ကျန်းမာရေးအသိပညာ (ဗဟုသုတ)

image
မြန်မာလူမျိုး အတော်များများဟာ ကွမ်းယာကို အလွန်းအမင်းစားသုံးလာတာကို တွေ့ရှိပါတယ် ကွမ်းယာ စားသုံးခြင်းသည် ကျန်းမာရေနဲ့ မညီညွှတ်သလို မိမိရဲ့ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေပါတယ် ထိုအတူ မလိုအပ်ပဲနဲ့ ငွေကို ဖြုန်းတီးရာလည်းကျပါတယ် ကွမ်းယာနဲ့ ပက်သက်ပြီးတော့ အောက်ပါအချက်များကို ဗဟုသုအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ ကွမ်းယာဆိုတာ မြန်မာ မင်းတွေ ဘိုးဘွားတွေ လက်ထက်ထဲက စားသုံးလာတာပါ။ ကွမ်းယာရောင်းပြီး ထမင်းစားရ၊ မိသားစုကိုရှာဖွေကျွေးရ၊ ကလေးတွေကျောင်း ထားရတဲ့ မိသားစုပေါင်းများစွာရှိသလို၊ ကွမ်းသီးခြံ ဆိုက်တဲ့တောင်သူတွေ၊ ကွမ်းရွက်ဆိုက်ပျိုးတဲ့တောင်သူတွေလည်း ထိုနည်းလည်းကောင်းပါဘဲ။ နိုင်ငံတော် အတိုင်ပင်ခံ အမတ်မင်ရယ် ဘယ်လိုဦးနှောက်မျိုးနဲ့များ နိုင်ငံတော်ကို ဦးဆောင်နေတာလဲဗျာ။ ဆုံးဖြတ်ချက်က ကလေးဆန်လွန်းတယ်။စည်းပွားရေးရှုထောင့်ကကြည့်ရအောင်။ ကွမ်းယာရောင်းတဲ့ လုပ်ငန်းရှိလို့၊ မိသားစု သိန်းပေါင်းများစွာ အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးစေပါတယ်။၊ ကလေးပေါင်းများစွာကိုလည်း ကျောင်းပညာရေးသင်ကြားဘို့အကူအညီရစေပါတယ်။ အဆိုးရကတောင် အလုပ်အကိုင်အခွင့်အလမ်း သီးသန့်ဖန်တီးပေးစရာမလိုပါဘူး။ ကွမ်းယာဆိုင်တွေဆိုတာ ကုန်ပစ္စည် မုန်းမျိုးစုံရောင်ရာဆိုင်ဖြစ်လို့၊ အဆိုးရအနေနဲ့ အခွန်တောင်ရပါသေးတယ်။
ကွမ်းသီ၊ ကွမ်းရွက်ဆိုက်ပျိုးခြင်း၊ ကုန်သည်ယူပိုဆောင်ရတဲ့ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ပြည်သူကို အကျိုးရှိစေပါတယ်။သဘာဝပတ်ဝန်းကျင် ရှုထောင့်ကကြည့်ဦးမလား။ ကွမ်းသီးဆိုက်ပျိုးခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းရာရောက်ပါတယ်။ စိမ်းလမ်းတဲ့ ကွမ်းသီခြံကြီးတွေဟာ ကမ္ဘာမြေကြီးပူနွေးလာမှုတွေကို တားစည်းပေးပါတယ်။ ကွမ်းရွက်ဆိုက်ပျိုးခြင်း၊ ဆေးရွက်ကြီးဆိုက်ပျိုးခြင်းဟာဆိုရင်လည်း