Praying for Rain 🌧️

Words
163
Reading
1 min
Listen
Play
3y

Hello.

The weatherwoman has predicted that it will rain in the coming days in the area where I live.
The clouds in the sky seem to be more dense.

The life of a villager usually spends time in the farm.
I also live in the countryside, so I often visit the farm.

On the side of the farm forest, I can see a natural landscape with green trees.
Breathing in the breeze blowing through the green trees is refreshing.

The sesame trees planted this season are blooming.
But the sesame trees are withering because they are thirsty for rain.

The villagers had to pray for rain.

golden.future@golden.future

မင်္ဂလာပါ။

ကျွန်တော် နေထိုင်ရာဒေသ၌ လာမည့်ရက်တွေမှာ မိုးရွာလိမ့်မည်ဟု မိုးလေဝသပညာရှင်က ခန့်မှန်းပြောဆိုထားသည်။
ကောင်းကင်၌ တိမ်တွေသည်လည်း ပိုမို များပြား ထူထပ်လာသည်ဟု ထင်ရသည်။

တောသူတောင်သားဘဝက များသောအားဖြင့် ယာတောထဲမှာပဲ အချိန်ကုန်ကြရသည်။
ကျွန်တော်သည်လည်း ကျေးလက်မှာ နေထိုင်သူ တစ်ယောက်ပေမို့ လယ်ယာတော ဘက် ခဏခဏ ရောက်ဖြစ်သည်။

လယ်ယာတောဘက် ရောက်တော့ အစိမ်းရောင် သစ်ပင်တွေ ပါဝင်သော သဘာဝရှုခင်းတွေ ရှုမြင်ရသည်။
အစိမ်းရောင် သစ်ပင်တွေကို ဖြတ်၍ တိုက်ခတ်လာသော လေပြေညင်း ကို ရှူရှိုက်ရတာ လူကို လန်းဆန်း တတ်ကြွစေသည်။

ဤရာသီမှာ စိုက်ပျိုးထားသော နှမ်းပင်တို့သည်ကား အပွင့်များ ဝေဆာနေသည်။
သို့သော် နှမ်းပင်များသည် မိုးရေ ငတ်နေသောကြောင့် ညှိုးနွမ်းနေကြသည်။

ရွာပါတော့ မိုးရယ် ဟုသာ ဆုတောင်းလိုက်ရပါတော့သည်။

Praying for Rain 🌧️ | Ecency