App

mgmg(40)
Published in
#esteem
Words
116
Reading
1 min
Listen
Play
8y

သူငယ်ချင်းတို့ရေ ဒီကနေ့မှာတော့ Google Play Store ပေါ်က ဒေါင်းလုတ် ရယူထားသင့်တဲ့ မိုလ်ဘိုင်း အပ်ပလီကေးရှင်း ၃ ခုကို ဖော်ပြပေးလိုက်ရပါတယ်။
အခမဲ့ဖြစ်လို့ ရယူထားသင့်ပြီး သူငယ်ချင်းတွေ အတွက် လက်တွေ့မှာ အသုံးဝင်မယ့် အရာလေးတွေ အဖြစ် Google ကနေလည်း ဖော်ပြထားပေးတာ တွေ့ရပါတယ်။

Beelinguapp: Language Learning App

ဒီအပ်ကလီကေးရှင်းကတော့ သူငယ်ချင်းတို့ အနေနဲ့ ဘာသာစကား သင်ယူမှုမှာ များစွာ အကျိုးရှိစေမှာ ဖြစ်ပြီး စပိန်၊ အင်္ဂလိပ်၊ ဂျာမန်၊ ပေါ်တူဂီ၊ ကိုးရီးယား၊ ပြင်သစ်၊ တရုတ်၊ ဂျပန် စတဲ့ ဘာသာစကားတွေကို မိုလ်ဘိုင်း ဖုန်းထဲ ထားရှိထားယုံနဲ့ အသံထွက်၊ အဖတ် စွမ်းရည်၊ နားထောင်မှု စွမ်းရည်တွေကို စမ်းသပ် သင်ကြားနိုင်တဲ့ အပ်ပလီကေးရှင်း တစ်ခု ဖြစ်နေပါတယ်။

BTFIT: Workout and personal trainer app

ဒီအပ်ပလီကေးရှင်း ကတော့ သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းမှု နဲ့ ကျန်းမာရေးအတွက် ဆော့ကစားခြင်းတွေကို လမ်းညွန်ပေးမယ့်အပြင် ကျန်းမာရေး အလေ့အထအတွက် နေ့စဉ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကိုတွေ အသိပေးမယ့် အပ်ပလီကေးရှင်းတစ်ခုလည်း ဖြစ်ပါတယ်။

PicsArt: Edit photos easily with this app

ဓာတ်ပုံ crazy သူငယ်ချင်းတွေ အတွက် ရယူပိုင်ဆိုင်ထားသင့်တဲ့ အပ်ပလီကေးရှင်းလေးပဲ ဖြစ်ပါတယ်။ အခမဲ့ ဓာတ်ပုံ ပြုပြင်ခြင်း ကိရိယာများ၊ ဓာတ်ပုံ effects များထည့်သွင်းခြင်း၊ ဓာတ်ပုံထဲ စာရေးသားခြင်း စတဲ့အရာတွေကို ပြုလုပ်နိုင်တဲ့ အတွက် ဓာတ်ပုံ ဝါသနာ ပါသူ အဖို့တော့ ရယူထားဖို့ ဖော်ပြပေးလိုက်ရပါတယ်။