အကြံပေးပါရစေ

Words
96
Reading
1 min
Listen
Play
4y

လက်ရှိမှာတော့ Splintrlands ကိုဆော့နေတဲ့မိတ်ဆွေတွေအနေနဲ့ဘယ်လိုအခက်အခဲရှိနေကြလဲဆိုတော့ မသိပေးမယ့်။ကျွတော်လက်ရှိဆော့နေတဲ့ အချိန်မှာ အခက်အခဲတချို့ရှိနေပါတယ်။

Splinterlands အနေနဲ့အရင်တုန်းကတော့ wifi ဖြစ်ဖြစ် Sim Net ပဲဖြစ်ဖြစ် ကြိုက်ရာဖွင့်ပြီးတော့ အလွယ်တကူဆော့လို့ရတယ်။VPN တွေမလိုအပ်ဘဲ ဆော့လို့ရခဲ့တယ်။စဆော့တုန်းက မိတ်တွေတစ်ယောက်က ပြောဖူးတယ်။Splinterlands ကို USDT ထည့်မဆော့ပါနဲ့တဲ့ နိုင်ခြေအရမ်းနည်းပါတယ် လို့ ပြောဖူးတယ်။ကျွန်တော်လဲ အာ့နဲ့ပဲ free ပဲဆော့လာခဲ့ပါတယ်။ပထမတော့ ဆော့တာ ၄ပွဲ ၅ပွဲလောက်ဆော့မှာ တစ်ပွဲသာအနိုင်ရခဲ့ဖူးပါတယ်။

အခုတော့ Splinterlands က Sim Net မပြောပါနဲ့ Wifi နဲ့တောင် ဖွင့်မရတော့တဲ့အ​ခြေအနေထိ ဖြစ်နေပါတယ်။VPN မပါပဲနဲ့တော့ Splinterlands က တက်ကိုမလာတော့ပါဘူး။Splinterlands ကပဲ မြန်မာနိုင်ငံကို မပေးတော့တာလား၊မြန်မာနိုင်ငံကပဲ Splinterlands ကိုဆော့မရအောင် လုပ်ထားလားဆိုတာတော့ မသိပါဘူး။

အခုတော့ VPN ခံပြီးစိတ်ပျက်ပျက်နဲ့ဆော့နေရပါတယ်။ဆော့နေရတာဆိုတာထက် Challenge ပြိုင်ချင်နေလို့သာ ဆော့နေခဲ့ပါတယ်။ကျွန်တော်အခု Challenge တစ်ခုအတွက် ပွဲ ၁၅ပွဲ လောက်ထိကို အနိုင်ရဖို့အတွက် ဆော့ခဲ့ရပါတယ်။တစ်ပွဲနိုင်ဖို့ကို အဲလောက်ထိ ဆော့ခဲ့ရတော့ လူလဲ တော်တော်တော့ စိတ်တိုနေခဲ့ပါတယ်။

အရင်ကရည်ရွယ်ထားတာတော့ SpellBook လေးလောက်တော့ ဖွင့်ဆော့မယ်ဆိုပြီးတော့ ရည်ရွယ်ထားခဲ့တယ်။အခုတော့ VPN ခံတာကြောင့်ရော် နိုင်ပွဲရဖို့တော်တော်ခက်ခဲသွားပြီးဆိုတာကြောင့် ကျွန်တော် SpellBook ဖွင့်ဆော့ဖို့ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။မိတ်တွေတို့လဲ post တင် challenge အတွက်ပဲ ဆော့စေချင်ပါတယ်။ကျွန်တော်လဲ post တင် challenge အတွက်ပဲ ဆော့ပါတော့မယ်။

kaunglay2@kaunglay2
22:10PM

အကြံပေးပါရစေ | Ecency