ဘယ်လိုကြီးလဲ

Words
86
Reading
1 min
Listen
Play
4y

ဒီနေ့မှာတော့ မျှော်လင့်ထားတဲ့ Ecency ကနေ boost ရရှိလို့လာခဲ့ပါပြီး။ game post တွေကနေမဟုတ်ဘဲ အခုရေးနေတဲ့ post ကနေ ရရှိခဲ့တာပဲဖြစ်ပါတယ်။Boost လာခဲ့တာ ၁လနီးပါးကြာတဲ့အထိ ဒီနေ့မှပဲရရှိလို့လာခဲ့ပါပြီး။

Ecency ကနေ boost ပြန်လည်ရရှိတော့ ကျွန်တော်အနေနဲ့ ပျော်ရွှင်ပါသော်လည်း၊ ပြည့်ပြည့်ဝဝပျော်ရွှင်ရခြင်းမရှိပါဘူး။bdvoter ကြောင့်စိတ်ထဲကနေအတော်လေးမပျော်မရွှင်ဖြစ်နေတယ်ဆိုရင် ပိုမှန်နေပါတယ်။

သူ့အနေနဲ့ splinterlands ကို Support ပေးထားတာကတော့ ကောင်းပါတယ်။ဒါပေမယ့် အခုလို support ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ downvote ပေးပြီးတော့ ဘာမှဖြေရှင်းမပေးဘဲ နေနေတာကတော့ ဘဝင်မကျလှပါဘူး။

ကျွန်တော်အနေနဲ့ဖြေရှင်းချက်တောင်းထားတာဒီနေ့နဲ့ဆို 1ရက်ကျော်လာခဲ့ပြီးပဲဖြစ်ပါတယ်။ 1ရက်ကျော်လာတဲ့အထိ downvote ပေးထားတဲ့အကြောင်းအရင်ကို အခုအချိန်ထိမသိရသေးပါဘူး။Discord ရဲ့ GP မှာရော် bdvoter ရဲ့ private chat မှာရော် မေးထားပါသော်လည်း အကြောင်းတစ်စုံတစ်ရာမပြန်သေးဘူး။

bdvoter အနေနဲ့ ဒီအချိန်လောက်ဆို စာပြန်သင့်နေပြီးလို့ထင်ပါတယ်။ community အနေနဲ့တော့ အခုလောက်ထိကြန့်ကြာမသင့်ပါဘူး။အကျိူးသင့်အကြောင်းသင့်လေးတော့ မှတ်ချက်ပေးသင့်ပါတယ်။Downvote လုပ်ထားတဲ့ post တစ်ခုရဲ့ comments မှာတော့ အသိပေးသင့်ပါတယ်။

အခုဟာက comments လဲ မလာသလို၊ Discord မှာ မေးပါသော်လည်း အကျိူးအကြောင်းတစ်ခုမှ မပြန်ဘူး။bdvoter ​ကြီးကဘာကြီးပါလိမ့်နော် community ဖွဲ့ထားပြီးတော့ ဘာတစ်ခုမှ အကြောင်းမပြန်သေးတာကတော့ ဘယ်လိုအဖွဲ့ကြီးပါလိမ့်။

kaunglay2@kaunglay2

ဘယ်လိုကြီးလဲ | Ecency