Girls

Words
138
Reading
1 min
9y
Listen to this post
~1 min

ရယ်အားထက်ငိုအားသန် ကိစ္စတစ်ခု ပြောပြဦးမယ်။
အဖြစ်က နာမည်ကြီးဘုရားတစ်ခုက စောင်းတန်းမှာ ဟောခန်းဖွင့်ထားတဲ့ နာမည်ကြီးဗေဒင်ဆရာ။
သူက သူ့ဟောခန်းကိုလာတဲ့ မိန်းကလေးတွေကို လစ်ရင်လစ်သလို အသားယူလေ့ရှိတယ်။
အချို့ကလည်း ရှက်လို့ငြိမ်ခံ ပြန်မပြောကြဘူးပေါ့။
အခုလည်းကျရော အဲ့ဗေဒင်ဆရာက ရုပ်သံပေါ်ရောက်လာ၊ နာမည်လည်း ကြီးလာရော အသားယူခံရသူမမတစ်ယောက်က သူဘယ်လိုကြုံခဲ့ရကြောင်းလည်းရေးရော အကိုင်ခံရသူ မမများတစ်နေရာတည်းမှ သွားဆုံပြီး ဟင်... ကျွန်မတုန်းကလည်း ဒီကောင်ဒီလိုလုပ်တယ်။
ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးပဲတွေဖြစ်ပြီး ဝိုင်းဝုန်းကြရော။

အစကတော့ ကိုရွှေဗေဒင်ဆရာခဗျာ အသရေဖျက်ပါတယ်ဘာညာ ထအော်၊ ပိုစ့်အောက်မှာ အထုပ်တွေလာဖြည်ကြတော့ အကောင့်ပါ ဒီသွားရရော။
မနေ့ကသတင်းထဲမှာ ဖတ်ရတာကျတော့ အဲ့ဗေဒင်ဆရာက တင်တဲ့လူကို တရားပြန်စွဲထားသတဲ့။
(ငှယ့်... စမီးရေးတာ နာမည်မပါပုနော် အူးအု
တရားလာစွဲရပု... လူဇိုး)

သတင်းတွေ ကြားဖူးပါတယ်။
ဘယ်ဘိုးတော်အယောင်ဆောင်က ဘယ်လိုဘုသွားတာတို့။ ဘယ်လိုလိမ်သွားတာတို့ ခဏခဏကြားရတာပဲ။ လူတွေရဲ့ အယုံလွယ်မှုဟာ မယုံနိုင်အောင်ကို ကြောက်စရာကြီး။
ပညာရပ်ကို မစော်ကားပါဘူး။ အစစ်တစ်ယောက် အတုတစ်သိန်းရယ်။
စွတ်ပြီး ပစ်ယုံရအောင် အဲ့လောက်လွယ်လား။

အဲ့လူပိုစ့်အောက်က victimတွေရဲ့ ကောမန့်တွေဖတ်ရတယ်။ ဘာတဲ့....
အဆောင်လေး ရင်သားကြားထည့်ပေးဖို့တဲ့။
ကိုယ့်ဘာသာကိုယ်ထည့်လို့မရဘူးလားဆိုတော့
ဆရာကိုယ်တိုင်ထည့်မှ စွမ်းမှာဆိုပဲ။
အာ့နဲ့ အထည့်ခံခဲ့ရရော။
အာ့လာ... ရန်ကုန်မြို့ကြီးမှာနော်
ရိုးသားနုံအသူတွေများတဲ့ နယ်ဘက်မဟုတ်သေးဘူး။

အဲ့လောက် နုံစရာလား... ဘာအဆောင်မို့ ရင်သားကြား ထည့်ရမှာလား... တစ်ယောက်လောက် ပါးဖြတ်ရိုက်ခဲ့ဖူးရင် အဲ့ကောင်ဘယ်လုပ်ရဲပါ့မလဲ။
ဘယ်နှယောက်တောင် အဲ့လိုလုပ်ခဲ့သလဲမသိဘူး
အဲ့ဗေဒင်ဆရာရဲ့ ဖောက်သည်တွေ တယ်မနည်းလှဘူး။
အခုကျ အဖော်တွေ့မှ ရင်ဖွင့်ကြတာ ဒင်းကြမ်း။

ကိုယ်တို့ ကျောင်းတုန်းက ယောက်ျားလေးသူငယ်ချင်း ငရွတ်တွေ ရှိတယ်။
မိန်းကလေးတွေ စုစု စုစုဆို ဗေဒင်ဟောပေးမယ်ဆိုပြီး
ပါးစပ်ထဲတွေ့တာ လျှောက်ပြော လက်လိမ်ကိုင်တာ။
တယ်အလုပ်ဖြစ်တယ်ဆိုပဲ။
အခုကိစ္စကြားတော့ အဲ့ကောင်တွေကို သွားသတိရမိတယ်။ ဟယ်... အဆင့်တွေ တယ်တက်သွားပါလားလို့။

အနာဂတ်ကို ကြိုသိရဖို့လောက်နဲ့ ပစ္စုပ္ပာန်မှာ အကိုင်မခံကြပါနဲ့ မမတို့ရေ....
ရီးတီးယားတား လာလုပ်ရင် ကြည်ညိုလို့ပါဆရာရယ်ဆိုပြီး ၃၄သိန်းတန်သာပစ်ကန်ထည့်လိုက်ကြပါ။
တဏှာရူးတွေ မျိုးတုံးသွားမှ အေးမှာရယ်။
image

ရင်ဘတ်ထဲထည့်ပေးတဲ့ အဆောင်လေးတွေ စွမ်းမစွမ်း
ငါလေး သိချင်မိ။
😏😏

Girls | Ecency