Splinterမှာဂွကျခြင်း

Words
205
Reading
1 min
Listen
Play
5y

မဂ်လာပါ ဟိုက်ဗ်အဖွဲ့သားများခင်ဗျား။
splinter_logo.jpg

ပိုစ်ခေါင်းစဉ်ကိုကြည့်ပီး splinterဂိန်းက ဘယ်လိုများ ဂွကျလေသလဲလို့ ထင်မြင်မိကြမည်ထင်ပါသည်။ တကယ်တော့ splinter game က ဂွမကျပါဘူး ကျွန်တော်ကွီးရွှေကသာ ဂွကျနေခြင်းပါ။

တနေ့က ကျွန်တော်တင်ခဲ့သည့် ကြံမိကြံရာ စပလင်တာ ဆိုသည့်ပိုစ်နောက် အလျင်းသင့်သလို Splinterland game ကို ဆက်ကစားဖြစ်ပါတယ်။ ဆော့ဘူးသူတိုင်းသိတဲ့အတိုင်း အစပိုင်းမှာ ပါဝါမရှိလေတော့ ပွဲတိုင်းရှုံးပေါ့ဗျာ၊ နောက်တော့ ကိုဒိုမီတင်တဲ့ ပိုစ်လေးတွေဖတ်မိကာမှ ကဒ်လေးတွေတစ်ခုခြင်း သဘောတရားကို နားလည်သလိုဖြစ်လာတယ်၊ နောက်တော့ သူများဆော့ပီးသား ပွဲစဉ်လေးတွေ လိုက်ကြည့်တယ်ဗျာ။

အဲလိုနဲ့ ကျွန်တော်လည်း တော်တော်လေး ဆော့တတ်စပြုလာတော့ လောဘလေးကထကြွလာပါရော အရင်က Bronze II မှာ Reward box ၇ခုရတာနဲ့ ပျော်နေတင်းတိမ်နေရာက နောက်တစ်ဆင့် ထပ်တက်ချင်လာတဲ့ လောဘပေါ့ဗျာ။ အင်းဗျ လောဘတက်ဆိုလဲတက်စရာပဲ Bronze I မှာက Reward box ၉ခုရမှာလေဗျာ။ League အနိမ့်ပိုင်း Bronze IIIမှာဆိုရင် တစ်ပွဲတိုက်ပီးနိုင်တောင်မှ win streak % ကနဲတော့ များများရတဲ့ပွဲဆိုရင်တောင်မှ Dec 0.5 လောက်ပဲရတယ်ဗျာ၊ အဲ နဲနဲလေး league တဆင့်တက်ကြည့် ဥပမာ Bronze II ဆိုပါစို့ အဲမှာ ပိုရလာပီဗျ၊ တပွဲနိုင်တာနဲ့ Dec 1+ ကျော်ကျော်တွေဖြစ်လာရော။

win.jpg

သို့ကလိုကြောင့် ကျနော်လဲ လေ့လာလိုတာကတစ်ကြောင်း လောဘကြီးတာကတကြောင်း Bronze I ကို ရောက်အောင် သွားကြည့်မယ်ဆို တစ်ပွဲပီးတစ်ပွဲချလိုက်တာ ၂ ပွဲရှုံး ၁ပွဲနိုင် အမှတ်က ကျသွားရော၊ ပြန်တိုက် ၁ပွဲရှုံး ၂ပွဲနိုင်လိုက်နဲ့ လည်ထွက်နေတာပဲ လိုချင်တဲ့ Rank အမှတ်ကို မရောက်နိုင်ဘူးဖြစ်နေရောဗျာ။ ပွဲစဉ်တွေကလဲ အရင်လိုမဟုတ် ခက်ခဲလာတယ် ဒီနေရာမှာ ကဒ်တွေတစ်ခုခြင်းအကြောင်းသိနေသူများအတွက် အစီအစဉ်ချတတ်မှ နိုင်မယ်ဆိုတာ ပိုသိလာရတယ်ပေါ့ဗျာ။

ဆက်ပီး လိုရင်းရောက်အောင် ကျော်တယ်ဗျာ ကျနော်ရောက်ချင်တဲ့ Bronze Iကို ရောက်ရောဗျာ အဲမှာ ကျွန်တော်ဂွကျတော့တာပဲ အခုရောက်နေတဲ့ League ကနေ နောက်ထပ်ဆက်တက်ခွင့် မပေးဘူးဗျာ ဘာကြောင့်လဲဆိုတော့ ကျနော့ ဂိန်းပါဝါ တနည်းအားဖြင့် ကျွန်တော်ပိုင်ဆိုင်သော ကဒ်များအားလုံးရဲ့ collection power နဲ့ ကျနော်ပိုင်ဆိုင်သော DEC (Dark Energy Crystals)က နဲနေတဲ့အတွက် သူတို့ သတ်မှတ်ထားသော ပါဝါမရှိ စံချိန်မမှီတဲ့အတွက်လို့ မှတ်ချက်မှာ ဆိုထားတယ်ဗျာ။

new_quest_and_lock_silver_3.jpg

အဲဒီတော့ ကျွန်တော်ကွီးရွှေ ဂွကျရတဲ့အကြောင်းက ပွဲနိုင်လျင် နိုင်ကြေးများများကလည်းရချင်သေးတယ်၊ အထက်ကိုလဲ ဆက်မတက်နိုင် အောက်ကိုလဲမဆင်းချင် ဖြစ်နေတာကတစ်ကြောင်း၊ Season End time ကလဲ နောက် ၃ ရက်လိုသေးဗျာ။ သို့ကလိုကြောင့် ဒီတိုင်းရပ်နေရင် လိုချင်တဲ့ Reward Box ၉ခုကို ရနိုင်သော်လည်း ဆက်တိုက်လို့ ရှုံးပွဲဆက်ရင် အောက် league ကို ပြုတ်ကျမှာလည်းကြောက်သေးဆိုတော့--

ကျနော်ကွီးရွှေ Splinterမှာ ဂွကျနေရပါပေါ့ဗျာ--။
သို့ကလို ဂွကျနေတဲ့ ကျနော့ကို Gamer ကြီးများ အကြံလေးပေးကြပါအုန်း ဆက်တိုက်ရမလား ဒီတိုင်းထိုင်ကြည့်နေရမှာလားဗျို့ ...။

မြန်မာဟိုက်အဖွဲ့သားများ ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ။ နိုင်ငံတော်ကြီးလည်း အမြန်အေးချမ်းပါစေ။

nyinyiwin@nyinyiwin
12.10.2021 : PM

Splinterမှာဂွကျခြင်း | Ecency