ချစ်ခြင်းဘက်ပြိုင် မက်မနိုင်ဘူး

zzo(40)
Published in
#busy
Words
111
Reading
1 min
Listen
Play
8y

16-53-12-friends-fingers.jpg

အစွဲလမ်းက ဖြတ်တောက်ဖို့ခက်တယ်
ချစ်မိတဲ့နှလုံးသားတစ်စုံကို အပြစ်ပေးဖို့ကျပ်တယ်
စဉ်းစားမိတဲ့ အတွေးတစ်စုံက အမြစ်တွယ်
အိုဘယ်လိုလုပ်ရမလဲ အချစ်ရယ်
ငြီးတွားနေလို့လဲ မဖြစ်တယ်
အဖြေကိုရှာဖို့ လစ်မယ်
လမ်းဘေးနားက ဦးတုတ်ကြီးလ္ဘက်ရည်ဆိုင်ကွယ်
အပြောချိုချို မနောပိုပြီလို့ ထင်ကာရှိသေးပေမဲ့
အချစ်ချိုချို ကနေ တမာလိုခါးချင်နေသော
တစ်စိမ်းပြဿနာတွေက ဆက်လက်ရှုပ်ဆဲပေါ့
အမြဲမနေတဲ့ အစွဲသေနေသော မျက်ဝန်းတစ်စုံ
ချစ်ခြင်းအကြည့်မှာ မြင်ချင်းမတွေ့ရတဲ့
ခွဲခွာခြင်းအိမ်မက်များဟာ အမြဲခြောက်လှန့်နေတယ်
ငါ့နှယ့် စိတ်ပျက်ညီးညူခြင်းများစွာဟာ
မျက်ဝန်းတစ်စုံကနေ ပြောလို့လဲ မဖြစ်ပြန်တော့
ခွဲခွာခြင်းဆိုတာ ပဝါတစ်ဖက်ဆီက အလွာလေးများလို
လေတိုက်တိုင်း မခြားတော့ဘူးလေ
ဟိုဟို သည်သည် အပြုံးမျက်နှာများလည်းမရှိ
အမုန်းမျက်နှာတွေသာ ပကတိအရှိတရား
ချစ်ခြင်းမေတ္တာဆိုတာ ဘယ်မှာသွားထားလဲမသိပေ
အော်လောကကြီးက မျက်နှာလိုက်ပါကော
အော် ချစ်ခြင်းသဘောနဲ့ လောကဓံရယ်...။

18-15-55-3c67e02bb434349746fe3e70e3310521_parent-teacher-meeting-clipart-kid-clipartingcom-parent-meeting-clipart_973-799.jpeg

ခ်စ္ျခင္းဘက္ၿပိဳင္ မက္မနိုင္ဘူး

အစြဲလမ္းက ျဖတ္ေတာက္ဖို႔ခက္တယ္
ခ်စ္မိတဲ့ႏွလုံးသားတစ္စုံကုိ အျပစ္ေပးဖို႔က်ပ္တယ္
စဥ္းစားမိတဲ့ အေတြးတစ္စုံက အျမစ္တြယ္
အိုဘယ္လိုလုပ္ရမလဲ အခ်စ္ရယ္
ၿငီးတြားေနလို႔လဲ မျဖစ္တယ္
အေျဖကုိ႐ွာဖို႔ လစ္မယ္
လမ္းေဘးနားက ဦးတုတ္ႀကီးလၻက္ရည္ဆုိင္ကြယ္
အေျပာခ်ိဳခ်ိဳ မေနာပုိၿပီလို႔ ထင္ကာ႐ွိေသးေပမဲ့
အခ်စ္ခ်ိဳခ်ိဳ ကေန တမာလိုခါးခ်င္ေနေသာ
တစ္စိမ္းျပႆနာေတြက ဆက္လက္႐ႈပ္ဆဲေပါ့
အျမဲမေနတဲ့ အစြဲေသေနေသာ မ်က္ဝန္းတစ္စုံ
ခ်စ္ျခင္းအၾကည့္မွာ ျမင္ခ်င္းမေတြ႔ရတဲ့
ခြဲခြာျခင္းအိမ္မက္မ်ားဟာ အျမဲေျခာက္လွန္႔ေနတယ္
ငါ့ႏွယ့္ စိတ္ပ်က္ညီးညဴျခင္းမ်ားစြာဟာ
မ်က္ဝန္းတစ္စုံကေန ေျပာလို႔လဲ မျဖစ္ျပန္ေတာ့
ခြဲခြာျခင္းဆိုတာ ပဝါတစ္ဖက္ဆီက အလြာေလးမ်ားလို
ေလတုိက္တုိင္း မျခားေတာ့ဘူးေလ
ဟုိဟုိ သည္သည္ အျပဳံးမ်က္ႏွာမ်ားလည္းမ႐ွိ
အမုန္းမ်က္ႏွာေတြသာ ပကတိအ႐ွိတရား
ခ်စ္ျခင္းေမတၱာဆိုတာ ဘယ္မွာသြားထားလဲမသိေပ
ေအာ္ေလာကႀကီးက မ်က္ႏွာလုိက္ပါေကာ
ေအာ္ ခ်စ္ျခင္းသေဘာနဲ႔ ေလာကဓံရယ္...။

Poem Writer zzo@zzo

Image google.com@google.com

ချစ်ခြင်းဘက်ပြိုင် မက်မနိုင်ဘူး | Ecency