At the Time!

zzo(40)
Published in
#poem
Words
42
Reading
1 min
Listen
Play
9y

image

အိမ်မက်ဆန်တဲ့ ဖြစ်ရပ်တစ်ခုလို့ သတ်မှတ်ဖို့ရာ
အတိတ်ကဖြစ်ခဲ့တာလို့ ငြင်းဆိုဖို့ရာ
အနာဂတ်မှာ ဖြစ်မှာပါလို့ ဟောကိန်းထုတ်ဖို့ရာ
ကို့ရဲ့အဝေးကြီးမှာဆိုပြီး တွန်းထုတ်လိုက်ဖို့ရာ
ကိုနဲ့ မဆိုင်ဘူးဆိုရုံနဲ့ ပြီးမသွားဖို့ရာ
အကြံစည်တွေအောင်မြင်ဖို့ရာ
အနာဂတ်တွေလှပဖို့ရာ
ကို့ဆန္ဒတွေ ပြည့်စုံဖို့ရာ
အေးချမ်းသော နေရာမှာ တိတ်ဆိတ်စွာ
စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ရာ
စိတ်ဆင်းရဲမှုတွေကနေလွတ်မြောက်ပြီး
အောင်မြင်ပျော်ရွှင်မှုတွေဆီသို့ ရောက်နိုင်ဖို့ရာ
တစ်ခါတစ်လေ ငြိမ်းချမ်းမှုရပြီး
တစ်ခါတစ်လေ ငြူစူမှုတွေနဲ့ ဝေးနိုင်ဖို့ရာ
အရာရာကို အောင်နိုင်သူတစ်ယောက်၏
နှလုံးသားကဲ့သို့ ထွင်းဖောက်ကြည့်နိုင်ဖို့ရာ
အခုချိန်ရဲ့ စိတ္တဇညတွေကို ဖြတ်ကျော်ဖို့ရာ
အခုငါနေတဲ့နေရာကနေ စောင့်နေမယ်......။

Author by zzo@zzo