စိတ်ကျဥ်းကြပ်မှု

Words
40
Reading
1 min
Listen
Play
2y

ချွေတာရေး တဲ့စကားလုံးကတော့ရှင်းရှင်းလေးပဲဖြစ်ပါသည်။သို့သော် ယခုလိုအစစအရာရာ မမျှော်လင့်သည့် အိပ်မက်ပင်မမက်ဘူးလောက်သည့်ကုန်စျေးနှုန်း​
ကြောင့် ကျိကျိတက်ချမ်းသာသည့် လူတချို့မှလွဲ၍ လူတော်တော်များများ စိတ်ဒုက္ခရောက်နေသည့်ကာလပင်ဖြစ်သည်။
ဝင်ငွေနှင့်ထွက်ငွေမမျှတ၍ မည်သို့မည်ပုံ ချွေတာရင်ကောင်းမလဲဟု တွေးတောနေရ
သည့်ကာလလည်းဖြစ်ပေသည်။
အမှန်တကယ်တော့ ချွေတာရခြင်းသည် စိတ်ဒုက္ခတမျိုးဟု စာရေးသူခံစားရသည်။
ထို့ကြောင့် အတတ်နိုင်ဆုံးဝင်ငွေတိုးရန်သာကြိုးစား လုပ်ဆောင်သည်။ သို့သော်
လည်းယခုကာလ၌ မချွေတာလျှင်မဖြစ်
တော့ချေ။
စျေးတခါ တခါသွေးတက်နေရသည့်ဘဝ
တွေဖြစ်နေပေသည်။ရှေ့ဆက် စခန်းသွား
ဖို့မည်သို့မည်ပုံလုပ်ရမည်ဟု စဥ်းစားနေရင်း ခေါင်းခြောက်နေရသည့်ကာလလည်း
ဖြစ်ပေသည်။
ထို့ကြောင့်ပင် အသုံးအစွဲကိုအတတ်နိုင်ဆုံး
စီစစ်ချွေတာနေရပေသည်။ထို့ကြောင့်စိတ်ကျဥ်းကြပ်သည့်ကာလလည်းဖြစ်ပေသည်။ထိုကာလကိုအမြန်ဆုံးလွန်မြောက်ပြီး ငွေကြေးနှင့်ပတ်သတ်၍ လွတ်မြောက်
အောင်ကြိုးစားရပေဦးတော့မည်။

စိတ်ကျဥ်းကြပ်မှု | Ecency