ဘယ်တော့ စိမ်းမှာလဲ

Words
125
Reading
1 min
Listen
Play
2y

Mt. Gox တို့ Bitcoin တွေ ထပ်ရွှေ့ပြန်ပါပြီ။ ဒီတခါမှာတော့ 47,229 BTC ကို wallet အသစ်တခုစီကို ရွှေ့ခဲ့တာဖြစ်ပြီး ဒီသတင်းကြောင့်ပဲ Bitcoin ရဲ့ ဈေးဟာ တအိအိနဲ့ ထပ်ပြိုဆင်းခဲ့ပြန်ပါတယ်။
လောလောဆယ်မှာ Mt. Gox ရဲ့ user တွေဆီကို ပြန်အမ်းပေးရမယ့် Bitcoin စုစုပေါင်းထဲက 41% ကျော်ကို ပြန်အမ်းပေးထားပြီးပြီဖြစ်သလို ကျန်တဲ့ Bitcoin တွေကိုလည်း ဖြည်းဖြည်းချင်းစီ ပြန်အမ်းထုတ်ပေးသွားဖို့ ရှိနေပါတယ်။

Mt. Gox ဆီကနေ Bitcoin ပြန်ရထားတဲ့ user တွေဆီကနေ ရောင်းအားကတော့ အခုချိန်ထိ ထင်သလောက် မတက်လာသေးဘဲ အတော်များများက ထုတ်ရောင်းဖို့ထက် ရေရှည်အတွက် ဆက်စုထားချင်ကြပုံပါပဲ။ Mt. Gox မှာတုန်းက Bitcoin တွေ ပါသွားခဲ့သူအများစုဟာ လွန်ခဲ့တဲ့ 10 နှစ်ကျော်မှာတည်းက Bitcoin ကို ယုံယုံကြည်ကြည်နဲ့ ဝယ်ကိုင်ထားကြသူတွေဖြစ်သလို အခုချိန်မှာလည်း Bitcoin ရဲ့ နောင်ဖြစ်လာမယ့် အနာဂတ်ကို ယုံယုံကြည်ကြည်နဲ့ ဆက်ပြီး HODL ထားကြဖို့ များပါတယ်။

အခုချိန်မှာ ဈေးကျနေတဲ့ အကြောင်းရင်းတွေဟာ အမျိုးမျိုးရှိနိုင်ပြီးတော့ သတင်းပိုင်းအရဆိုရင် Mt. Gox ရဲ့ Bitcoin အရွှေ့အပြောင်းတွေနဲ့ပတ်သက်လို့ FUD (Fear, Uncertainty, Doubt) သွင်းခံရတာတွေ၊ US အစိုးရက သူတို့ရဲ့ Bitcoin $2 billion ဖိုး ရွှေ့လိုက်တာတွေ၊ လက်ရှိအာဏာရအစိုးရဖြစ်တဲ့ Democratic Party ဟာ နောက်ထပ် သက်တမ်းအရွေးခံခဲ့ရရင်လည်း crypto industry အပေါ် အခုအတိုင်းပဲ ဆက်ပြီး တင်းကြပ်သွားနိုင်ခြေရှိနေတာတွေကြောင့် market ဟာ စိုးရိမ်မှုတွေနဲ့ နီရဲနေတာဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း သတင်းကောင်းတခုခုပြန်ထွက်လာတဲ့အခါ ပြန်ထိုးတက်ကောင်းထိုးတက်နိုင်တာကြောင့် ထိလွယ်ရှလွယ်အခြေအနေတခုဖြစ်နေပြီး Futures trading တွေကို သတိထားကြဖို့ လိုပါတယ်။

Reference Link: https://cointelegraph.com/news/mt-gox-bitcoin-transfer-price-crypto-analysts