Can Pre-order

Words
185
Reading
1 min
3y
Listen to this post
~1 min

Solana ဟာ Saga phone ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ “Chapter 2” ကို မိတ်ဆက်လာပါတယ်။ ပထမဆုံးပွဲဦးထွက်ဖြစ်တဲ့ Saga phone ကို မိတ်ဆက်ခဲ့ချိန်က ဈေး $1,000 ထက် တစ်ဝက်ကျော်ဖြစ်တဲ့ $450 အထိကို လျှော့ချမိတ်ဆက်လာခဲ့တာဖြစ်ပြီး 2025 ခုနှစ်မှာမှ ထွက်ရှိလာမှာပါ။ ဒါပေမယ့် ဒီလိုဈေးနဲ့ pre-order တွေ ရောင်းပေးဖို့ကို အချိန်ကန့်သတ်ထားသလို ငွေလည်းပြန်အမ်းမှာမဟုတ်ပေမယ့် တကယ်လို့သာ Chapter 2 အတွက် မျှော်မှန်း pre-order အရေအတွက် မပြည့်မှီခဲ့ရင်တော့ project ကို ဖျက်သိမ်းကောင်းဖျက်သိမ်းမှာဖြစ်ပြီး ဒီလိုအခြေအနေမျိုးဖြစ်သွားခဲ့ရင်တော့ ငွေပြန်အမ်းပေးမှာဖြစ်ကြောင်းဆိုထားပါတယ်။

Solana team ဟာ Solana Saga ရဲ့ အောင်မြင်မှုအပေါ်လိုက်ပြီး အခုလို အရဲစွန့်လာတာဖြစ်သလို Chapter 2 အတွက် ဘာ specification တစ်ခုမှ မချပြထားဘဲ pre-order ကြိုကောက်တာကတော့ ရဲတင်းလွန်းတယ်လို့ပဲ ဆိုရမှာပါ။

Solana Saga ရဲ့ အောင်မြင်မှုဟာလည်း အချိန်တိုလေးအတွင်းမှာပဲ zero to hero ဖြစ်သွားခဲ့တဲ့အခြေအနေဖြစ်ပြီး $1,000 နဲ့ ပွဲဦးထွက်ခဲ့ရာကနေ $600 အထိ ဈေးချရောင်းခဲ့ရတဲ့အထိကို ဖြစ်ခဲ့သေးတာပါ။ ဒါပေမယ့် Saga phone ကနေ BONK airdrop ယူပြီး အရင်းရောအမြတ်ရောရနိုင်မယ့်အပြင် နောက်ပိုင်း Solana ecosystem ထဲက airdrop တွေကိုလည်း Saga phone နဲ့ ယူလို့ရနိုင်မယ်ဆိုတဲ့အချက်ဟာ တကယ့်ကို ရောင်းအားထိုးတက်သွားစေတဲ့အချက်ဖြစ်ခဲ့သလို အလုံးရေ 20,000 ဟာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်သွားခဲ့တာပါ။

Solana ဟာ Chapter 2 ကိုလည်း ဒီအချက်နဲ့ပဲ marketing ဆင်းသွားနိုင်ပြီးတော့ လောလောဆယ်မှာတော့ Web3 phone တွေ လူတိုင်းကိုင်လို့ရနိုင်အောင် ရည်ရွယ်ပြီး ဒီဈေးနဲ့ရောင်းတာဖြစ်ကြောင်း ဆိုထားပါတယ်။

Reference Link: https://decrypt.co/213004/solana-reveals-saga-chapter-2-phone-after-airdrop-frenzy-fueled-sellout

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Can Pre-order | Ecency