happen once day

Words
148
Reading
1 min
8y
Listen to this post
~1 min

image

လူတွေရဲ့တစ်နေ့တာမှာ ပျော်ရတဲ့အချိန်၊ စိတ်ညစ်ရတဲ့အချိန်တွေ ရောထွေးနေပါတယ်။
ဒါပေမယ့် လူတိုင်းကတော့ ပျော်ရွှင်မှုကိုလိုချင်ရက်နဲ့ ပူဆွေးသောကရောက်ရတာတွေ၊
ဝမ်းနည်းနေရတာတွေကို ကြုံတွေ့နေရပါတယ်။ တကယ်တော့ ပျော်ရွှင်ခြင်းဆိုတာ
ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ပျော်ရွှင်ဖို့အတွက် သင်ရွေးချယ်လိုက်ပြီဆိုတာနဲ့ ပျော်ရွှင်ခြင်းကို
ခံစားလို့ရပါပြီ။ ဒီတော့ အခုပဲ ပျော်ရွှင်ဖို့ ရွေးချယ်ပြီး ပျော်စရာကောင်းမယ့် နေ့တစ်နေ့ကို
ဖြတ်သန်းလိုက်ရအောင်..

(၁) အပြုံးနဲ့စလိုက်ပါ။ နေ့တစ်နေ့ရဲ့အစကို အပြုံးနဲ့စလိုက်ပြီဆိုတာနဲ့
အဲဒီ့နေ့လေးဟာ သင့်အတွက် မင်္ဂလာရှိနေတော့မှာ ဖြစ်ပါတယ်။ အများကြီးမလိုပါဘူး။
မနက်နိုးလို့ မျက်လုံးနှစ်လုံးဖွင့်ပြီဆိုတာနဲ့ ပြုံးလိုက်ပါ။ အားမရသေးရင် မှန်ရှေ့ကိုသွားပြီး
ကိုယ့်အပြုံးကိုယ် ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။ ပြီးတာနဲ့ ဒီနေ့တစ်နေ့လုံးမှာ ဘာတွေပဲကြုံလာကြုံလာ
အကောင်းဆုံးရင်ဆိုင်မယ်လို့ ဆုံးဖြတ်လိုက်ပါ။

(၂) နှုတ်ဆက်လိုက်ပါ။ မိုးလင်းတာနဲ့ နှုတ်ဆက်သင့်တဲ့သူတွေကို
လိုက်နှုတ်ဆက်ပါ။ အရင်ဆုံးနှုတ်ဆက်ရမယ့်သူက သင့်ကိုယ်သင်ပါပဲ။ ဒီတော့ အိပ်ရာပေါ်ကနေ
လန်းလန်းဆန်းဆန်း ထတော့မယ်ဆိုတာနဲ့ မျက်နှာသစ်ရင်း မှန်ရှေ့မှာ သင့်ကိုယ်သင် နှုတ်ဆက်လိုက်ပါ။
ပြီးတာနဲ့ သင့်အိမ်သားတွေကို အပြုံးနဲ့ ဆီးကြိုနှုတ်ဆက်လိုက်ပါ။ သင့်ရဲ့ လန်းဆန်းတက်ကြွမှုတွေဟာ
တစ်ဖက်သားကိုတောင် ကူးစက်သွားမှာပါ။

(၃) တရားထိုင်ပါ။ တရားထိုင်ပါဆိုလို့ ဘုရားစင်ရှေ့မှာ
နာရီဝက်လောက် တရားမှတ်ခိုင်းတာကို ပြောတာမဟုတ်ပါဘူး။ ငါးမိနစ်၊ ဆယ်မိနစ်လောက်ဖြစ်ဖြစ်
သင့်စိတ်ငြိမ်အောင် လုပ်နိုင်ရင်ကို ရပါပြီ။ မျက်လုံးလေးမှတ်ပြီး အတွေးတွေကို စုစည်းထားခြင်းဖြင့်
သင့်ရဲ့အာရုံစူးစိုက်မှုကိုလည်း ပိုပြီး အားကောင်းလာစေမှာ ဖြစ်သလို သင့်ရဲ့တစ်နေ့တာကိုလည်း
အကောင်းဆုံးဖြတ်သန်းနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။

(၄) ရွေးချယ်ပါ။ ပြီးရင် ဒီနေ့မှာ
သင်လုပ်ရမယ့်အလုပ်တွေအကြောင်း တစ်ချက်စဉ်းစားကြည့်လိုက်ပါ။ တစ်ချို့အလုပ်တွေက
အဆင်ပြေနိုင်ပေမယ့် တစ်ချိုကတွေကျ သင့်အတွက် အခက်အခဲသဖွယ်ခံစားနေပါလိမ့်မယ်။
အခက်အခဲတွေအတွက် စိုးရိမ်ပူပန်မနေပါနဲ့။ ဖြစ်မှဖြစ်ပါ့မလားလို့လည်း တွေးမနေပါနဲ့။ ပေါ့ပေါ့ပါးပါးနဲ့ပဲ
ဘယ်လိုမျိုးရင်ဆိုင်နိုင်မလဲဆိုတာကိုပဲ တွေးလိုက်ပါ။ ဖြစ်လာသမျှဟာ အကောင်းဆုံးရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့တင်
လုံလောက်နေပါပြီ။

(၅) သေးသေးလေးတွေကို ခံစာလိုက်ပါ။ သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ
မစခင်မနက်ခင်းအချိန်လေးမှာ သေးသေးလေးတွေကိုကြည့်ပြီး ပျော်ရွှင်ခြင်းတွေကို ခံစားလို့ရနိုင်ပါတယ်။
ပြောရရင်တော့ အိမ်က ကြောင်လေးတွေ ဆော့နေတာကိုကြည့်ပြီး ကြည်နှုးတာတို့၊ ရပ်ကွက်ထဲက
ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းသွားနေတဲ့မြင်ကွင်းတို့။ စသဖြင့်ပေါ့။ ဒီလိုအသေးအဖွဲလေးတွေကို
ခံစားရင်း ကိုယ်လည်း အပျော်ဓါတ်တွေ ကူးစက်လာစေပါတယ်။

(၆) လေ့ကျင့်ခန်းလုပ်ပါ။ မနက်ခင်းမှာ
လေ့ကျင့်ခန်းလုပ်တာဟာ သင့်ရဲ့စိတ်ကိုရော၊ လူကိုပါ လန်းဆန်းတက်ကြွစေပါတယ်။ သင့်စိတ်မှာ
ဖိအားတစ်ခုခုရှိခဲ့မယ်ဆိုရင် ထွက်ပေါက်အဖြစ်လည်း လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။

happen once day | Ecency