တေးသီချင်း

ဒါကတော့ လူကြိုက်များတဲ့တေးသီချင်းတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ၊ စားသောက်ဆိုင်တွေ အစရှိတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးမယ့် Top 10 list ကဏ္ဍလေးဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ WowBox က ရွေးချယ်ပေးထားတဲ့ လူကြိုက်အများဆုံးတေးသီချင်း ၁ဝ ပုဒ်ကို ဖော်ပြပေးပါမယ်။

၁။ အသည်းကွဲတယ်ဆိုတာ

အဆိုတော်နင်ဇီမေသီဆိုထားတဲ့ cover song သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ရဲလေးရေးသားသီဆိုထားတဲ့ သီချင်းဖြစ်ပြီး နင်ဇီမေက ပြန်လည်သီဆိုထားတာဖြစ်ပါတယ်။ သူ့ရဲ့ အသံလွင်လွင်လေးနဲ့ အေးအေးလေးသီဆိုနေတဲ့ ဂီတသံစဉ်တွေက နားထောင်သူတွေကို ခံစားမှုရသတွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

၂။ မောင်မငိုရဘူးနော်

ဒါကတော့ အဆိုတော် ကေကေမိုးရဲ့ သီချင်းလေးပါ။ “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းလည်းဖြစ်ပါတယ်။ ဆွေးဆွေးလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

၃။ မင်းနဲ့တူတဲ့သူ

ဝါရင့်အဆိုတော်ကြီး အောင်ရင်ရဲ့ သီချင်းသစ်တစ်ပုဒ်ဖြစ်ပါတယ်။ ဒီရက်ပိုင်းအယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ သီချင်းအေးလေးတစ်ပုဒ်ပါပဲ။

၎။ Ra Pa Pam Pam

မြန်မာ ၂ ယောက်၊ ထိုင်း ၂ ယောက်၊ ကိုရီးယား ၁ ယောက်တို့နဲ့ စုဖွဲ့ထားတဲ့ Rose Quartz အမျိုးသမီးဂဲလ်ဘမ်အဖွဲ့ရဲ့ ဒုတိယမြောက်တေးသီချင်းလေးပါ။ လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

၅။ လိုသလိုသုံး

အဆိုတော်သာဒီးလူရဲ့ တေးသီချင်းဖြစ်ပါတယ်။ ဒီသီချင်းကလည်း “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ဇာတ်ကားထဲက ဇာတ်ဝင်တေးတစ်ပုဒ်ပါပဲ။

၆။ သဘာဝနှင့်တွေ့ဆုံခြင်း

အဆိုတော်အောင်ထက်သီဆိုထားတဲ့ သီချင်းလေးပါ။ သူ့ရဲ့ “နှစ်” ဆိုတဲ့ တေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကလည်း လူငယ်တွေကြားထဲမှာ လူကြိုက်များပါတယ်။

၇။ လမ်းခွဲရင်ကောင်းမယ်

တက်သစ်စအဆိုတော် ဝိုင်းလေးရဲ့ သီချင်းဖြစ်ပါတယ်။ အဆွေးသီချင်းလေးဖြစ်တဲ့အတွက် မိုးအေးအေးလေးထဲမှာ နားထောင်လို့ကောင်းမယ့်သီချင်းလေးပါ။

၈။ နင်သိတဲ့အချစ်

လူငယ်ကြိုက်အဆိုတော် ဝေလရဲ့ သီချင်းသစ်တစ်ပုဒ်ဖြစ်ပါတယ်။ “အတုများတဲ့…မြို့” အယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

၉။ နင်ဟာ

ဒီသီချင်းကလည်း “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ဇာတ်ကားထဲက ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ပါပဲ။ MHL၊ ဘီလီလမင်းအေးနဲ့ နံရိုးတို့က ပါဝင်သီဆိုထားတဲ့သီချင်းလေးဖြစ်ပါတယ်။

၁ဝ။ ရက်စက်လိုက်တာ

အဆိုတော်ဖြိုးကြီးရဲ့ သီချင်းသစ်တစ်ပုဒ်ပါ။ သူ့ရဲ့ “ရက်စက်လိုက်တာ” တေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

WowBox က ရွေးချယ်ပေးလိုက်တဲ့ Top 10 သီချင်းတွေကို ကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ နောက်တစ်ပတ်မှာလည်း အကောင်းဆုံးတွေကို ရွေးချယ်ပေးဦးမယ့် Top 10 list ကဏ္ဍလေးကို ဖော်ပြဦးမှာဖြစ်လို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency