ဂရုဏာကြေး

we.png

စစ်ကိုမုန်း၍ စစ်တိုက်နေရသည်။ ထို့ကြောင့် စစ်သည် ပို၍ ပို၍ ကျယ်ပြန့်လာနေသည်။ စစ်နှင့်အတူ စစ်၏ အနိဌာရုံများကို မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး မြင်နေကြားနေရသည်။ မြန်မာပြည်သည် စစ်နှင့်အကျိုးပေးသည်။

ကုလသမဂ္ဂ ဗဟိုအရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေ (CERF) သည် နိုင်ငံပေါင်း ၁၃ နိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်ကို ခွဲဝေပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

ရန်ပုံငွေအများဆုံးရရှိသည့် ကယ်ဆယ်ရေးလုပ်ငန်းများသည် ဆီးရီးယားက ဒေါ်လာ ၂၅ သန်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ဒေါ်လာ ၂၃ သန်း၊ ဆူဒန်က ဒေါ်လာ သန်း ၂၀ နှင့် မြန်မာက ဒေါ်လာ ၁၂ သန်း ရရှိမည်ဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် စစ်ရှောင်ပြည်သူများ သိန်းနှင့်ချီ၍ ရှိနေသည်။ အပြစ်မဲ့ ပြည်သူများစွာတို့ကို ကုလမှ လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးမည်ဆို၍ ဝမ်းနည်းဝမ်းသာ ဖြစ်ရသည်။

စစ်ရှောင်ပြည်သူများလက်ထဲသို့ ကူညီထောက်ပံ့မှုများ မည်သည့်ရာခိုင်နှုန်းအထိ ရမည်ကိုတော့ မှန်းဆရန် ခက်ခဲ့လှပါသည်။ ငွေကြေးရံပုံငွေများသည် ကုလမှတဆင့် မြန်မာပြည်အခြေစိုက် အန်ဂျီအိုများသို့ စီးဆင်းမည်။ အန်ဂျီအိုများမှတဆင့် ပြည်သူများလက်ဝယ်သို့ ရောက်ရှိမည်။

သို့သော် အန်ဂျီအိုများသည် စစ်ကောင်စီ၏ ထားရာနေ၊ စေရာသွား အဆင့်သာ ရှိသည်။ အန်ဂျီအိုများသည် စစ်ကောင်စီနှင့် MOU လက်မှတ်ထိုးပြီးမှ အလုပ်လုပ်ခွင့်ရသည်။ အန်ဂျီအိုများ၏ အကြောင်းပြချက်မှာ MOU လက်မှတ်ထိုးမှ လူသားချင်း စာနာသည့် အကူအညီ ပေးခွင့်ရမှာမို့လို့ ဟု ဆိုပါသည်။ တနည်းအားဖြင့် အန်ဂျီအိုများသည် စစ်ကောင်စီကို အသိအမှတ် ပြုပေးနေပါသည်။

အချို့သော အန်ဂျီအို ဇတ်လမ်းများကိုလည်း မကြာခဏ ကြားဖူးပါသည်။ ရံပုံငွေ၏ ရာခိုင်နှုန်းတော်တော်များများမှာ အန်ဂျီအို၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ အစည်းအဝေး ဟိုတယ် နှင့် ခရီးသွားလာရေး၊ အရာရှိ အရာခံ လစာနှင့် ရုံးခန်း အိမ်ခန်းဌားခစရိတ်များတွင် အသုံးပြုကြသည်ဟု ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ ရေနစ်သူအတွက် ကောက်ရိုးတမျှင်သည် အသက်ကယ်ဆေးသဖွယ် ဖြစ်နေပါသည်။ အန်ဂျီအိုများသည် ရံပုံငွေများကို ကိုယ့်ခြေကိုယ့်လက်နှင့် စီမံခန့်ခွဲ၍ စစ်ရှောင်ပြည်သူများကို တိုက်ရိုက် ကူညီထောက်ပံ့မည်လား၊ သို့မဟုတ် စစ်ကောင်စီ၏ အမိန့်အာဏာနှင့် ကန့်သတ်ထိန်းချုပ်မှုများအောက်မှ သွားမည်လား ဆိုသည်ကို စောင့်ကြည့်ရဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
16.01.2022

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency