အိမ်မက်တို့ မနှိပ်စက်ပါစေနဲ့

zzo(40)
Published in
#busy
Words
81
Reading
1 min
Listen
Play
8y

11-01-48-8b99986d3bb26a0d2461b1bbaa0fb9b7--beauty-portrait.jpg

နန်းတော်ထဲမှာ တစ်ယောက်ထဲနေရသည့်ပျင်းရိသည့်
ဘဝရယ်ကို ပုံစံတူသကဲ့သို့ရှိချေသောကြောင့်
အမှန်ပင်မစာနာတတ်သူဟူ ပြောလိုက်ချင်တော့၏
သို့သော် သူ့မှာလည်းအခက်ခဲများလွန်စွာရှိသည်
ဖြစ်ပြန်တော့ ကိုယ့်မှာလည်းအလျော့ပေးရသည်နှယ်
ရှိပြန်ချေသေးတော့သည်။ကိုယ့်မှာကသူ့လိုပင်
မစိုမစွတ်မချွတ်မတန်ဘဝတစ်ခုရှိသေးသည်
မဟုတ်ပါလားလေ အပျော်အရွှင်ဘဝတွေနဲ့
မနေချင်ပေမဲ့လည်း မိမိမှာအလွန်ဆိုးဝါးသော
ဘဝအခံရှိခဲ့လေတော့ ဘာမှပြောပလောက်အောင်
ဘဝကမသာယာပါတော့ချေတကား ထိုကြောင့်ပင်
မိမိ၏နေ့သစ်များကိုဖြတ်သန်းချင်လှသောကြောင့်
မအောင်မြင်ပါဟုတားသည့်ကြားမှပင်ဇွတ်တိုးကာ
ရှာဖွေလေတော့သည်။လူဆိုသည်မှာ မလုပ်စေချင်
သည်ကိုမှ ရဲရဲတင်းတင်းလုပ်ချင်သည့်သဘောရှိပေ
သည်မဟုတ်ပါလားလေ။အောင်မြင်လျှင်တော့
ကိစ္စမရှိသော်လည်း မအောင်မြင်သည့်အခါမျိုးမှာ
မိမိပင်ဘဝပျက်ဖွယ်ရာရှိတော့သည်မို့ စိတ်အလို
လိုက်လို့ကလည်းမဖြစ်ပြန်ချေသေးပင်ထို့ကြောင့်
မိမိ၏ဘဝအလိုကိုပင် ပြန်လည်ကာပြင်ဆင်ရင်း
ရှိသောအချိန်လေးတစ်ခုကို စောင့်မျှော်ကြည့်ရှူ
ရပါတော့မည်တကား......။

08-24-11-8abe84c40cfbb1065ccdcf2ded84d065--long-hair-drawing-girl-face-drawing.jpg

အိမ္မက္တို႔ မႏွိပ္စက္ပါေစနဲ႕

နန္းေတာ္ထဲမွာ တစ္ေယာက္ထဲေနရသည့္ပ်င္းရိသည့္
ဘဝရယ္ကို ပုံစံတူသကဲ့သို႔ရွိေခ်ေသာေၾကာင့္
အမွန္ပင္မစာနာတတ္သူဟူ ေျပာလိုက္ခ်င္ေတာ့၏
သို႔ေသာ္ သူ႕မွာလည္းအခက္ခဲမ်ားလြန္စြာရွိသည္
ျဖစ္ျပန္ေတာ့ ကိုယ့္မွာလည္းအေလ်ာ့ေပးရသည္ႏွယ္
ရွိျပန္ေခ်ေသးေတာ့သည္။ကိုယ့္မွာကသူ႕လိုပင္
မစိုမစြတ္မခြၽတ္မတန္ဘဝတစ္ခုရွိေသးသည္
မဟုတ္ပါလားေလ အေပ်ာ္အ႐ႊင္ဘဝေတြနဲ႕
မေနခ်င္ေပမဲ့လည္း မိမိမွာအလြန္ဆိုးဝါးေသာ
ဘဝအခံရွိခဲ့ေလေတာ့ ဘာမွေျပာပေလာက္ေအာင္
ဘဝကမသာယာပါေတာ့ေခ်တကား ထိုေၾကာင့္ပင္
မိမိ၏ေန႕သစ္မ်ားကိုျဖတ္သန္းခ်င္လွေသာေၾကာင့္
မေအာင္ျမင္ပါဟုတားသည့္ၾကားမွပင္ဇြတ္တိုးကာ
ရွာေဖြေလေတာ့သည္။လူဆိုသည္မွာ မလုပ္ေစခ်င္
သည္ကိုမွ ရဲရဲတင္းတင္းလုပ္ခ်င္သည့္သေဘာရွိေပ
သည္မဟုတ္ပါလားေလ။ေအာင္ျမင္လွ်င္ေတာ့
ကိစၥမရွိေသာ္လည္း မေအာင္ျမင္သည့္အခါမ်ိဳးမွာ
မိမိပင္ဘဝပ်က္ဖြယ္ရာရွိေတာ့သည္မို႔ စိတ္အလို
လိုက္လို႔ကလည္းမျဖစ္ျပန္ေခ်ေသးပင္ထို႔ေၾကာင့္
မိမိ၏ဘဝအလိုကိုပင္ ျပန္လည္ကာျပင္ဆင္ရင္း
ရွိေသာအခ်ိန္ေလးတစ္ခုကို ေစာင့္ေမွ်ာ္ၾကည့္ရႉ
ရပါေတာ့မည္တကား......။

Writer zzo@zzo

Image At google.com@google.com

အိမ်မက်တို့ မနှိပ်စက်ပါစေနဲ့ | Ecency