အချစ် ရဲ့ တစ်စုံတစ်ရာ

အချစ် ရဲ့ တစ်စုံတစ်ရာ

အချစ်တဲ့လား အချစ်ဆိုတဲ့ စကားကို ပြန်ကြားရရင်
ကိုယ့်ကို ကိုယ် ငယ်ရွယ်နုပျိုသွားသလို အချစ်ဆိုတဲ့
စကားလုံးလေးက ပေးစွမ်းပါတယ်။
အချစ်ဆိုတဲ့ စကားလုံးလေး ကိုကြား လိုက်မိတာနဲ့ပဲ
ကိုယ်ရဲ့ နုနု ထွတ်ထွတ် ယင်မ တောင် မသန်းဘူးသေးတဲ့ ကိုယ့် အချစ်ပန်းကို ဆွတ်ခူးသွားတဲ့
ချစ်ဦးသူလဲ မြင်ယောင်မိပါတယ်။

oy05wtr2rl.jpg

ကိုယ့် အသက်ပင် မငယ်လင့်တော့ပေမယ့်
အချစ်ရဲ့ အသံ အချစ်ဆိုတဲ့ စကားလုံးလေးကြောင့်
လူပိုပေါက် တစ်ယောက်ကဲ့သို့ စိတ်မှာထင်ပြီး
အချစ်ရဲ့ အပိုင်းအစတွေ တူးဖော်မိတတ်ပါတယ်။
လူရယ်လို့ ဖြစ်လာရင် အချစ်နဲ့ လွတ်ကင်းသူ မရှိကြလေတော့ ချစ်ပြီးရင်း ချစ်ရင်း တစ်ချို့လည်း
အချစ်နဲ့ ဘဝ တွေ ပျက်ကြတယ်။

အချစ်ကိုလည်း အမျိုးအစားခွဲကြပါရဲ့။
1500 အချစ်နဲ့
528 အချစ်တဲ့ ။
1500 ဆိုတဲ့ အချစ်က ကြီးမား များပြားနေတော့
ဒီ အချစ်ရေယှဉ်ကြောက သံသရာ တစ်ဖက်ကမ်း
ကယးခတ်လို့ လွတ်လမ်း မမြင်မိဘူး။

အချစ်ဆိုတာဟာ ကိုယ့်ကို ဆွဲငင် ရစ်ပတ်မဲ့
သံသရာ ကြိုးရဲ့ အစမှန်းသိပေမဲ့ မျက်စိစုံမိတ်ပြီး
အချစ်ကို ယစ်မူးသာယာနေမိတယ်။
ဒီလို အချစ်တွေ အချစ်တွေကနေ နောက်ထပ်ချစ်ပြီးရင်း ချစ်ရင်း သံယောဇဉ် ကြိုးတွေ ထပ်ပေါက်ဖွား လာတဲ့အခါ ကိုယ့်မှာ
ဒီလောက ကနေ ရုန်းထွက်ဖို့ အားအင်တွေ ကုန်ခမ်းသွားခဲ့ရပါတော့တယ်။

MSC 045
@lwanwai

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center