ဖက်​ရှင်

ကိုကိုတွေကို ရူးခါအောင် လုပ်နိုင်မယ့် ပျိုမေတို့အတွက်ဖက်ရှင်
လူတစ်ယောက်နဲ့တစ်ယောက်ပထမဦးဆုံးအချိန်ဆုံတွေ့ခဲ့အခါ ဘယ်လိုအရာတွေကို သတိထားကြည့်လဲဆိုတာ ပညာရှင်တွေက လေ့လာမှုတွေပြုလုပ်ထားပါတယ်။
အဲဒီလေ့လာမှုတွေအရတော့ ၇ ရာခိုင်နှုန်းက စတွေ့တဲ့လူတစ်ယောက်ရဲ့ စကားအပြောအဆို အသုံးအနှုန်း၊ ၃၈ ရာခိုင်နှုန်းက သူ့ရဲ့အသံဆွဲဆောင်မှု၊ ၅၅ ရာခိုင်နှုန်းက ရုပ်ရည်သွင်ပြင်ကို ကြည့်ရှုအကဲခတ်တတ်ကြ တာကို တွေ့ရှိခဲ့ကြတာပါ။

ပျိုမေတွေကို ပုရိသတွေပထမဦးဆုံးအကြိမ်တွေ့ဆုံတဲ့အခါ ကိုယ့်ကိုယ်စွဲလန်းသွားစေနိုင်မယ့် ဖက်ရှင်ပုံစံတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ဂျင်းစတိုင်လ်

ပျိုမေတို့ရေ ဂျင်းစတိုင်လ်ဆိုတာက ပွယောင်းယောင်းဂျင်းတွေကို ပြောတာမဟုတ်ဘူးနော်။ ခန္ဓာကိုယ်နဲ့ ကွက်တိ ကျမယ့်ကိုယ်ကျပ်ဂျင်းဘောင်းဘီလေးတွေက ရိုးပေမယ့်လည်း အဲလိုစတိုင်လ်ဝတ်တဲ့ ပျိုမေတွေကို ပုရိသတွေ စိတ်ထဲမှာ သဘောကျနှစ်သက်တတ်ပါတယ်။ ဂျင်းဘောင်းဘီ စတိုင်လ်က ကိုယ်ခန္ဓာအလှကိုလည်း ပေါ်လွင်စေပါတယ်။

(၂) ဆွယ်တာ

အခုလို မိုးအေးအေးရာသီဥတုနဲ့ဆို ဆွယ်တာလေးတွေက အံကိုက်ပဲနော်။ ဆွယ်တာအင်္ကျီပွပွလေးတွေက ပျိုမေတွေကို ကပို့ကရို့လေးလှစေပြီး တည်ငြိမ်အေးချမ်းတဲ့အလှကိုလည်း ပေါ်လွင်စေပါတယ်။ သက်သောင့်သက်သာဖြစ်စေတဲ့အတွက် လှပပြီးဆွဲဆောင်မှုရှိတဲ့ပုံ ပေါ်စေပါတယ်။

(၃) အားကစားအက်ႌ

အားကစားဝါသနာပါတဲ့ ပျိုမေတွေကိုပုရိသတွေက စိတ်ဝင်စားတတ်ကြပါတယ်။ အားကစားဝါသနာပြီး အားကစားအင်္ကျီလေးတွေ စမတ်ကျကျဝတ်ဆင်တတ်တဲ့ ပျိုမေတွေက ဘာကိုမှဂရုမစိုက်တတ်တာနဲ့ ပေါင်းသင်းလို့ကောင်းတဲ့ စရိုက်မျိုးပေါ်စေပါတယ်။

(၄) ဘေ့စ်ဘောဦးထုပ်

ဒီလိုဦးထုပ်လေးတွေဆောင်းထားတဲ့ ပျိုမေတွေကလွတ်လပ်ပေါ့ပါးပြီး သိပ်ကိုကြည့်ကောင်းတဲ့ စတိုင်လ်လေး ဖြစ်စေပါတယ်။ သဘာဝကျပြီး ပေါ့ပါးစေတဲ့ဟန်ပန်လေးက ပုရိသတွေအတွက် ဆွဲဆောင်နိုင်တဲ့အရာ ဖြစ်စေပါတယ်။

(၅) ဆွဲသားစကပ်

ကိုယ်ခန္ဓာအလှအပအချိုးအဆစ်ကို ပေါ်လွင်စေတာက ကိုယ်ကျပ်ဆွဲသားစကပ်တွေပါ။ ဒီလိုစကပ်လေးတွေ ဝတ်လိုက်မယ်ဆိုရင် ပျိုမေတွေရဲ့ လှပတဲ့အချိုးအဆစ်တွေကို ပေါ်လွင်စေတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ညို့အားကောင်းတဲ့အလှကို ပိုင်ဆိုင်စေနိုင်ပါတယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now