ရိုလာကိုစတာ

mgmg(40)
Published in
#esteem
Words
81
Reading
1 min
8y
Listen to this post
~1 min

ရဲ့ဘော်ဘော်တွေထဲမှာ ရိုလာကိုစတာစီးရတာစွဲလမ်းကြိုက်နှစ်သက်သူတွေ ရှိလားဗျို့ အသဲတအေးအေးနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖို့ သိပ်ကောင်းတာ စီးဖူးတဲ့ ဘော်ဘော်တို့သိကြမှာပါ။
ရိုလာကိုစတာကြိုက်တဲ့ ဘော်ဘော်တွေ သဘောကျမယ့်ကမ္ဘာ့နေရာအနှံ့က ရိုလာကိုစတာ တွေအကြောင်းကို ပြောပြပေးလိုက်ပါတယ်။

(၁) Formula Rossa at Ferrari World

ဒီရိုလာကိုစတာကတော့ ယူအေအီးနိုင်ငံ အဘူဒါဗီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ မြန်နှုန်းမြင့် ရိုလာကိုစတာတစ်မျိုးဖြစ်ပြီး အချိန်လေးစက္ကန့်ခွဲမှာ တစ်နာရီ၁၄၉ မိုင်နှုန်းကို ရောက်ရှိနိုင်ပါတယ်။ သုညကနေ ၆၂ မိုင်ထိကို (၁၀၀ ကီလိုမီတာ) လို့သတ်မှတ်ထားတာဖြစ်ပြီး နှစ်စက္ကန့်အတွင်းမှာ ၁၇၁ ပေအမြင့်အထိတက်နိုင်တာဖြစ်ပါတယ်။ အရှိန်နှုန်းကပြင်းတာကြောင့် စီးတဲ့သူတွေက အထူးပြုလုပ်ထားတဲ့ မျက်မှန်ကို တပ်ကြရပါတယ်။

(၂) Steel Dragon 2000 POV

ဒါကတော့ ဂျပန်နိုင်ငံ၊ ကူဝါးနားမြို့က နာဂါရှီးမား Spa Land မှာတည်ရှိတာဖြစ်ပါတယ်။ များသောအားဖြင့် ရိုလာကိုစတာတွေကတော့ အချိန်နှစ်မိနစ်လောက်သာ စီးနိုင်တာဖြစ်ပြီး ဒီရိုလာကိုစတာကတော့ ကမ္ဘာ့အရှည်ဆုံး စာရင်းမှာပါဝင်ပြီး ၈၁၃၃ ပေရှည်တာကြောင့် လေးမိနစ်တာစီးနင်းနိုင်တာဖြစ်ပါတယ်။

(၃) Fury 325

အမေရိကန် မြောက်ကယ်လိုလိုင်းနားက Carowinds အပန်းဖြေဥယျာဉ်မှာ တည်ရှိတာဖြင့်ပြီး အမြင့်ကတော့ ၃၂၅ ပေမြင့်တာဖြစ်ပါတယ်။ Fury 325 ဆိုရင်လည်း ကမ္ဘာ့အမြင့်ဆုံး ရိုလာကိုစတာစာရင်းထဲမှာပါဝင်ပါတယ်။