Ecency