ကွမ်းဆိုက်တောင်သူတွေအတွက် စည်းပွားဖြစ်စေသလို သဘာဝပတ်ဝန်းကျင်ကို စိမ်းလမ်းစေပါတယ်။ယဉ်ကျေးမှုရှုထောင့်ကကြည့်ရအောင်။ ကွမ်းစားတာ မြန်မာ့ ရိုးရာအမွေအနှစ်တစ်ခုပါ။ ရိုးရာအစဉ်အလာတွေကို ထိမ်းသိမ်းဘို့ နိုင်ငံတကာကလည်း အလွန်အားပေးနေပါ။ အဓိကတော့ စည်းကမ်းပေါ့။ ပျောက်ဆုံးသွားတဲ့ မြို့ဟောင်းတွေပြန်ဖော်၊ ဓလေ့ထုံးဆံဟောင်းတွေကို ပြန်ပြီးမွေးမြူပြီး ဂေဟစနှစ်ကို ထိမ်းသိမ်းဘို့ ကြိုးပမ်းနေကြပါတယ်။အခုဒီကွမ်းယာ လုပ်ငန်းကို ဖြိုဖျက်တော့မည့်အတွက်၊ ဒီကွမ်းသီးပင်တွေ ရှိသလောက် အလုပ်မဖြစ်တော့ ခုတ်လှဲရတော့မယ်၊ ကွမ်းဆိုက်တောင်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးတော့မည်။ ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့ ကွမ်းယာဆိုင်လုပ်ငန်းတွေ ပျက်တော့၊ ကလေးဘယ်နှစ်ယောက် ကျောင်းနေဘို့ အခွင့်အလမ်းတွေ၊ အလုပ်သမား ဘယ်များများ အလုပ်အကိုင်းဆုံးရှုံးတော့မလဲလို့တွေးမိတယ်။ မိန်းမပျိုတွေ ဆင်းရဲပြီးငတ်ရင် ပြည့်တန်တာလုပ်ငန်းကို တွန်းပို့သလို့ဖြစ်တော့မယ်။အဓိက လုပ်ရမှာ စည်းကမ်းပါ။ အသိပညာပေးခြင်းပါ။ ကွမ်းယာကိုလျှော့စားအောင်၊ စည်းကမ်းမဲ့ရင် ဓာဏ်ငွေရိုက်ခြင်း။ ဥပဒေတင်းကျပ်လိုက်ပါ။ ရဲတပ်ဖွဲ့ကို ဘတ်ဂျတ်ပုံသုံးပြီး ပြည်သူနဲ့ ပူပေါင်းပြီးဖြေရှင်းသင့်တဲ့ ကိစ္စ စည်ပင်သာယာနဲ့ပူးပေါင်းပြီဖြေရှင်းရမှာပါ။အလွန်အကျွံမသုံးဆွဲရင် ကွမ်းယာဟာ ဇိမ်ခံပစ္စည်းတစ်မျိုးပါ။ ဆေးလိပ်နှင့် အရက်က ကွမ်းယာထက် ဆိုကျိုးပိုများပါတယ်။ ဒါတောင် တန်ရင်ဆေးဖြစ်ပါတယ် မေရိကန်၊ ဥရောပလို နိုင်ငံမှာဆေးခြောက်တောင်တရားဝန်ခွင့်ပြုနေကြပြီး။ မြန်မာပြည်က အမတ်မင်းတွေကတော့ ကွမ်းတံတွေးကို တော်တော်ရွံပုံရပါတယ်။ ဂေဟစနှစ်ကြီး ကိုယ့်ကြောင့် မပျက်စည်းပါစေနှင့် လို့ဘဲ လွှတ်တော်တွေ အဆိုးရတွေကို အကြံပေးချင်တယ်။ လွှတ်တော်ကိုယ်တိုင်ကလည်း တစ်သွေးတစ်သံ တစ်မိန့်အောက်ရောက်နေတော့ ခက်တယ်။
image
image
image

