ဆင်​ဂယ်

ရဲ့ပရိသတ်တွေထဲမှာ ရည်းစားမရှိသေးတဲ့ စင်ဂယ်လေးတွေရှိလား…
Wowbox တို့က စင်ဂယ်ဖြစ်နေတဲ့ ကောင်လေးတွေအတွက် ချစ်သူကောင်မလေးထားဖို့ တိုက်တွန်းချင်လို့ပါ။

** အသက်နှစ်ဆယ်ကျော်အရွယ်နဲ့ သုံးဆယ်ကြားမှာ ကောင်းမွန်တဲ့အချစ်ရေးတစ်ခုကိုတည်ဆောက်ဖို့က အချိန်ကောင်းတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့တွေ့ကြုံနေတဲ့အချိန်ဆိုရင် ချစ်သူကောင်မလေးနဲ့အတူတူ အခြားပျော်စရာတွေကို ဖန်တီးနိုင်ပါတယ်။

** ကိုယ်တကယ်ချစ်တဲ့ ကောင်မလေးကို ချစ်သူအဖြစ်ထားမယ်ဆိုရင် သူနဲ့နှစ်ယောက်ဘဝကို တည်ဆောက်ချင်တာကြောင့် အလုပ်တွေကြိုးစားပြီး မြန်မြန်နီးစပ်အောင်ဖန်တီးချင်လာပါလိမ့်မယ်။ ဘဝရည်မှန်းချက်တွေထဲက တစ်ခုအဖြစ်ကြိုးကြိုးစားစား လုပ်ဆောင်ချင်စိတ်တွေဖြစ်ပေါ်လာတာကြောင့် တက်ကြွနိုင်လာပါတယ်။

** တီးတိုးတိုင်ပင်ဖော် နှစ်သိမ့်ဖော်တစ်ယောက်ကို ရလိုက်သမျိုး ချစ်သူကောင်မလေးရှိတာက ကိုယ့်အတွက် မှီခိုဖော်လေးတစ်ယောက်အဖြစ် ရှိနေစေမှာပါ။

** ချစ်သူကောင်မလေးရဲ့ မတူညီတဲ့မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလူတွေနဲ့ မိတ်ဆွေဖြစ်ခွင့်ရပြီး တစ်ယောက်အကြောင်းတစ်ယောက် လေ့လာသင်ယူရင်းဘဝတစ်ခု ဖြတ်သန်းရတာကိုယ့်အတွက် အဓိပ္ပာယ် ပိုရှိစေပါတယ်။

** ကိုယ်နာကျင်ဝမ်းနည်းနေလား သူကနှစ်သိမ့်ခံစားပေးနိုင်တဲ့ ရင်ခွင်ကောင်းတစ်စုံဖြစ်ပေးနိုင်ပါတယ်။ ချစ်သူကောင်မလေးရဲ့ ပုခုံးပေါ်မှီခိုရင်း ဝမ်းနည်းနာကျင်မှုတွေကို ဖြေလျော့နိုင်ပါတယ်။

** တစ်ယောက်တည်းဘဝကနေ နှစ်ယောက်ဖြစ်လာတဲ့အခါ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ စိတ်လေးနည်းလာပြီး အတူတူမျှဝေခံစားချင်တဲ့ စိတ်လေးတွေလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒီလိုအချက်လေးတွေကြောင့် စင်ဂယ်လေးတွေ ချစ်သူထားကြည့်ဖို့ စဉ်းစားသင့်ပြီနော်…

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency