MetaMask ထဲက crypto တွေကို Mastercard ကနေတဆင့် Mastercard လက်ခံတဲ့ဆိုင်တိုင်းမှာ အသုံးပြုလို့ရနိုင်ပါတော့မယ်။ MetaMask Card လို့ နာမည်ပေးထားတဲ့ ဒီ card ဟာ Metamask ထဲမှာ ရှိနေသမျှ crypto တွေကို အသုံးပြုပြီး ဝယ်လို့တော့ ရနိုင်မှာမဟုတ်ပါဘူး။
USDT၊ USDC နဲ့ WETH (Wrapped Ethereum) လိုမျိုး cryptocurrency တွေကိုပဲ သုံးပြီး ဝယ်လို့ရနိုင်မှာဖြစ်ပြီး အခြား cryptocurrency တွေနဲ့ ပေးဝယ်ဖို့အတွက်ကတော့ လုံခြုံရေးပိုင်းအရ အဆင်မပြေကြောင်း Mastercard ရဲ့ crypto head က ဆိုထားပါတယ်။
ဒါ့အပြင် လောလောဆယ်မှာ UK (United Kingdom) နဲ့ EU (European Union) ဒေသတွေမှာပဲ service ပေးလို့ရနိုင်ဦးမှာဖြစ်သလို MiCA (Markets in Crypto-Assets Regulation) ဥပဒေအောက်ကနေ service ပေးသွားမယ့်ပုံပါပဲ။
MetaMask card တွေကို ဒီနှစ်ကုန်ပိုင်းလောက်မှာ UK နဲ့ EU ဒေသတွေထဲက user ထောင်ဂဏန်းလောက်နဲ့ အစမ်းသဘော စတင်သွားဖို့ ရှိပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်းချင်း service ပေးနိုင်တဲ့ ပမာဏကို ချဲ့ထွင်သွားဖို့ ရှိကြောင်း ကြေငြာထားပါတယ်။
MetaMask card ဟာ USDT၊ USDC နဲ့ WETH တို့ကို အသုံးပြုနှုန်းများလာစေနိုင်ပြီး အထူးသဖြင့် stablecoin ကိုင်ထားကြသူတွေအဖို့ fiat ငွေသားကို တကူးတကပြောင်းလဲစရာမလိုတော့ဘဲ အလွယ်တကူ ငွေပေးချေလာနိုင်တော့မှာပါ။
Reference Link: https://decrypt.co/244627/metamask-mastercard-launch-debit-card-spend-ethereum-wallet
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL