Massage from Him

Words
158
Reading
1 min
Listen
Play
2y

အဖမ်းခံရပြီးနောက်ပိုင်းမှာ Telegram CEO Pavel Durov တယောက် ပထမဆုံး public announcement တခု ထုတ်ပြန်လာခဲ့ပါတယ်။ Telegram အနေနဲ့ ဥရောပသမဂ္ဂအတွင်းက နိုင်ငံတွေမှာ ဥပဒေလိုက်နာဖို့အတွက် ကိုယ်စားလှယ်တယောက်ရှိသလို ဥပဒေရေးရာကိစ္စတွေအတွက် ဆက်သွယ်ဖို့ email address တခုကိုလည်း အများအမြင်မှာချပြပေးထားပြီးဖြစ်သလို သူကိုယ်တိုင်ဟာလည်း Dubai က ပြင်သစ်ကောင်စစ်ဝန်ရုံးကို မကြာခဏရောက်နေတာဖြစ်လို့ တခုခုဆိုရင် သူ့ကို တိုက်ရိုက်ဆက်သွယ်လို့လည်း ရနိုင်လျက်နဲ့ ပြင်သစ်လေဆိပ်ရောက်မှကို ဝရမ်းနဲ့ဖမ်းခံရတာကြောင့် သူအဖမ်းခံခဲ့ရတဲ့ကိစ္စဟာ အံ့ဩစရာကောင်းနေကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတနိုင်ငံအစိုးရအနေနဲ့ platform တခုခုကို အရေးယူချင်တဲ့အခါ platform ကိုသာ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်နဲ့ အရေးယူရမှာဖြစ်ပြီး ဖုန်းတွေမပေါ်သေးခင်ခေတ်ကလိုမျိုး platform ပေါ်မှာ အခြားသူတွေလုပ်ထားတဲ့ ပြစ်မှုတွေအတွက် CEO ကို ဖမ်းတာဟာ မှားယွင်းနေပြီး နောက်ပိုင်းမှာ တီထွင်ဆန်းသစ်လိုတဲ့ နည်းပညာရှင်တွေဟာလည်း သူတို့ ဖန်တီးထားတဲ့ပစ္စည်းတွေကို မဟုတ်တာလုပ်တဲ့နေရာမှာသုံးတိုင်း သူတို့အဖမ်းခံရမယ်ဆိုပြီး တီထွင်ဆန်းသစ်ဖို့ နောက်တွန့်သွားနိုင်ကြောင်း ဆိုထားပါတယ်။

Telegram အနေနဲ့ကတော့ ငွေကြေးအတွက် လည်ပတ်နေတာမဟုတ်ဘဲ လွတ်လပ်စွာပြောဆိုပိုင်ခွင့်အတွက် လည်ပတ်နေတာဖြစ်လို့ သူတို့ကို မကြိုဆိုတဲ့ နိုင်ငံတွေကနေ ထွက်ခွာဖို့ အမြဲအသင့်ရှိကြောင်းလည်း ဆိုထားတာကြောင့် Telegram ဟာ ပြင်သစ်၊ အိန္ဒိယနဲ့ တောင်ကိုရီးယားနိုင်ငံတွေကနေ ထွက်ခွာဖို့ အရိပ်အမြွက်ပြောလာတာလည်းဖြစ်နိုင်ပါတယ်။

Durov ရဲ့ Telegram Channel မှာ ဒီကြေငြာချက်ထွက်လာပြီးနောက်မှာ TON ဟာလည်း ဈေးထိုးတက်လာခဲ့ပေမယ့် မကြာခင်မှာပဲ ဈေးပြန်ကျသွားခဲ့ပါတယ်။ လောလောဆယ်မှာ Durov ဟာ ပြင်သစ်နိုင်ငံထဲကနေ ထွက်ခွင့်မရှိဘဲ ရဲစခန်းမှာ တပတ်တခါ သတင်းပို့ရင်း တရားရုံးရဲ့ နောက်ထပ်အမိန့်ကို စောင့်ဆိုင်းနေရတာလည်းဖြစ်ပါတယ်။

Reference Link: https://t.me/durov/342

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Massage from Him | Ecency