မစ်

ကမ္ဘာ့ဖလားပြိုင်ပွဲကာလ တင်ဆက်မှု ခဏရပ်နားထားတဲ့ Guinness World Record ကဏ္ဍကို ပြန်လည်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
ဒီတစ်ခေါက် Guinness World Record ကဏ္ဍမှာ တင်ဆက်ပေးမှာကတော့ တန်ဖိုးအကြီးဆုံးမစ်ရှိတ်အကြောင်းဖြစ်ပါတယ်။ ဘယ်လောက်ထိ တန်ဖိုးကြီးတာလဲ။ ဘာတွေပါဝင်လို့ တန်ဖိုးကြီးတာလဲဆိုတာကို အောက်မှာ ဆက်လက် ဖတ်ရှုပါဦးနော်။

အမေရိကန်၊ နယူးယောက်မြို့က Serendipity 3 လို့အမည်ရတဲ့ စားသောက်ဆိုင်တစ်ခုက ဒီမစ်ရှိတ်အအေးကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီစံချိန်တင်မစ်ရှိတ်ကို ဗာနီလာမစ်ရှိတ်နေ့မှာ ဖန်တီးပြုလုပ်ခဲ့တာဖြစ်ပြီး တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁ဝဝ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁ဝဝ ဟာ မြန်မာငွေ တစ်သိန်းကျော်တန်ဖိုးရှိပါတယ်။ ဒီမစ်ရှိတ်ကို swarovsi လို့ခေါ်တဲ့ စိန်တုံးလေးတွေနဲ့ အလှဆင်ထားတဲ့ ခွက်ထဲထည့်ကာ ဝန်ဆောင်မှုပေးတာ ဖြစ်ပြီး ခွက်ကိုဖန်တီးမှုပညာရှင် ကယ်လီဒီဖရွိုင်းက ဖန်တီးပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

မစ်ရှိတ်ကိုတော့ နာမည်ကျော်စားဖိုမှူး ဂျိုးကယ်လ်ဒီရိုနီက ဖန်တီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မစ်ရှိတ်မှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့ Jersey နွားနို့၊ Tahitian ဗာနီလာရေခဲမုန့်၊ Devonshire Luxury Clotted ခရင်မ်၊ Madagascar ဗာနီလာစေ့၊ စားလို့ရတဲ့ရွှေ၊ Whipped ခရင်မ်၊ Le Cremose Baldizzone သကြားရည်၊ Luxardo Gourmet Maraschino ချယ်ရီသီးတို့ ဖြစ်ပါတယ်။ ဒီ ပစ္စည်းတွေကို အသုံးပြုကာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး မစ်ရှိတ်ကို ဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ စားသောက်ဖွယ်ရာတွေကို အစဉ်အမြဲတိုးတက်ဖန်တီးဖို့ ကြိုးစားနေပြီး အခုတစ်ခါမှာလည်း သူဖန်တီးတဲ့ တန်ဖိုးအကြီးဆုံးမစ်ရှိတ်ကို စားသုံးသူတွေ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း စာဖိုမှူး ဂျိုးက ပြောကြားခဲ့ပါတယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now