အချစ်

တစ်စုံတစ်ယောက်ကို ရင်ထဲကတကယ်ချစ်မိလာတဲ့အခါ လူတွေရဲ့အကျင့်ပုံစံလေးတွေ ပြောင်းလဲတတ်တာတွေကို လေ့လာသူတွေက ဘာကြောင့်လဲဆိုတာ အဖြေရှာကြပါတယ်။
ချစ်တတ်လာတဲ့သူတွေရဲ့ ဟော်မုန်းအပြောင်းအလဲက သူတို့ရဲ့စိတ်ခံစားချက်တွေနဲ့ အပြုအမူတွေကိုပါ ပြောင်းလဲလာစေတာဖြစ်ပါတယ်။

Wowbox တို့ပြောပြချင်တာက သိပ္ပံပညာရှင်တွေလေ့လာတွေ့ရှိခဲ့တဲ့ လူတွေချစ်တတ်လာတဲ့အခါ ပြောင်းလဲလာတတ်တဲ့ သဘောသဘာဝအပြုအမူလေးတွေ အချို့ကိုပဲဖြစ်ပါတယ်။

** ချစ်တတ်လာတဲ့သူတွေက အရက်သောက်သလိုပါပဲတဲ့။ ဒါကဘယ်လိုလဲဆိုရင် လူတွေက ဝိုင်အနည်းငယ်လောက် ဝင်သွားတဲ့အခါ စကားပြောကောင်းလာတာ၊ လုပ်ရဲကိုင်ရဲသတ္တိရှိလာတာ၊ ဆိုရှယ်ကျလာတဲ့ အဓိပ္ပာယ်မျိုးကို ဆိုလိုတာဖြစ်ပါတယ်။ အဲလိုပါပဲ အချစ်နဲ့တွေ့သွားတဲ့အခါ အရာရာမှာ သတ္တိရှိသွားသလိုပါ။

** တကယ်ချစ်တတ်လာတဲ့အခါ ကိုယ်အလေးချိန်ကျတာ ၊ တက်တာတွေလည်း ဖြစ်လာပါတယ်။ ချစ်သူရည်းစား စုံတွဲတွေတော်တော်များများက ချစ်တာအချိန်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန်တွေ တိုးလာတတ်ပါတယ်။ ဖြစ်နိုင်တာကတော့ ချစ်သူအတွဲတွေ စားသောက်ဆိုင်၊ ဘားတွေကို မကြာခဏသွားရောက်တတ်တာဒါမှမဟုတ် ခန္ဓာကိုယ်ကစွမးအင်တွေအသုံးပြုဖို့အတွက် ခက်ခက်ခဲခဲကြိုးစားနေရာတာကြောင့်ပါ။ စိတ်ချမ်းသာတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ စုံတွဲတွေဟာဆိုရင်လည်း ကိုယ်အလေးချိန်ဝလာတတ်ပါတယ်။

** စကားအပြောအဆိုတွေပြောင်းလဲလာတယ်။ ကိုယ့်ချစ်သူနဲ့ဖုန်းပြောတဲ့လေသံနဲ့ အခြားသူတွေကို စကားပြောတဲ့လေသံတွေကအစ မတူနိုင်ပါဘူး။ ကိုယ်တကယ်ချစ်တဲ့သူအပေါ်မှာဆိုရင် စကားသံအပြောအဆိုကအစ လူတွေက ပြောင်းလာပါတယ်။

** တကယ်ချစ်တဲ့အခါ အဲဒီလူအပေါ်စွဲစွဲလမ်းလမ်းဖြစ်လာပြီး သူနဲ့အချိန်တွေကို ပိုပြီးကုန်ဆုံးချင်လာပါတယ်။ ကိုယ့်အနားက သူငယ်ချင်းတွေက “မင်းက သက်သက်စွဲလမ်းနေတာ ရူးနေတာပါကွာ” လို့ပြောရင်တောင်မှ ဂရုစိုက်ဘဲ သူနဲ့တွေ့ဖို့အကြောင်းတွေကိုပဲ စဉ်းစားနေတတ်ပါတယ်။

** အချစ်နဲ့တွေ့တဲ့လူတစ်ယောက်က တစ်ခါတလေညအိပ်ရင်တောင် ကောင်းကောင်းအိပ်မပျော်နိုင်ပါဘူး။ ဘာလို့လဲဆိုရင် အိပ်ရာထဲမှာလည်း အဲဒီလူရဲ့အကြောင်းတွေ စဉ်းစားနေတတ်တာကြောင့်ပါ။

** ဇောချွေးတွေပြန်လာမယ်၊ နှလုံးသားတွေခုန်လာမယ်၊ မျက်နှာတွေရဲလာမယ် ဒါကကိုယ်ချစ်တဲ့သူနဲ့တွေ့တဲ့အခါ ဖြစ်လာတတ်တဲ့ လက္ခဏာရပ်တွေပါ။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကိုယ် ရှက်သွေးဖြာအောင် လုပ်နိုင်ပြီဆိုရင်တော့ ကိုယ့်ဘက်သသူ့ကို ချစ်နေလို့ပါတဲ့။

** ကိုယ်ချစ်တတ်လာတဲ့အခါ ကဗျာတွေစာတွေဖွဲ့နွဲ့တတ်လာပြီး သိပ်ကိုမှရိုမန်းတစ်ဆန်လာတတ်ပါတယ်။ ကိုယ့်ချစ်သူကို ဘယ်လိုလက်ဆောင်လေးတွေ၊ ပန်းစည်းလေးတွေပေးတတ်လာကလည်း တကယ်ချစ်တတ်လာလို့ပါ။

** အချစ်ဆိုတာသိပ်ကို ချိုမြိန်တယ်လို့ ခံစားရစေနိုင်ပါတယ်။ အချစ်အတွကိုရင် အရာရာပေးဆပ်ရဲပြီး သတ္တိတွေလည်း ရှိလာစေနိုင်ပါတယ်တဲ့။

ဒါဆို Wowbox ရဲ့ပရိသတ်တွေထဲမှာရော အချစ်နဲ့တွေ့တဲ့သူတွေ ရှိနေပြီလား။ Wowbox တို့ကတော့ အချစ်ကိုရှာတုန်းပါ.. ဟိဟိ

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency