ဘ၀

ဘ၀

ဘ၀ဆိုတာ စာလုံးလေးက နှစ်လုံးထဲဘဲ ရှိတယ်။သို့သော် အဓိပ္ပာယ်ကတော့ ‌လေးနက်လှတယ်။လူတစ်ချို့က ဘ၀ဖြတ်သန်းပုံတစ်မျိုးရှိသလို တစ်ချို လူတွေကလည်း ဘ၀ဖြတ်သန်းပုံတစ်မျိုး ရှိနေတယ်။ဒါကြောင့် အနှစ်ချုပ်ရင် ဘ၀ဖြတ်သန်းပုံက (၄)မျိုးဘဲ ရှိတယ်။ပထမလူတစ်မျိုးက အရမ်းဆင်းရဲပင်ပန်း
ပြီး ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ်။သူတို့ဘ၀ကတစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘ၀လေးဖြစ်တယ်။ခုလိုခေတ်ပျက်မှာဆို တစ်အိမ်သားလုံး အလုပ်လုပ်မှာ လုံလောက်တဲ့ဘ၀ပေါ့။အရမ်းဆင်းရဲကြတယ် ။အရမ်းလည်း ပင်ပန်းကြတယ်။အရမ်းလည်းသနားစရာကောင်းကြတယ်။အလုပ်မလုပ်နိင်ရင်တော့ အငတ်နေရတဲ့ ဘ၀လေးတွေဖြစ်တယ်။ကူညီသူတွေ နည်းတော့ အားကိုးစရာမရှိတဲ့ဘ၀ပါ။

နောက်လူတစ်မျိုးက မိဘ ဘိုးဘွားတွေက ချမ်းသာတော့ အေးအေးဆေးဆေး ဘ၀ကို ဖြတ်သန်းရတယ် အပူအပင် မရှိသလို ပညာစုံသည် ဖြစ်စေ ပညာမစုံသည်ဖြစ်စေ မိဘ ဘိုးဘွားအမွေယူပြီး လုပ်ကိုင်စားရုံဘဲလေ။ဘ၀မှာ ဆင်းရဲမှုနည်းသော ဘ၀ဖြစ်တယ်။ဒါက အပြစ်ပြောလို့မရပါဘူး။သူတို့ရဲ့အတိတ်ဘ၀က ကုသိုလ်ကံကောင်းခဲ့လို့ မှတ်ယူသင့်တယ်။မိဘ ဘိုးဘွား အမွေဆိုတာ ထိုက်သူစံ ဆိုသလိုပါ။

နောက် လူတစ်မျိုးက မိဘတွေ နောက်ခံမကောင်းသော်လည်း မိမိဘ၀ကို တိုးတတ်အောင် ကြိုးစား‌ေူာကြောင့် ဘ၀အစမှာ ဆင်းရဲသော်လည်း လူလတ်ပိုင်းအရွယ်မှာ သာယာသော ဘ၀ပိုင်ဆိုင်သူ‌တွေပါ။သူတို့က အတိတ်ကံမကောင်းသော်လည်း ယခုလက်ရှိမှာ ကောင်းသောအလုပ်တွေမပျက်ဘဲ ကြိုးကြိုးစားစားလုပ်သောကြောင့် ငယ်အခါဆင်းရဲ ကြီးအခါ ချမ်းသာသောလမျိုးတွေပါ။

နောက်ဆုံးလူမျိုးက မိဘ ဘိုးဘွားက ချမ်းသာသော်လည်း မိဘအမွေ မထိုက်သောကြောင့် ငယ်အခါ အေးဆေးဘ၀ကို ကသော်လည်း ကြီးအခါ ပင်ပန်းဆင်းရဲသော လူတစ်မျိုးပါ။ဒါက အတိတ်ရဲ့ကောင်းမှုကုသိုလ်ရှိသော်လည်း လက်ရှိဘ၀မှာ မကောင်းမှုလုပ်ကာ ထင်ရာ လုပ်တတ်သော်ကြောင့် ငယ်အခါ အေးဆေပြီး ကြီးအခါ ဒုက္ခ ကြုံရသော လူမျိုးပါ။

ဒါက လူ(၄)မျိုးရဲ့ ဘ၀ ဖြတ်သန်းပုံလေးကို တင်ပြအပ်ပါတယ်။ခုစာလေးက ဗဟုသုတ တွေရပါစေ။

Author-@tunnaingwin
Date-19.4.2023
Time-19:25PM

H2
H3
H4
3 columns
2 columns
1 column
Join the conversation now