ဆလပ်ရွက်သုပ်

ကျွ န်မတို့ မြန်မာများသည်ဆလပ်ရွက်ကိုများသောအားဖြင့်အတို့ အမြု ပ်အဖြစ်ခရမ်းချဉ်သီးငပိချ က်,ငံပြာရည်ဖျော်.ငါးပိတစ်ချ က်.ငပိရည်ကျိုတို့ ဖြင့်တွဲဖက်စားသုးံကြသည်။ကျွန်မတို့ အိမ်ကဆလပ်ရွက်ကိုမကြာခဏသုပ်စားလေ့ရှိပါတယ်။အတို့ အမြု တ်ထက်သုပ်စားရတာကိုပိုနှစ်သက်တယ်။ဆလပ်ရွက်သုပ်ကိုရေနွေးကြမ်းနှင့်သရေစာအဖြစ်စား၍ရသလိုထမင်းနှင့်လည်းစားသုးံနိုင်ပါတယ်။ဒီနေ့ ဆလပ်ရွက်သုပ်စားဖြစ်တာနဲ့ဆလပ်ရွက်သုပ်နည်းကိုမျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဆလပ်ရွက်အနေတော် ၃ပင်

ခရမ်းချဉ်သီး ၄လုးံ

ကြက်သွန်နီ ၃လုးံ

ဆီ ၂ကျပ်ခွဲသား

မြေပဲကြော်(လှော်) ၅ကျ ပ်သား

ကြက်သွန်ဖြူ ၁ဥ

ဆား အနည်းငယ်

အရသာမှုန့်  အနည်းငယ်

ငရုတ်သီးစိမ်း ၅တောင့်(အစပ်စားလျှင်)

image

ဆလပ်ရွက်များကိုရေစင်အောင်ဆေးပြီးရေစစ်ထားပါ။ကြက်သွန်ဖြူ ဆီချက်ချက်ထားပါ။ကြက်သွန်နီကိုအခွံနွှာပြီးပါးပါးလှီးထားပါ။ခရမ်းချဉ်သီးမျာကိုပါးပါးလှီးထားပါ။မြေပဲကိုညက်အောင်ထောင်းထားပါ။ပြီးလျှင်သုပ်မည့်ပန်းကန်(သို့ )ဇလုံထဲသိုရေစစ်ထားသောဆလပ်ရွက်များကိုလှီးထည့်ပါလှီးထားသောခရမ်းချ ဉ်သီးများကိုအရည်ညှစ်ပြီးမှထည့်ပါ။ခရမ်းချဉ်သီးကနယ်တဲ့အခါအရည်ထွက်တတ်လို့ ပါ။လှီးထားသောကြက်သွန်နီ,မြေပဲထောင်း.ဆားအနည်းငယ်.ဆီချက်.အရသှာုန့်အနည်းငယ်ကိုထည့်ပြီးသမအောင်နယ်ပါ။အစပ်ကြိုက်လျှ င်ငရုတ်သီးစိမ်းညှပ်ထည့်နိုင်ပါတယ်။အပေါ့အငံမြည်းပြီးအရသာရှိသေဆလပ်ရွက်သုပ်ရပါပြီ။

Photo by @AyeAyeThaw

Author @AyeAyeThaw

H2
H3
H4
3 columns
2 columns
1 column
Join the conversation now