ecency ကဘာလဲဟင် ချော့ရင်ပျော့တဲ့အထဲမှာပါတယ်နဲ့တူပါတယ်။အရင်တုန်ကတော့ ကိုယ်တော်ချောကို boost တာ ရပါစေဆိုပြီးတော့ အမြဲတမ်းမေတ္တာပို့နေရတာလဲ boost လိုက်တိုင်ပါပဲ။
ဒီနေ့မှာတော့ ကိုယ်တော်ချောကို (HP Delegate)ချောကလပ်ကျွေးလိုက်တော့ ထူးထူးခြားခြားနေ့တနေ့လိုပြောရမလိုကို ဖြစ်သွားခဲ့ရပါတယ်။ကိုယ်တောင် မရလောက်ဘူးလို့ တွေးခဲ့ပါသေးတယ်။
တွေးဆို ကိုယ်ကလဲတစ်ခါမှအဲလိုမဟုတ်ခဲ့ဘူး။ကိုယ်တွေသိထားတာက ၁ ရက်ကို ၁ ခါပဲboost လို့ရမယ်လို့သိထားတာ။ဒီနေ့မှာတော့ ကျွန်တော် သိသိရက်နဲ့ တမင်တကားကို လုပ်ခဲ့တယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
မနေ့ညက ကျွန်တော် ecency ဆီကို 250HP Delegated လုပ်ခဲ့ပါတယ်။အမှန်တော့ သူ့ကို ချောကလပ်ကျွေးခဲ့တာပါ။ချောကလပ်ကျွေးပြီးတဲ့နောက်တော့ ကိုယ်တော်ချောလေးက ပျော်သွားတယ်နဲ့တူပါတယ်။
အပျော်လွန်သွားနဲ့တူဟန်ရှိပါတယ်။HP delegated လုပ်ပြီးမကြာပါဘူး boost post ကို ချက်ချင်ဆိုသလို vote ပေးသွားခဲ့ပါတယ်။အရင်တုန်ကတော့ 12H ကြာတာတောင် vote ပေးချင်မရှိခဲ့ဘူး။အခုများမှာတော့ 1နာရီတောင်မပြည့်ခဲ့ပါဘူး။
ကျတော်လဲ ချက်ချင်ရတာနဲ့ နောက်post တစ်ခု ထပ် boost ဖြစ်ခဲ့ပါတယ်။ထို post ကိုလဲ ချက်ချင်တော့မရခဲ့ပါဘူး။ဒါပေမယ့် ထို post ကလဲ တစ်ညတာလေးပဲကြာခဲ့ပါတယ်။ညကboost တော့ မနက်ကအိပ်ယာထတာနဲ့ vote သွားတာကို တွေ့ခဲ့ရပါတယ်။ထူးဆန်ပါပေတယ်။