How to Fold Paper Bats

Words
84
Reading
1 min
Listen
Play
2y

ဒီနေ့ origami bat တွေကိုပြုလုပ်ထားပါတယ်။ အရွယ်တူနှစ်ခုကို အရောင်နှစ်မျိုးဖြင့် ပြုလုပ်ထားတာပါ။ သူတို့အတွက် အခြားစက္ကူခေါက်နည်းတွေအများကြီးရှိပါသေးတယ်။ ဒီတစ်ခုအတွက် စက္ကူခေါက်ရတာက မရှုပ်ထွေးပဲရိုးရှင်းပါတယ်။ သူတို့အတွက် စက္ကူဘယ်လိုခေါက်ရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံနဲ့ပေတံ စသဖြင့်ပါ။

ပထမအဆင့်မှာ စက္ကူရဲ့ အလျားနဲ့အနံကို 20cmစီတိုင်းတာ၍ ဖြတ်ပါတယ်။ ထိုစက္ကူကို တစ်ဝက်စီ လေးကြိမ်ခေါက်၍ အောက်ခြေအနားကို အလယ်မျဥ်းသို့ခေါက်ပြီး၊ ဒါကိုပြန်ဖြည်၍ ထိုအနားကို ပုံအတိုင်း တစ်ဝက်ထပ်မံခေါက်ပါတယ်။ အပေါ်ဘက်မှ အနားကိုလည်း အလယ်မျဥ်းသို့ခေါက်၍ နောက်တစ်ဆင့်မှာ ခေါက်ချိုးမျဥ်းများအတိုင်း အတွင်းသို့ခေါက်ပါတယ်။ အပေါ်မှအနားကို အောက်သို့ဖြန့်၍ ဘေးဘက်အနားနှစ်ခုကို အလယ်သို့ခေါက်ရမှာပါ။ အောက်ခြေအစွန်းကို လည်းအပေါ်သို့ခေါက်ပါတယ်။

ထိုအနားတစ်ဘက်စီကို နှစ်ကြိမ်စီခေါက်၍ အပေါ်ဘက်မှအစွန်းနှစ်ခုကို ပုံအတိုင်းခေါက်ပြီး၊ ထိုနေရာနှစ်ခုကိုဖြန့်ရမှာပါ။ အလယ်မှ အစွန်းကိုလည်း ခေါက်ပါတယ်။ ဒီအဆင့်မှစ၍ တောင်ပံများကိုအဆင့်ဆင့်ခေါက်ပါတယ်။ ထိုစက္ကူကို တစ်ဘက်သို့လှည့်၍ နောက်ထပ်ခေါက်ချိုးမျဥ်းတစ်ကြောင်းကိုလည်း ပြုလုပ်တယ်။ အခြားတစ်ဘက်ကိုလည်း ထိုနည်းအတိုင်းခေါက်၍ တောင်ပံပုံစံ ပြုလုပ်ပါတယ်။

နောက်ထပ်တစ်ခုကို အဝါရောင်စက္ကူဖြင့်ခေါက်၍ သူတို့ရဲ့မျက်နှာတွေအတွက် လိုအပ်တာတွေဆွဲပါတယ်။

သူတို့ကိုပြုလုပ်ပြီးနောက် အရမ်းလှတယ်လို့ထင်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

October 28, 2024
Written by asterkame@asterkame
By my photos & made by me

How to Fold Paper Bats | Ecency