ခရုကိုမြင်

ကောင်းသောနေ့ပါ။

ပဲပင် နွယ်တက်နေသော ဝါးလုံးတိုင် ဘေးမှာ ကပ်တက်နေသော ခရု တကောင်ကို တွေ့မြင်ခဲ့ရသည်။
ဒီတော့ ငယ်ငယ်က စာသင်ခဲ့ရသော မပုကြွယ်နှင့်ခရုငယ် ကို သတိရမိသည်။
စာဖျင်းသော မပုကြွယ် တယောက် ဖြည်းဖြည်းခြင်း တိုင်ပေါ် တက်လာသော ခရုငယ်ကို ကြည့်ပြီး အတုယူခဲ့သည်။
စာကို ပုံမှန် လေ့လာလေ့ကျင့်သော‌အခါ မပုကြွယ် စာတတ်လာခဲ့သည်။

ယခုခေတ် ကလေးငယ်‌ဖက်စာ ထဲမှာတော့ ခခွေးလေး ခခွေးလေး ပန်းပင်တက်တဲ့ ခရုလေး သွားနေတာက ခပ်နှေးနှေး ဖယ်ရှားကြစို့လေး ဟု ပါရှိသည်။
ခရု အသွားနှေးတာကို ဖော်ပြပေမယ့် ဇွဲရှိတဲ့အကြောင်းမပါတော့ အတုယူစရာမဟုတ်ပေ။
ခရုသည် ပန်းပင်တွေကို စား မစားတော့ မသိပါ။
ပန်းပင်တွေကို စားလျှင်တော့ ခရုကို ဖယ်ရှားပစ်သင့်ပါသည်။

ဝါးတိုင်ပေါ် ကပ်တက်နေတဲ့ ခရုကို ကြည့်ရင်း တွေးမိရေးမိတာပါ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center