May Day

Words
110
Reading
1 min
Listen
Play
8y

ကမ္ဘာ့အလုပ်သမားနေ့  ( May Day )

Steemit မှ မိတ်ဆွေသူငယ်ချင်းများ အားလုံး မင်္ဂလာပါရှင့်

image

ဒီကနေ့ဟာ မေလ ၁ရက်နေ့ဖြစ်ပြီး ကမ္ဘာ့အလုပ်သမားနေ့ 
( မေဒေးနေ့) ဖြစ်ပါသည်

ကျမတို့ကျောင်းနေစဉ်ကာလ များကတော့အလုပ်သမားနေ့
မေဒေးနေ့ များတွင် မေဒေးနေ့ အခမ်းအနားများ ကျင်ပခြင်း
မေဒေးနေ့ အထိမးအမှတ် ပြခန်းများ ဈေးရောင်းပွဲတော်များ
ပြုလုပ်ကျင်းပခဲ့ကြပါသည်

မေဒေးနေ့သည် ကျောင်းတွေပိတ်ထားသည့် ကာလတွင်
ကျရောက်မြဲဖြစ်သောကြောင့် ကဇက်တက်ရက် ရုံပိတ်ရက်
တစ်ခု အနေနဲ့ အမှတ်မထားမိပေမယ့် ကျောင်းပီးလို့
အလုပ်ခွင်ရောက်သည့် အချိန်မှာတော့ မေဒေးနေ့အကြေုာင်း
နဲ့ မေဒေးနေ့ ဖြစ်ပေါ်လာရပုံ ရာဇဝင် တို့ကိုပါ အမှတ်ထားမိ
ရပါတော့တယ်

မေဒေးနေ့ ဟူ၍ စတင်ဖြစ်ပေါ်လာရပုံကတော့

၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့မှာ ချီကာဂိုမြို့ မှအစပြုကာ့
အခြားသောမြို့ကြီးတွေမှာ ပါအလုပ်သမား အများအပြား
ဆန္ဒပြခဲ့ကြ ရာမှ စတင်ကာ ဆန္ဒပြမှုများဟာဆက်လက်ဖြစ်ပွားခဲ့ပြီး မေလ ၄ ရက်နေ့မှာ အာဏာပိုင်များရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို ခံခဲ့ရတယ် လို့လေ့လာမှတ်သားမိပါတယ်

ထို့နောက်မှာတော့အလုပ်သမားတို့ရဲ့ တောင်းဆိုချက်ကို လိုက်လျောလာခဲ ပြီး ၁၈၈၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ် ညီလာခံမှာတော့ မေလ (၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အဖြစ် သတ်မှတ်ပေးခဲ့ပါ
တယ်

image

အခုလို မင်္ဂလာရှိလှတဲ့အလုပ်သမားနေ့ ကြီးကိုအလုပ်သမားထုအားလုံးတို့နှင့်အတူတူ ကြိုဆိုလိုက်ရပါတော့ တယ်

Steemit မှ မိတ်ဆွေ သူင်ချင်းများအားလုံးလည်း
စိတ္တသုခ ကာယသုခ နှစ်ဖြာ တို့ဖြင့်ပြည့်စုံ ပါစေကြောင်း
ဆုမွန်ကောင်း တောင်းလိုက်ပါတယ်

mamamyanmar@mamamyanmar

May Day | Ecency