ဟန်ချက်ပျက်တဲ့ အလွဲများ ၂

zzo(40)
Published in
#esteem
Words
73
Reading
1 min
Listen
Play
9y

image

ထိုမျှလောက်အကျင့်စာရိတ္တပိုင်းဆိုင်ရာတွင်တိုးခဲ့သည့်
မြန်မာပြည်သည်ယနေ့တွင်တော့ လုံခြုံမှုအားနည်းလာ
လေပြီ။ဘယ်နေရာတွင်တော့ ပိုက်ဆံအိပ်အလုခံရသည်
ဘယ်မှာတော့ သက်ငယ်မုဒိန်းမှုတွေများလာသည်။
ထိုအရာများသည်တစ်နေ့ထက်တစ်နေ့ မကြားချင်အဆုံး
မုန့်လုံးစက္ကူကပ်နေကြသည်။ခက်သည်က ထိန်းချုပ်ရာ
၌လည်းခနပင်ရခြင်းဖြစ်လေသည်။အမှန်ကတော့
အကျင့်စာရိတ္တပိုင်းဆိုင်ရာကိုပြန်လည်ဖြည့်တင်းပေး
ပါမှ ပြန်လည်ကောင်းမွန်လာမည့်အဖွဲ့အစည်းဖြစ်၏
ထို့ကြောင့်မည်ကဲ့သို့ လှုပ်ရှားရမည်ကို အထူးမပြော
ရပဲ သိကြပြီးဖြစ်မည်ထင်၏။အနောက်နိုင်ငံယဉ်ကျေး
မှုများနှင့် မြန်မာတို့၏ထက်မြတ်သော စိတ်ဓာတ်တို့
ပေါင်းဆုံလိုက်သောအခါ ကောင်းသည်ဆိုပါက
အထွဋ်ထိပ်သို့ရောက်အောင်ကောင်းကြသည်ရှိကြသလို
ဆိုးပြီဆိုပါက ကမ္ဘာ့နာမည်ကြီး လူဆိုးလူမိုက်ကြီးများ
မှီနိုင်မည်မထင်ပေ။အဲသလောက်ဖြစ်နိုင်သည့် မြန်မာ
တို့၏ ခွန်အားပင်ဖြစ်လေသည်။

ထိုမွ်ေလာက္အက်င့္စာရိတၱပိုင္းဆိုင္ရာတြင္တိုးခဲ့သည့္
ျမန္မာျပည္သည္ယေန႕တြင္ေတာ့ လုံၿခဳံမႈအားနည္းလာ
ေလၿပီ။ဘယ္ေနရာတြင္ေတာ့ ပိုက္ဆံအိပ္အလုခံရသည္
ဘယ္မွာေတာ့ သက္ငယ္မုဒိန္းမႈေတြမ်ားလာသည္။
ထိုအရာမ်ားသည္တစ္ေန႕ထက္တစ္ေန႕ မၾကားခ်င္အဆုံး
မုန႔္လုံးစကၠဴကပ္ေနၾကသည္။ခက္သည္က ထိန္းခ်ဳပ္ရာ
၌လည္းခနပင္ရျခင္းျဖစ္ေလသည္။အမွန္ကေတာ့
အက်င့္စာရိတၱပိုင္းဆိုင္ရာကိုျပန္လည္ျဖည့္တင္းေပး
ပါမွ ျပန္လည္ေကာင္းမြန္လာမည့္အဖြဲ႕အစည္းျဖစ္၏
ထို႔ေၾကာင့္မည္ကဲ့သို႔ လႈပ္ရွားရမည္ကို အထူးမေျပာ
ရပဲ သိၾကၿပီးျဖစ္မည္ထင္၏။အေနာက္နိုင္ငံယဥ္ေက်း
မႈမ်ားႏွင့္ ျမန္မာတို႔၏ထက္ျမတ္ေသာ စိတ္ဓာတ္တို႔
ေပါင္းဆုံလိုက္ေသာအခါ ေကာင္းသည္ဆိုပါက
အထြဋ္ထိပ္သို႔ေရာက္ေအာင္ေကာင္းၾကသည္ရွိၾကသလို
ဆိုးၿပီဆိုပါက ကမာၻ႔နာမည္ႀကီး လူဆိုးလူမိုက္ႀကီးမ်ား
မွီနိုင္မည္မထင္ေပ။အဲသေလာက္ျဖစ္နိုင္သည့္ ျမန္မာ
တို႔၏ ခြန္အားပင္ျဖစ္ေလသည္။

ဆက်လက်ဖတ်ရှုကြပါအုံး

author zzo@zzo ( photo = google.com)

ဟန်ချက်ပျက်တဲ့ အလွဲများ ၂ | Ecency