  1. အာဟာရ ဖြစ်စေမည့် အစားအစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေ သည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။

  2. ဤကဲ့သို့ ငွေကြေးအကုန်အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရ အစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေါ်လာသူ ဖြစ်ကြောင်း စားသုံး မှီဝဲသူပင်မသိ။ ဘာသိဘာသာနေပြီး စားသုံး မှီဝဲနေကြသည်။
    ရောင်းချသော ဈေးဆိုင် ကလေးများ ကလည်း လမ်းဘေးဝဲ၊ ယာတွင် အလွယ်တကူ ရနိုင်သည်။ ဝယ်နိုင်သည်။ ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်တို့တွင် သူတို့နယ်မြေ ကြီးစိုး နေကြသည်။ အလွယ်တကူ စားသုံးနိုင်အောင် ပလတ်စတစ်ထုပ် ကလေးများဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံး မှီဝဲ လိုက်ကြသည်။

  3. ထိုကဲ့သို့ ကွမ်းယာကို နိုင်ငံတစ်ဝန်း နေရာတိုင်း၊ အချိန်တိုင်းမှာ တွေ့ကြရသည်။ မှီဝဲ စားသုံး ကြရသည်။ မြို့နေ၊ တောနေ လူဦးရေ၏ ထက်ဝက်ခန့်က ကွမ်းယာ စားသုံးမှု အဖြစ် နေရာယူ နေကြသည်။ လူမှုရေး လောကဝတ်တွင် ကွမ်းစား၊ ဆေးသောက် ကိုရိုးရာ ဧည့်ဝတ် လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများ လက်ထက်ကပင် ခံယူ ဝတ်ပြု နေကြသည် ကတော့ မှန်ပါသည်။သို့သော် အစဉ်အလာ မလုပ်သင့်ပါ။ အစဉ်အလာ မလုပ်ဘဲ၊ ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ ရှောင်ကြဉ် ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့ စရိုက်ဆိုး ကလည်း ကွယ်ပျောက် သွားကြရမည်သာ ဖြစ်သည်။ ရှေးလူကြီး မင်းများ၊ တို့မိတို့ဖများ၊ တို့ဘိုး တို့ဘွားများက လက်ခံ ကျင့်သုံးခဲ့ကြ သော်လည်း ပယ်သင့်လျှင် ပယ်ကြရမည်။ ရှောင်သင့်လျှင် ရှောင်ကြရပေမည်။

  4. ကွမ်းယာစား ဆေးသောက် ဟူ၍ ပေါ့ပေါ့လေး ပြောပြီး ပေါ့ပေါ့လေး လုပ်ခဲ့ကြသော ကြောင့် ဓလေ့အသွင် ဟန်ဆောင်၍ လူက ခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေမင်းကို လက်တွဲ ခေါ်ခဲ့ကြောင်း မသိကြတော့ပါ။ ကျန်းမာရေး အသိ၊ ကျန်းမာရေး ဗဟုသုတ ကိုလည်း သိအောင် မလုပ်၊ ရှာမှီးခြင်းလည်း မရှိ၊ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီး သားများက ဖယ်ရှားကုန်ပြီ။ ယဉ်ကျေးသော နိုင်ငံသား တိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှု ကိုလည်း အကျည်း တန်စေနိုင်ကြောင်း လက်ခံ ယုံကြည် ကြပါသည်။ ကွမ်းကိုဝါးခြင်း၊ မြုံခြင်း မဟုတ်တော့။ ထမင်းစား၊ ဟင်းစား သလို ကွမ်းစား နေကြသည်။ ပါးစပ်ကို အအားမထား၊ အနားမနေ။ ကွမ်းထုပ် တစ်ထုပ်ပြီး တစ်ထုပ် တစ်နေကုန် စားမည့် ကွမ်းထုပ်ကို နံနက်အိပ်ရာမှ ထသည်နှင့် ဝယ်ထား လိုက်ကြသည်။

  5. ကွမ်းယာကို တစ်နေ့ ကုန်ကျစရိတ် ၅ဝဝ-၁ဝဝဝ ကျပ်စားသော လူတန်းစား၊ တစ်နေ့ ၂ဝဝဝ-၃ဝဝဝ ကျပ်ကုန်သော လူတန်းစား။ နေရာအနှံ့ ပေါနေသော မြို့ပြ၏ ပြယုဂ် ကွမ်းယာ ဆိုင်များက ၂၄ နာရီ မြင်နိုင်သည်။ ကွမ်းကို စည်းကမ်းရှိရှိ စားလျှင်၊ ဝါးလျှင်၊ လူမှုရေး နယ်ပယ်၌ ပြဿနာ မရှိ။ တွေ့
    သည့် နေရာတွင် ထွေးချ လိုက်ကြသည်။ ”ကွမ်းတံတွေး မထွေးရ” ဆိုင်းဘုတ် စာတန်းပေါ်၌ပင် ကွမ်းတံတွေးများ ရဲရဲနီ သွားကြပြီ။ ကွမ်းတံတွေး များက မြို့၏ အင်္ဂါရပ်ကို အကျည်းတန် အရုပ်ဆိုး
    စေသည်။ ပတ်ဝန်းကျင် အလှကို ဖျက်ဆီး လိုက်ကြသည်။ကွမ်းယာ ရောင်းသော ဆိုင်များတွင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အိန္ဒိယဆေး မျိုးစုံများ ပူးတွဲ ရောင်းချသည်ကို တွေ့ကြရသည်။ ကွမ်းနှင့် အလားတူ ဓာတုဆေးများက နေရာယူ လာကြသည်။ တစ်ထုပ်လျှင် ငွေကျပ် ၅ဝ ပေးလိုက်ပါက အိန္ဒိယ ဆေးတစ်ထုပ် ရနိုင်သည်။ ထိုဆေးငုံ ကြသူများကို ခံတွင်း၌ ရောဂါ တစ်မျိုးကို ဖန်တီး လိုက်သည်။ အမှုမဲ့၊ အမှတ်မဲ့ ဝယ်ယူ သုံးစွဲရာမှ လတွေ၊ နှစ်တွေကြာလာ သောအခါ ကုစား၍ မရနိုင်သော သေမင်း၏ တမန်တော် ရှေ့ပြေး တပ်သား ”ကင်ဆာ” ရောဂါက ဖိစီး ဝင်ရောက် လာသည်။ ကြိုတင် မသိသော်လည်း ခန္ဓာကိုယ်တွင်း၌ လှိုင်ဖွဲ့၍ ကြီးစိုးနေရာမှ ရောဂါ ရှိမှန်းသိသောအခါ၌ အချိန်က လွန်သွားပြီ။ ”ကင်ဆာ”ဟူ၍ အမည် တပ်လိုက်ပြီ။

