အတ္တနှင့်အနတ္တ

အတ္တဆိုသည်မှာ အစိုးရခြင်းလို့ အဓိပ္ပါယ်ရပြီး အနတ္တဆိုသည်မှာ အစိုးမရခြင်းလို့အဓိပ္ပါယ်ရပါသည်။။လူတိုင်းလူတိုင်းတွင်အတ္တရှိကြပါသည်။ နည်းသည်နှင့်များသည်သာကွာခြားပါသည်။ တိတိကြကြ
ပြောရမည်ဆိုပါက ပုထုဇဉ်တိုင်း၍ဟုပြောရပါမည်။တချို့ လူများက "ငါက အတ္တမရှိဘူး" လို့ပြောတာတွေကိုကြားဘူးကြပါလိမ့်မယ်။ ပုထုဇဉ်မှာ အတ္တမရှိဘူးဆိုတာမရှိပါဘူး ။ အရိယာ သူတော်စင်များမှာသာ အတ္တကို မဂ်ဖြင့်အပြီးသတ် သတ်ထားလို့ အတ္တမရှိတော့တာပါ။ အရိယာသူတော်ဇဉ်မဖြစ်သေးသရွှေ့ တမဂ်တဖိုလ်မရသေးသရွှေ့ ဘယ်သူမှအတ္တနဲ့မကင်းနိုင်ကြပါဘူး။
image
photp credit facebook
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေထိုင်ရင်းတစေ့တစောင်းကြည့်ကြည့်ပါ။အတ္တနည်းသူတွေ အတ္တများသူတွေ နေစဉ်တွေ့ရပါလိမ့်မယ်။ ပစ္စည်းဥစ္စာအတွက်နဲ့ပဲဖြစ်ဖြစ် ညီကိုမောင်နှစ်မ သားသမီး အစရှိသည်တို့နဲ့ပဲဖြစ်ဖြစ် အတ္တတွေများနေကြပါတယ်။ ငါ့ပစ္စည်းကိုမထိနဲ့ ငါ့သားသမီးထိရင်မီးပွင့်သွားမယ် ငါ့ညီကိုမောင်နှစ်မထိလို့ကတော့ အသေပဲ စသည်ဖြင့် အတ္တကြီးကြီးစွာနဲ့ပြောဆိုနေကြတာကို အားလုံးကြားသိနေကြပါလိမ့်မယ်။ အဲဒီလူတွေကတော့ အတ္တကြီးသူတွေပါ။ အတ္တနည်းသူတွေကတော့ ဘာကစ္စပဲဖြစ်ဖြစ် ညှိ့နှိုင်းပြီး ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှု့ပပြောက်အောင်ကြိုးစားဖြေရှင်းကြပါတယ်ဒီလိုအတ္တနည်းသူတွေဟာ လက်ရှိသာသနာတွင်းမှာတရားရနိုင်သူတွေပါ။ အတ္တအကြောင်းပြီးတဲ့နောက်မှာ အနတ္တအကြောင်း ဆက်လက်ဖေါ်ပြချင်ပါတယ်။
image
photo credit facebook
မတ်စွာဘုရားဟောကြားခဲ့တဲ့" အနိစ္စ ဒုက္ခ အနတ္တ"ဟုဆိုအပ်သော လက္ခဏာရေးသုံးပါးမှာ အနတ္တပါဝင်ပါတယ်။ အနတ္တဆိုတဲ့ အစိုးမရခြင်းကိုထပ်ပြီး ရှင်းရမယ်ဆိုရင် မိမိပိုင်ဆိုင်တာဘာမှမရှိပါဘူး။ အခြားပစ္စည်းဥစ္စာမပြောနဲ့ မိမိရရှိထားတဲ့ ခန္ဓာတောင်မိမိမပိုင်ဆိုင်ပါဘူး။ မပိုင်ဆိုင်တဲ့အကြောင်းကိုအနည်းငယ်ရှင်းပြပါရစေ။အစိုးရတယ် မိမိပိုင်တယ်ဆိုရင် မိမိသဘောဆန္ဒအတိုင်းရှိနေရပါမယ်။ ဒီခန္ဓာလှပဝပြောဖို့အစားကောင်းတွေဘယ်လိုပဲကြွေးကြွေး အဝတ်စားကောင်းတွေဘယ်လိုပဲစင်စင် သူကတော့တဖြည်းဖြည်းအိုမင်းရင့်ရော်လာတာပါပဲ။တကယ်လို့ကိုယ်ပိုင်ကိုယ်ဆိုင်တယ်ဆိုရင် ကိုယ်ထားသလိုနေပြီးကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်နေရမှာပေါ့။အခုတော့ အဲလိုမဟုတ်ပဲ သူသဘောသူဆောင်ပြီး သူဖြစ်ချင်သလိုဖြစ်နေတော့တာပါပဲ။
image
photo credit facebook
ကျွန်တော်တို့ဝိပသနာရှုမှတ်ပွားများတဲ့အချိန်မှာလည်းအနတ္တသဘောကို မြင်အောင်ကြည့်နိုင်မယ်ဆိုရင်တရားရဖို့သေချာနေပါပြီ။ ဘယ်လိုကြည့်ရယ်ဆိုတာကို ကျွန်တော်ဆရာတော်များဟောကြားချက်ထဲကနေ ကောက်နုတ်ပြောပြချင်ပါတယ်။ ကျွန်တော်တို့တရားစထိုင်ပြီးနာရီဝက်ကျော်လာပြီဆိုရင်နာကျင်ကိုက်ခဲတဲ့ဝေဒနာတွေ ပေါင်ရင်း ဒါမှမဟုတ်ဒူး ဒါမှမဟုတ်ခြေဖျားစတဲ့နေရာတွေမှာ ဖြစ်လာပါတယ်။ တရားတာလိုချင်ကြတာပါ အဲဒီဝေဒနာတွေကိုတော့ ဘယ်သူမှမဖြစ်ချင်ကြပါဘူး။တကယ်လို့အတ္တတာဆို ကိုယ်မဖြစ်ချင်ရင် မဖြစ်ချင်တဲ့အတိုင်းရှိနေရမှာပေါ့။ အခုတော့ ကိုယ်မဖြစ်ချင်တဲ့ ခံရခက်တဲ့ ဝေဒနာတွေဖြစ်လာတယ်ဆိုတာဟာ အနတ္တသဘောပါ။ကိုယ်မပိုင်တဲ့သဘောပါ အစိုးမရတဲ့သဘောပါ။
image
photo credit facebook
အချုပ်အားဖြင့်ဆိုရသော် ကျွန်တော်တို့ ဝိပသနာရှုမှတ်တဲ့အချိန်မှာ အနိစ္စ မမြဲတဲ့သဘော!
ဒုက္ခ ဆင်းရဲတဲ့သဘော! အနတ္တ အစိုးမရခြင်းသဘော
သုံးမျိုးထဲက တစ်မျိုးမျိုးကို အာရုံပြုပြီး အဓိဌာန်တင်ရှုမှတ်ရမှာဖြစ်ပါတယ်။ ကိုယ်အားသန်ရာ ကိုယ်အာရုံပြုရမှာဖြစ်ပါတယ်။ သုံးမျိုးထဲက တစ်မျိုးကိုအာရုံပြုလို့ သဘောလေးကိုမြင်ပြီဆိုရင်တော့ ဒီဘဝလူဖြစ်ရကြိုးနပ်ပါပြီ။ သေခြင်းတရားကို ရဲရဲဝံ့ဝံ့
ရင်ဆိုင်ကျော်ဖြတ်နိုင်ပါပြီ။ အနေမြတ်၍ အသေတတ်သူများဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။
MSC-251
author @mgmglattt

H2
H3
H4
3 columns
2 columns
1 column
31 Comments
Ecency