နင်လိုရင်ဘဝတစ်ခုလုံးပေးမှာပါ

piano_571968_640.jpg
score

လှပတဲ့ ဘဝတစ်ခုကို တည်ဆောက်မယ်လို့ စိတ်ကူးမိလေးတိုင်းမှာ ရင်ထဲ တဆစ်ဆစ် နာကျင်မိတယ် အတိတ်တွေကို တူးဆွမိတိုင်းမှာ သက်ပြင်းမောတွေ ခါခါချရင်းနဲ့ အလွမ်းမမည်တဲ့ သတိရ တမ်းတခြင်းတွေက ရင်ထဲ လှိုက်မောနေစေခဲ့ အရာရာ ပြီးဆုံးသွားလည်း အတိတ်ကို မေ့မထားခဲ့နိုင်ခဲ့ အသိတွေ မကြွယ်သေးတဲ့ နုနယ် နှလုံးအိမ်ထဲ စူးစိုက်ဖူးတဲ့ မြှားတစ်ချောင်း အဆိပ်တက်နေဆဲပါဘဲ
အချိန်တွေက တဖြည်းဖြည်းပဲ့ကြွေလာသည့်တိုင် ဒဏ်ရာတွေက ပျောက်ပျက်မသွားနိုင်ခဲ့ပါ
မတူညီခြင်းတွေကို ညီစေမင်းလို့ အခါခါ ဆိုငြီးဖူးပေမယ့် ဂတိတွေ မတည်နိုင်ခဲ့ကြပါဘူး
နှလုံးသားတွေ အစိပ်စိပ်ကွဲကြေတာကဘဲ ဘဝရဲ့ အမှတ်တရတွေအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လေ
အမှားတွေအတွက် တောင်းပန်ချင်ခဲ့တယ် ကိုယ့်အမှားတွေလို့ သိစေချင်ခဲ့တယ် အထင်အမြင်နဲ့ လက်တွေ့ ဘဝတွေက မတူညီနိုင်ခဲ့တာ အပြစ်တစ်ခုဖြစ်စေခဲ့တယ်လေ
တကယ်ကို အသင့်ပြင်ထားခဲ့ဖူးပါတယ် ကိုယ်ပိုင်တဲ့ အရာအားလုံးကို ကြည်ဖြစွာ ပေးဆပ်လိုက်ချင်ရဲ့ အရာရာကို မငြင်းဘဲ ပေးဆပ်လိုက်လျောပေးခဲ့ချင်တာပါ
နင်ပျော်ရျွင်စေဖို့အတွက်ပေါ့ ဒါပေမယ့်လည်းလေ အခြေအနေတွေက ထင်သလို မှ ဖြစ်မလာတာ အစီစဉ်တကျ ဘာတစ်ခုမှဖြစ်မလာနိုင်ခဲ့ပါဘူး
အတူရှိစဉ်အခါတွေတိုင်း နင့်စေရာကို လိုက်ပါစီးမျောပေးခဲ့တာပါချစ်သူရယ်
နင့်စကားနင့် အမိန့်လို့ အရာရာကို ဦးညွှတ်ရင်း မငြင်းကွယ်ခဲ့ပါဘူး
နင်လိုရင်လေ ငါ့ဘဝတစ်ခုလုံးပေးဖို့ အသင့်ပါဘဲ
နောက်ဆုံးတော့လည်း နင်မလိုအပ်တဲ့ ငါ့ဘဝက အဝေးကို ထွက်သွားလိုက်ရတာပါဘဲ နင့်အတွက် ပိုမိုကောင်းမွန်တဲ့ တေးသံဇဉ်လေးတွေ သီဖွဲ့ပေးနိုင်သူက ရောက်လာခဲ့တယ်မဟုတ်လား နင့်ရွေးချယ်ခွင့်အောက်မှာဘဲ ဇာတ်လမ်းလေးက အဆုံးသက်သွားစေခဲ့တယ် ဒါတွေအားလုံးကို နင်မသိလိုက်ရပါဘဲ ပြီးဆုံးသွားတယ်လေ ပြန်တွေးတိုင်း အသစ်က ပြန်စလိုက်ချင်မိတယ်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center