ကုစား မရနိုင်သော ရောဂါဆိုးကြီး အဖြစ် ငွေကုန်သော်လည်း အသက် မမီလိုက်သော အခြေအနေသို့ ရောက်လာသည်။ ကွမ်းစားပါက ထွေးပစ်ရသော ”ကွမ်းတံတွေး”၏ စွန့်ပစ် ပစ္စည်း ဒုက္ခက ပိုလာသည်။ ကွမ်းတံတွေးကို အရမ်း ထွေးပစ်၍ မရ။ ကွမ်းစားခြင်း၊ ကွမ်းထွေးခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်မြင်သံကြားတို့က ပညာပေး လျက် ရှိပါသည်။ ယခုခေတ်တွင် ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီးဆေး၊ ယာပြီးကွမ်းယာ များက ပလတ်စတစ် ထုပ်ကလေး တွေဖြင့် စားသုံးသူ၊ မှာကြားသူ အတွက် အသင့် အနေအထားမှာ ရှိနေကြသည်။ ကွမ်းစား၊ ကွမ်းဝါးခြင်းလုပ်ငန်းတွင် ကွမ်းသီး သီးသန့်ဝါးကြသူ၊ ဆေးရွက်ကြီး ငုံသူ၊ ဆေးရွက်မပါဘဲ ကွမ်းသီး၊ ကွမ်းရွက်၊ ရှားစေးနှင့် ထုံးတို့ဖြင့် စားတတ် ကြသည်။ ဝါးကြသည်။ ငုံကြသည်။ အချို့က ကွမ်းရည်ကို မျိုချသည်။ အချို့က ကွမ်းကို ညက်အောင်ဝါးပြီး ထွေးပစ်ကြသည်။ အချိုအဆိမ့် ကြိုက်သူများက ကွမ်းယာလျှင် အာမွှေး၊ ပရုပ်၊ အုန်းသီးဆန်၊ လေးညှင်းနှင့် ဖာလာစေ့များထည့်၍ စားတတ်ကြသည်။ ကွမ်းစား ရာ၌ ကွမ်းသီးတွင်ပါသော အေရီကိုလင်း က ခန္ဓာကိုယ်ကိုလန်းဆန်း စေသည်။ တက်ကြွစေသည်။ စိတ်ကိုငြိမ် သက်စေသည်။ အကြောအခြင် ပြေစေသည်။ ထုံးဓာတ်က တံတွေးကို ပိုထွက်စေသည်။ သို့သော် ကွမ်းယာတွင် ရှိသော အယ်လ်ကာလွိုက်၊ ပေါ်လီဖနယ်များက ဘေးထွက် ဆိုးကျိုး အနေဖြင့် လူကိုကင် ဆာဖြစ်စေနိုင်စွမ်း သည့် သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါ များ ဖြစ်စေသည်။ သွားဖုံးရောင် ရောဂါ၊ မျိုးစုံလှသော အပိုဒုက္ခ၊ အပိုရောဂါ၊ အပိုငွေ ကုန်ကြရမည့် ဝဋ်ဒုက္ခ ကြောက်စရာ ကင်ဆာ ရောဂါဆိုးကြီး ဖြစ်စေမည့် ကွမ်းစားခြင်းကို ရှေင်ကျဉ်သင့်ပါသည်။
image
ကွမ်းယာစားသုံးခြင်း ကျန်းမာရေးနဲ့ မညီညွှတ် ငွေကုန်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းစေသောလည်း ကွမ်းရွက်ဟူသည် သဘာဝ၏ ဆေးကောင်း တစ်လက်လို့ ဆိုရလောက်တဲ့အရွက်ဖြစ်ပါတယ်။ ကွမ်းရွက်ဟာ လူတွေတစ်အတွက် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့... အကိုက်အခဲပျောက်စေပါတယ်။
မွေးကျွတ်နာကို သက်သာစေပါတယ်။
ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်။
အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်။
အဆစ်ရောင်နာကို သက်သာစေပါတယ်။
အနာကျက်စေပါတယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now