အေးမြချင်းကို ယူဆောင်ပါ

zzo(40)
Published in
#esteem
Words
95
Reading
1 min
Listen
Play
9y

image

တစ်ခါတစ်ရံ ပူလောင်မယ် တစ်ခါတစ်ရံ အေးမြမယ်
ပြုံးတစ်လှည့် ငိုတစ်ခါ လောကဓံကို ဖြတ်သန်းရာဝယ်
ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ မလျော့သောဇွဲတို့ကို
ဖြောင့်မတ်အောင် ကိုယ်တတ်တဲ့ပညာနဲ့ထူထောင်ကွယ်
အမှန်တရားကို လူတိုင်းကြိုက်၏
အမှန်တရားကို လူတိုင်းနှစ်သက်၏
အမှန်တရားကို လူတိုင်းချစ်၏
ကြိုက်ချင်း နှစ်သက်ခြင်း ချစ်ခြင်းတို့၏ သဘောတရား
မကြိုက်သော မနှစ်သက်သော မချစ်သော
အရာတို့အား ဘေးမှာထား
တနေ့ နေဝင်ချိန်ရောက်ခဲ့ရင် သို့မဟုတ် မရောက်နိုင်ရင်
သင်သယ်ဆောင်သွားမဲ့ အရာကို ရေတွက်သွား
ကောင်းဆိုးနှစ်ခု ကွဲအောင်ထုချေလိုက်ပြီး
မြင်တိုင်းအရာ မေတ္တာထားသောအခါ
အေးမြခြင်းဟာ ယူဆောင်လာမှာ
ဒါဟာ နှလုံးသားရဲ့ ဆန္ဒတစ်ခုပါ.........။

image

တစ္ခါတစ္ရံ ပူေလာင္မယ္ တစ္ခါတစ္ရံ ေအးျမမယ္
ၿပဳံးတစ္လွည့္ ငိုတစ္ခါ ေလာကဓံကို ျဖတ္သန္းရာဝယ္
ခိုင္မာတဲ့ စိတ္ဓာတ္နဲ႕ မေလ်ာ့ေသာဇြဲတို႔ကို
ေျဖာင့္မတ္ေအာင္ ကိုယ္တတ္တဲ့ပညာနဲ႕ထူေထာင္ကြယ္
အမွန္တရားကို လူတိုင္းႀကိဳက္၏
အမွန္တရားကို လူတိုင္းႏွစ္သက္၏
အမွန္တရားကို လူတိုင္းခ်စ္၏
ႀကိဳက္ခ်င္း ႏွစ္သက္ျခင္း ခ်စ္ျခင္းတို႔၏ သေဘာတရား
မႀကိဳက္ေသာ မႏွစ္သက္ေသာ မခ်စ္ေသာ
အရာတို႔အား ေဘးမွာထား
တေန႕ ေနဝင္ခ်ိန္ေရာက္ခဲ့ရင္ သို႔မဟုတ္ မေရာက္နိုင္ရင္
သင္သယ္ေဆာင္သြားမဲ့ အရာကို ေရတြက္သြား
ေကာင္းဆိုးႏွစ္ခု ကြဲေအာင္ထုေခ်လိဳက္ၿပီး
ျမင္တိုင္းအရာ ေမတၱာထားေသာအခါ
ေအးျမျခင္းဟာ ယူေဆာင္လာမွာ
ဒါဟာ ႏွလုံးသားရဲ႕ ဆႏၵတစ္ခုပါ.........။

Poetry Writer By zzo@zzo

photo credit google

အေးမြချင်းကို ယူဆောင်ပါ | Ecency